ယနေ့ Thursday, 21st November 2024
နောက်ဆုံးသတင်း

Post Widget 1

Heath Tips

  • In enim justo, rhoncus ut, imperdiet a
  • Fringilla vel, aliquet nec, vulputateDonec pede justo,  eget, arcu. In enim justo, rhoncus ut, imperdiet a, venenatis vitae, justo.Nullam dictum felis eu pede mollis pretium.

Post Widget 2

ရခိုင်ပြည် မြို့ ၁၇ မြို့ လုံး စစ်ပွဲဧရိယာ ထဲ ရောက်ရှိ ၊ စစ်ရှောင် စခန်းတွေမှာ ဒုက္ခသည်ခြောက်သိန်းအထိ တိုးလာ

ရခိုင်ပြည် မြို့ ၁၇ မြို့ လုံး စစ်ပွဲဧရိယာ ထဲ ရောက်ရှိ ၊ စစ်ရှောင် စခန်းတွေမှာ ဒုက္ခသည်ခြောက်သိန်းအထိ တိုးလာ

လေးဝတီ FM

ရခိုင်ပြည် က ပြည်နယ်မြို့ ခရိုင်မြို့တွေ အပါအဝင် မြို့အားလုံးနီးပါးဟာ စစ်ပွဲဧရိယာထဲ ကို ကျရောက်သွားပြီး မြို့ ၁၇ မြို့ လုံးက ဒေသခံ တွေဟာ ကိုယ့်နည်း ကိုယ့်ဟန် နဲ့ စစ်ရှောင်နေကြရပါတယ်။

ရခိုင်ပြည်သူတစ်ရပ်လုံးဟာ စစ်ပွဲ ဧရိယာနဲ့ လွတ်ကင်းရာကို ကိုယ့်အစီအစဉ်နဲ့ ကိုယ်တိမ်းရှောင်ကြရတာတွေ ရှိသလို ၊ စစ်ပွဲကာလအတွင်းမှာ AA ရဲ့ ထိမ်းချုပ်နယ်မြေတွေမှာ တိမ်းရှောင်ကြရတာလည်းရှိပါတယ်။

စစ်ကောင်စီဟာ ည လူခြေတိတ်ချိန်တွေ ဆိုရင် စစ်မဖြစ်သေးတဲ့ မြို့တွေရဲ့ ပတ်လည်ကို ဂျက်လေယာဉ်နဲ့ လေကြောင်းတိုက်ခိုက်တာတွေလည်း ဆက်တိုက်လုပ်ဆောင်လာတဲ့ အတွက် ဒေသခံတွေဟာ မြို့မှာမနေရဲတော့ဘဲတိမ်းရှောင်လာကြတာလည်းဖြစ်ပါတယ်။

“တိုက်ပွဲကတော့မဖြစ်သေးလေ ဒါလည်း ဗုံးချည်းပဲချနေလို့ နေကောမနေရဲကြတော့ဘူး မြို့ဟာ ‌ကောင်းခြောက်သွားပြီ” လို့တောင်ကုတ်မြို့က ထွက်ခွာလာသူ အမျိုးသမီး တစ်ဉီးက လေးဝတီ FM ကို ပြောပါတယ်။

စစ်တွေ ၊ တောင်ကုတ်၊ ကျောက်ဖြူ ၊ အမ်း စတဲ့မြို့တွေဟာ မြို့သိမ်းတိုက်ပွဲ အထိ မဖြစ်သေးပေမယ့် မြို့ပတ်ဝန်းကျင်မှာ

တိုက်ပွဲတွေဖြစ်နေသလို ၊ စစ်ကောင်စီ ရဲ့ လေကြောင်း က မကြာခဏ လာရောက် ‌ဗုံးကြဲနေ တာဖြစ်ပါတယ်။

ရခိုင်ပြည်နယ်် ဂွ ၊ ‌သံတွဲ ၊ တောင်ကုတ် ၊ မာန်အောင် ၊ အမ်း၊ ကျောက်ဖြူ၊ စစ်တွေ ၊ ကျောက်တော်၊ အပေါက်ဝ၊ ပေါက်တော ၊ ရသေ့တောင် ၊ ပုဏ္ဏားကျွန်း ၊ မင်းပြား ၊မြေပုံ ၊ ကျိန္တလီ ၊ ဘူးသီးတောင် ၊ မောင်တော စတဲ့ မြို့အားလုံးနီးပါးဟာ စစ်ပွဲဧရိယာထဲမှာ ရှိနေပြီး မိမိနေထိုင်ရာ မြို့အသီးသီး က

နီးစပ်ရာကို တိမ်းရှောင်နေကြရတာဖြစ်ပါတယ်။

ရခိုင်ပြည်နယ်မှာ AA ထိမ်းချုပ်နယ်မြေ အတွင်းမှာ စစ်ရှောင်နေသူ အရေအတွက် ဟာ ခြောက်သိန်းကျော်သွားပြီဖြစ်တယ်လို့လည်း AA ဘက်က အတည်ပြုထားပါတယ်။

Kay Zue

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *