Laywaddy FM

ရိုဟင်ဂျာ တွေ အပေါ် လူ့အခွင့်ရေး အမြတ်ထုတ်သူများ

ရိုဟင်ဂျာ တွေ အပေါ် လူ့အခွင့်ရေး အမြတ်ထုတ်သူများ

(အယ်ဒီတာ့အာဘော်)

ဘူးသီးတောင်မြို့ကို AA သိမ်းပိုက်လိုက်တဲ့ နေ့မှာ ဒေသတွင်းက လူနေ အိမ်တွေ ရဲ့ မီးလောင်မှု ဖြစ်စဉ်ကိုအကြောင်းပြုပြီး AA က ရိုဟင်ဂျာတွေကို မီးရှို့ခဲ့ပါတယ် ဆိုတဲ့ စွက်စွဲချက်တွေ ကို ရိုဟင်ဂျာအရေး တက်ကြွလှုပ်ရှားသူတွေက ပြုလုပ်ခဲ့ပါတယ်။
အဲ့ဒီလူတွေရဲ့ ပြောစရာကို ကိုးကားပြီး အလွယ်လိုက်ပြီး ကျင့်ဝတ်မစောင့်ထိမ်းတဲ့ မီဒီယာတချို့က အဲ့ဒီအတိုင်းရေးသားဖော်ပြကြပါတယ်။
ဒါအပြင် ပိုပိုသာသာလေး ဖြစ်အောင် စစ်ကောင်စီရဲ့ လူမဆန်စွာ မီးရှို့ခံရတဲ့ ရခိုင်အပါအဝင်အခြားဒေသက အရပ်သားတွေရဲ့ နေအိမ်တွေ မီးလောင်နေပုံကို ဘူးသီးတောင်မှာမီးလောင်ပါတယ်ဆိုပြီး ဒီခေတ် ဒီအခါကြီးမှာကလိမ့်စေ့ ငြမ်းဆင် တင်ဆက်နိုင်ဖို့ တော်ရုံ အရှက်မရှိယုံနဲ့ မရဘူးလို့ ပဲ ပြောရမှာပါ။

အဲ့ဒီမီဒီယာတွေ ရဲ့ ချည်းကပ်ဖြေရှင်းပုံက ရှင်းပါတယ်။ ဘူးသီးတောင် မှာ ရိုဟင်ဂျာတွေ ရှိတယ်ခေါင်းမူးခြုံထားတဲ့ အမျိုးသမီးတစ်ယောက်ရဲ့ ငိုနေတဲ့ ပုံဖြစ်ဖြစ် ၊ မီးလောင်နေတဲ့ ပုံဖြစ်ဖြစ်၊ဦးထုပ်အဖြူဆောင်ထားတဲ့ မွတ်ဆလင် တစ်ယောက်ရဲ့ သနားစရာ အခြေအနေ ကို
ဖော်နိုင်တဲ့ပုံဖြစ်ဖြစ် ရ ရင် အိုကေပြီ။
အဲ့ဒါ ရိုဟင်ဂျာပဲ ။ အဲ့ဒါ ကမန်လူမျိုးလား၊ ဒေသခံ အရပ်သား မွတ်ဆလင်လား ၊ရိုဟင်ဂျာအဖြစ်ခံယူသူလား လို့တောင် သူတို့ မခွဲခြားဘူး ။ ခွဲခြားရမှန်းလည်းမသိဘူး။ ရခိုင်မှာနေတဲ့ မွတ်ဆလင်တွေ ဆိုရင် အကုန် ရိုဟင်ဂျာပဲ။ ဗဟုသုတ အနေနဲ့ တခုပြောမယ် ရခိုင်မှာ ဒေသခံ မွတ်ဆလင် လူမျိုးတွေ ရှိတယ်ဆိုတာ အခြေခံအားဖြင့် သိထားဖို့လိုပါတယ်။ သူတို့ က သူတို့ ကို ရိုဟင်ဂျာလို့ ပြောရင်
မကြိုက်ဘူးဆိုတာ ကို ကော သိကြရဲ့လား။ သူတို့က ရိုဟင်ဂျာလို့ ခေါ်ရင် သူတို့ကို ခွဲခြားဆက်ဆံတယ်လို့ ခံစားရတယ် ဆိုတာကို ကော သိကြလား။ ဘာလို့ အဲ့လိုခံစားရလည်း ဆိုတော့ သူတို့က ဌာနေမွတ်ဆလင် လူမျိုးတွေ အဖြစ်ပဲ ခံယူချင်လို့ ၊ ရိုဟင်ဂျာ ဆိုတဲ့ အသုံးအနှုန်းနောက်မှာ မတည်ငြိမ်မှုတွေ ရှိနေလို့ ဌာနေ မွတ်ဆလင်တွေက သူတို့ကို ရိုဟင်ဂျာလို့ အမည်တပ်ရင် မကြိုက်ကြဘူး ။ ဒါကိုလည်း သိထားဖို့ လိုပါတယ်။

