ရခိုင်ပြည် အနောက်ဖက် နယ်စပ်မြို့တစ်ခုဖြစ်တဲ့မောင်တောမြို့ ကို အလုံးစုံထိမ်းချုပ်နိုင်ရေး စစ်ကောင်စီရဲ့နောက်ဆုံးလက်ကျန်စခန်းတစ်ခုဖြစ်တဲ့နယ်ခြားစောင့်တပ် နခခ (၅)ကို အာရက္ခတပ်တော်AA မှ အနီးကပ် ထိုးစစ်ဆင်တိုက်ခိုက်နေပြီး အဆုံးသတ်တိုက်ပွဲပြင်းထန်နေတယ်လို့ သတင်းရရှိပါတယ်။
စစ်ကောင်စီဟာ လက်ကျန် တစ်ခုတည်း အဖြစ်နောက်ဆုံးကျန်ခဲ့တဲ့ နခခ (၅) မြို့သူကြီးတပ်ရင်း မှာ ARSA ၊RSO တပ်ဖွဲ့တွေနဲ့ အတူ စစ်ကောင်စီတပ်ဖွဲ့ဝင်စုစုပေါင်း တစ်ထောင်ဝန်းကျင် ဟာ AAရဲ့ထိုးစစ်ကို ခုခံနေတယ် လို့လည်း စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
“တိုက်ပွဲကတော့ သူတို့ က ခြံစည်းရိုးဘန်ဘာကျင်း ထဲ က အပြင်းအထန်ခုခံနေတယ် ။ AA ဘက်က အနီးကပ် တိုးလာတယ် ။ တိုက်ပွဲထဲ နဲ့သူကြီးပတ်ဝန်းကျင်ကို ဂျက်ဖိုက်တာ၊Y12 တို့နဲ့နေရောညပါဗုံးလာကြဲတယ်။ အခုက တိုက်ပွဲအခြေအနေအနီးကပ်ဖြစ်နေပြီးတော်တော်ပြင်းထန်နေပါတယ်”ဟု လို့ သူက ပြောပါတယ်။
စစ်ကောင်စီဟာ တဖြည်းဖြည်း နောက်ဆုတ်လာတဲ့ အင်အား အားလုံးကို မြို့သူကြီးတပ်မှာ စုပေါင်းထားပြီး အခု လို ခုခံနေတာဖြစ်တယ်လို့ပြောပါတယ်။
“လေကြောင်းဗုံးကြဲလို့ မောင်တော တမြို့လုံး ကုန်ပြီ ” လို့ နောက်ထပ် စစ်ရေး သတင်းရင်းမြစ်တစ်ဉီးက ပြောပါတယ်။
မောင်တောမြို့ နယ် တစ်ခုလုံးမှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး အဲ့ဒီဒေသ မှာ နေထိုင် တဲ့ ဒေသခံ ၃၀၀၀၀ ကျော်ဟာ ဘဂ်လားဒေ့ရှ်ဘက်ကို ထွက်ပြေးသလို ရခိုင်ပြည်တွင်းက စစ်ရှောင် စခန်း တွေမှာလည်း ပြောင်းရွေ့နေထိုင်ကြပါတယ်။
အဲ့ဒီလိုပဲ တိုက်ပွဲတွင်းက နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်အများစု ဟာ သေဆုံးသူ ၊ ဘဂ်လားဒေ့ရှ် နယ်စပ်ကို ထွက်ပြေးသူ ၊ လက်နက်ချ အလံဖြူထောင်သူ အမြောက်အများရှိခဲ့တာဖြစ်ပါတယ်။
အဉ္စနလီညှင်း (လေးဝတီ FM)ရေးသည်။
Этот информационный обзор станет отличным путеводителем по актуальным темам, объединяющим важные факты и мнения экспертов. Мы исследуем ключевые идеи и представляем их в доступной форме для более глубокого понимания. Читайте, чтобы оставаться в курсе событий!
Узнать больше – https://vivod-iz-zapoya-2.ru/
вывод из запоя на дому вывод из запоя на дому .