Laywaddy FM

ဂွ မြို့နယ် ကင်းပုံရွာကို လေကြောင်းက ဗုံးကြဲ

ဂွ မြို့နယ် ကင်းပုံရွာကို လေကြောင်းက ဗုံးကြဲ

ရခိုင်ပြည် ဂွမြို့နယ် ကင်းပုံရွာကို နိုဝင်ဘာ ၂၄ ရက်က စစ်ကောင်စီလေကြောင်းက ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ဘုန်းကြီးကျောင်းနဲ့ ကျေးရွာအတွင်းက နေအိမ်အချို့မီးလောင်ပျက်စီးခဲ့တယ်လို့ သတင်းရ ရှိပါတယ်။

ဂွမြို့နယ် ဆပ်သွားကျေးရွာအုပ်စု အတွင်းမှာ တိုက်ပွဲတွေ ဖြစ်ပွားနေပြီး စစ်ကောင်စီဟာ ကင်းပုံကျေးရွာ ဘုန်းကြီးကျောင်းကို လေကြောင်းက တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

“နိုဝင်ဘာ ၂၄ ရက်နေ့ ညနေပိုင်းမှာပါ။ စစ်ကောင်စီ Y12 နဲ့လာပြီးဗုံးကြဲတယ်။ ဘုန်းကြီးကျောင်းကိုကျတယ် မီးလောင်တယ်။ရွာထဲကျတယ်မီးလောင်တယ်။အိမ်တွေကတော်တော်များများမီးလောင်နေတာမြင်ရတယ်” ဟု မျက်မြင် ဒေသခံက ပြောပါတယ်။

အဲ့ဒီကျေးရွာဟာ လွန်ခဲ့တဲ့ ငါးရက်ခန့်အထိ စစ်ကောင်စီ တပ်တွေတပ်ချခဲ့ပြီး ဒေသခံတွေရဲ့ ရိက္ခာတွေကို ယူဆောင်သွားခဲ့တာလည်းဖြစ်ပါတယ်။

ကင်းပုံကျေးရွာဟာ အိမ်ခြေ ၂၀၀ ခန့်ရှိပြီး ဒေသခံအချို့ဟာ စစ်ရှောင်နေကြပြီ လို့ ဆိုပါတယ်။

ကင်းပုံရွာလေကြောင်းတိုက်ခိုက်ခံရတဲ့တရက်တည်းမှာပဲ သံတွဲမြို့နယ် သစ်ငုတ်တိုရွာကို လေကြောင်းက တိုက်ခိုက်ခဲ့ပြီး စစ်ရှောင်တစ်ဉီးသေဆုံးခဲ့ပါသေးတယ်။

အမ်းချောင်းသူရေးသည်။

Kay Zue

Related Posts

78 thoughts on “ဂွ မြို့နယ် ကင်းပုံရွာကို လေကြောင်းက ဗုံးကြဲ

Leave a Reply

Your email address will not be published. Required fields are marked *