အဲ့ဒီတော့ အမည်နာမ အတပ်မခံ ချင်သူကို အဲ့ဒီအမည်မ ခေါ်ခြင်းဖြင့် သူ့အခွင့်အရေးကိုလည်း စောင့်ရှောက်ဖို့ သတိရကြပါစေ ။
ဒုတိယတချက်က ခလောက်ဆန်နေမှုတွေကြောင့် ရိုဟင်ဂျာ တွေ ရဲ့ နစ်နာမှုတွေ ။ အားလုံးပဲ သိတဲ့ အတိုင်းပဲ စစ်အစိုးရ အဆက်ဆက်ရဲ့ ကောင်းမှုနဲ့ ရခိုင်ဒေသမှာ ဖြစ်ခဲ့တဲ့ လူမျိုးရေး ပြသနာတွေကြောင့် ရခိုင်မှာ ရှိတဲ့ ဘာသာမတူတဲ့ လူ့အဖွဲ့အစည်း နှစ်ခုကြားမှာ ပြန်တည်ဆောက်နေခဲ့ ရတာ ဆယ်စုနှစ်ချီနေခဲ့ပြီ။

ရိုဟင်ဂျာတွေက သူတို့ကို ဒီနိုင်ငံ ဒီလူမျိုးတွေ က စွန့်ပစ်မှာ သိပ်ကြောက်ပါတယ်။ သူတို့ ရဲ့ အမည်နာမ ကို အသုံးချပြီး သူတို့ကို ရခိုင်တွေနဲ့ ရန်တိုက်မှာ သိပ်ကြောက်ပါတယ်။ အဲ့ဒီလို တခါလောက် သနားပြပြီး မျောက်ပြ ဆန်တောင်း ရင် ဒေသမှာ ရှိတဲ့ ရိုဟင်ဂျာ တွေ ဟာ
အလွန် နစ်နာပါတယ်။ သူတို့ တည်ဆောက်နေထိုင်ခဲ့တဲ့ အရာတွေ ပျက်စီးကုန်ပါတယ်။ လူကြီးမင်းတို့ စိုးရိမ်တယ် ဆိုတာ လမ်းဖြတ်ကူးရင်း တွေ့ရတဲ့ စံပါယ်ပန်းသည် ကို သနားတာလောက်ပါပဲ။

တကယ် တန်း ဒီဒေသမှာ ကူးလူးဆက်ဆံနေရတဲ့ ၊ စစ်ပွဲဒဏ်ကို အတူတကွ ခါးစီးခံနေရတဲ့ လူ့အဖွဲ့အစည်း နှစ်ခုကြားမှာ လူကြီးမင်းတို့ သိမြင်တာထက်ပိုတဲ့ အပြန်အလှန်အလေးထားမှုတွေ ရှိပါတယ်။ ဒါကို နောက်ကြောင်းပြန် ဒဏ်ရာ ဒဏ်ချက်တွေ ပေးတာကို ရခိုင်ရော ရိုဟင်ဂျာ ပါ
မလိုလားကြပါဘူး။ ရခိုင်ပြည်မှာ နေထိုင်တဲ့ ဘယ်လူမျိုးစုမှ မလိုလားကြတာ အသေအချာ ပဲ ဖြစ်ပါတယ်။ ပုံသေကားချပ်တွက်ချက်ထားပြီး ဒဏ်ရာအဟောင်းကို အစ ဖော်ဖို့ကြိုးစားချက်ဟာ အင်မတန် အန္တာရာယ်များ ပြီး လူ့ကျင့်ဝတ်ဖောက်ဖျက်တဲ့ လုပ်ရပ်ပါ။
ရိုဟင်ဂျာတွေ ကို တကယ်စာနာ ရင် သူတို့တည်ဆောက်ထားတာ ကို မဖျက်စီးပါနဲ့။ သူတို့ရဲ့ မျှော်လင့်ချက်ကို မဖျက်ဆီးပါနဲ့။ ရိုဟင်ဂျာ နဲ့ အကြမ်းဖက် တဲ့ လက်နက်ကိုင် RSO/ARSA လို အဖွဲ့တွေ ကို ခွဲခြား ရှုမြင်ပါတယ်ဆိုရင် အဲ့ အဖွဲ့က စစ်ကောင်စီ လက်ပါးစေတွေ တိုက်ပွဲ တွင်း သေဆုံးတဲ့အခါ ရိုဟင်ဂျာတွေ နစ်နာပါတယ်လို့ မအော်ပါနဲ့။

ရခိုင်တွေဘက်က လည်း လူမျိုးရေး ပဋိပက္ခဖြစ်ပြီး ရခိုင်ပြည် လွတ်မြောက်ရေး လမ်းစဉ် မဖြစ်မြောက်မှာ သိပ်ကြောက်ပါတယ်။
ဘယ်အခြေအနေကြောင့်မှ ရည်မှန်းချက်ကို သွေဖီခံစရာ အကြောင်းမရှိပါဘူး။ ဒီအခြေအနေ မှာ ဒီစွက်စွဲချက်တွေ နဲ့ သနားပြတာတွေ က ကူညီရာ လုံးဝမရောက်တဲ့ အပြင် နှစ်ဖက် ကို အမြင်စောင်းမှုတွေ တောင်ဖြစ် စေပါ တယ်။ အဆုံးသတ်ရ ရင် ဒီ Subject က မိတ်ဆွေ တို့ အတွက် သိပ် လေးနက်တယ်ဆိုတာ သေချာရင် ဒီထက်ပိုပြီး နက်နက်ရှိုင်းရှိုင်း ဆင်ခြင်သုံးသပ်ပါ။ မူလ သိခဲ့ တဲ့ အမြင်ကို update ပြန်လုပ်ပါ။
ဒီတော်လှန်ရေးဟာ မျက်နှာဖုန်းတွေ အားလုံး ဆွဲလှန်နေတဲ့ တော်လှန်ရေး ဖြစ်ပါတယ်။

လူညီရင် ဤ ကို ကျွဲဖြစ်တယ်ဆိုတဲ့ အယူအဆတွေကို တော်လှန်နေတဲ့ ပွဲ ဖြစ်ပါတယ်။ စိုက်ပျိုးသမျှ ရိတ်သိမ်းးမှာလည်းဖြစ်ပါတယ်။
လူတချို့က ဒီအမည်နာမ ကို အသုံးပြုပြီး ရပိုင်ခွင့်တွေ ရှာကြတယ် ဆိုတာ ဘယ်သူ့ကို ရှင်းပြနေစရာ မလိုတဲ့ အားလုံးသိပြီးသား ကိစ္စပါ။
တချို့ကတော့ ဒီအမည်နာမ ကိုသုံးပြီး ကိုယ် ကို ကိုယ် လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူ အဖြစ် သိဒ္ဒိတင်ထားကြပါတယ်။
ဒီအတိုင်း ဆက်သွားနေရင် ရိုဟင်ဂျာတွေ အပေါ်မှာ လူ့အခွင့်အရေး ချိုးဖောက်နေတဲ့ လူ့အဖွဲ့ အစည်း နဲ့ လူတန်းစား အစစ်က အဲ့ဒီ အမည်နာမ ကို အသုံးပြုပြီး ရပိုင်ခွင့် ရှာနေသူတွေ ၊ နိုင်ငံရေး အမြတ်ထုတ်နေသူတွေနိုင်ငံတကာ ရဲ့ အာရုံစိုက်မှု ကို ရှာနေတဲ့ အဖွဲ့တွေ ပဲ ဖြစ်ပါတယ်။

Kay Zue

Related Posts

10 thoughts on “ရိုဟင်ဂျာ တွေ အပေါ် လူ့အခွင့်ရေး အမြတ်ထုတ်သူများ

  1. I’ll immediately take hold of your rss feed as I can’t in finding your email subscription link or e-newsletter service. Do you’ve any? Kindly permit me understand in order that I may subscribe. Thanks.

  2. Hello, Neat post. There’s an issue with your web site in web explorer, would check thisK IE nonetheless is the marketplace chief and a huge component to people will omit your fantastic writing due to this problem.

  3. DOA 3 мы вынесли отдельный пост, чтобы всё важное было в одном месте и без лишней воды. Там собраны основные моменты, которые обычно волнуют игроков: что стоит учитывать перед стартом, какие детали чаще всего обсуждают по бонусным режимам, на что обращать внимание во время сессии и почему у этого слота такая “нервная” динамика. Удобно сначала прочитать пост, а потом уже прийти в группу и обсуждать конкретику – с примерами и своими результатами.

  4. Чтобы не выбирать наугад и не тратить время на “красивые витрины”, проще ориентироваться на рейтинг онлайн казино, где всё разложено по полочкам. В Telegram мы собираем подборки по разным запросам: где условия честнее, какие бонусы реально отыгрываются, где поддержка отвечает быстро, и на что обратить внимание до регистрации и депозита. Формат простой и “человечный”: короткие выводы, важные нюансы и обновления, когда что-то меняется — чтобы вы могли быстро понять, стоит ли заходить на площадку.

  5. Качественное SEO https://outreachseo.ru продвижение сайта для бизнеса. Наши специалисты предлагают эффективные решения для роста позиций в поисковых системах. Подробнее об услугах и стратегиях можно узнать на сайте

  6. Любишь азарт? pin up игровые автоматы предлагает разнообразные игровые автоматы, настольные игры и интересные бонусные программы. Платформа создана для комфортной игры и предлагает широкий выбор развлечений.

  7. Здесь доступны как классические игровые автоматы, так и современные видеослоты.
    Пинко Казино
    Платформа отличается стабильной работой и высоким уровнем безопасности.

Leave a Reply

Your email address will not be published. Required fields are marked *