Laywaddy FM

ရခိုင် စစ်မျက်နှာက ဒရုန်းစစ်ပွဲ

ရခိုင် စစ်မျက်နှာက ဒရုန်းစစ်ပွဲ

ရခိုင်တပြည်လုံးကို လွတ်မြောက်ရေးပုံစံတခုအနေနဲ့ ၂၀၂၅ မှာ ပုံဖော်ချင်တဲ့ အာရက္ခတပ်တော် AA ရဲ့ စစ်ရေးရည်မှန်းချက်မှာ အခုဆိုရင် ရခိုင်ပြည် ၁၇ မြို့ထဲက ၁၄ မြို့ထိကို သိမ်းပိုက်ထားပြီးဖြစ်ပါတယ်။

မကြာခင်ပဲ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) ကို သိမ်းပိုက်ပြီး ဒီစစ်ပွဲအတွင်းမှာ အဆင့်မြင့် စက်လက်နက်တွေ အသုံးပြုလာတာကိုတွေ့မြင်ရပါတယ်။

သာလွန်အင်အားနဲ့ နည်းပညာစွမ်းရည်ကို စစ်ရေးမဟာဗျုဟာအရ ပေါင်းစပ်လိုက်တာကြောင့် အခုလို တမြို့သိမ်းပိုက်လာနိုင်တယ်လို့လည်း ပြောနိုင်ပါတယ်။

အာရက္ခတပ်တော်ရဲ့ စစ်ရေးရည်မှန်းချက် ကို အထောက်အကူဖြစ်စေတဲ့ အခြားသော အကြောင်းတစ်ခုက

မဟာမိတ်ဒေသတွေမှာလည်း အင်အားကို ဖြန့်ကျက်ထားပြီး အုပ်ချုပ်ထောက်ပံ့ရေးကို လိုအပ်သလို စီမံခန့်ခွဲနိုင်ခြင်းက စစ်ပွဲရဲ့အားသာချက်တခုဖြစ်ပါတယ်။

ဒီနေရာ မှာ စစ်ပွဲတခုရဲ့ အုပ်ချုပ်ထောက်ပံ့ရေးကို အနည်းငယ်ရှင်းပြ လိုပါတယ်။

၁၉၇၆ ခုနှစ် ကရင်ပြည်ကနေ ရခိုင်ပြည်ကို ဆင်းလာခဲ့တဲ့ Arakan Liberation Army (ALA) ဥက္ကဋ္ဌ ခိုင်မိုးလင်းရဲ့ မိုးလင်းရာဇာစစ်ကြောင်းဟာ မိုင် ၂၀၀၀ ကျော်ခရီး ကို စစ်သည်အင်အား အလုံးအရင်းနဲ့ဆင်းလာချိန် ချင်းပြည်နယ်မှာ မဆလ တပ်နဲ့တိုက်ပွဲပေါင်း မြောက်မြား စွာဖြစ်ပွားခဲ့ပြီး နောက်ဆုံး လက်နက်ခဲယမ်း၊ ရိက္ခာ တွေချိနဲ့ လာပါတယ်။

အဲ့ဒီကတဆင့် ALA တပ်မှာ အုပ်ချုပ်ထောက်ပံ့မှုကို မစီမံနိုင်တာကြောင့် ၁၉၇၇ ခုနှစ်မှာ မိုးလင်းရာစစ်ကြောင်းနဲ့တကွ ဥက္ကဋ္ဌ ခိုင်မိုးလင်း ရဲ့ အသက်ကိုပါ ပေးခဲ့ရပါ တယ်။

လက်ရှိ ရခိုင်စစ်မျက်နှာက အာရက္ခတပ်တော်ရဲ့ အောင်ပွဲတွေက ရခိုင်ပြည်သာမက တနိုင်ငံလုံးနီးပါးမှာ အောင်မြင်မှုတခုကို ရရှိနေပါတယ်။

အခုရက်ပိုင်းတွေအတွင်း ထုတ်ပြန်လာတဲ့ အာရက္ခ တပ်တော်ရဲ့ ထုတ်ပြန်ချက်တွေမှာ တော်လှန်ရေးတပ်တွေအဖို့ ပိုပြီးအားတက်စရာတွေ မြင်တွေ့လာရပါ တယ်။ အဲ့ဒါက အနောက်ပိုင်းတိုင်းစစ်ဌာချုပ် (နပခ) ကို သိမ်းပိုက်လိုက် တဲ့ နိုင်ပွဲ သတင်းတွေပဲ ဖြစ်ပါတယ်။

နပခ မတိုင်ခင် ဒီဇင်ဘာ ၈ ရက်နေ့က သိမ်းပိုက်ခဲ့တဲ့ မောင်တော နခခ (၅) ကို လနဲ့ချီတိုက်ခိုက်ခဲ့ရတာဖြစ် ပါတယ်။ နခခ (၅) ဟာနယ်စပ်ကုန်သွယ်ရေးအရ အရေးပါတဲ့ လမ်းကြောင်းတခုလည်း ဖြစ်ပါတယ်။

ရခိုင်စစ်ပွဲမှာ နခခ (၅) လို ခက်ခက်ခဲခဲနဲ့ ရက်ရှည် ထိုးစစ်ဆင်ခဲ့ရတဲ့ ပလက်ဝ ထရွန်အိုင်နဲ့ နူံးဘူး ဗျူဟာကုန်းလို စခန်းကြီးမျိုးလဲရှိပါ တယ်။

ချင်းပြည်တခုလုံးမှာရှိတဲ့ စစ်ကောင်စီ အင်အားနဲ့ ပလက်ဝ တမြို့တည်းမှာရှိတဲ့ စစ်ကောင်စီ အင်အားဟာ ခန့်မှန်းခြေအားဖြင့် သာတူညီမျှမှုရှိနိုင်ပြီး ပလက်ဝကို သိမ်းပိုက်လိုက်ခြင်းက ရခိုင်ပြည်သို့ ဝင်နိုင်တဲ့ စစ်ရေးလမ်းကြောင်းတခုကို အာရက္ခတပ်တော် အချိန်မှီဖြတ်တောက်ခဲ့တာလည်း ဖြစ်ပါတယ်။

ရခိုင်တော်လှန်ရေး သမိုင်းကို သင်ခန်းစာကောင်းကောင်းယူခဲ့နိုင်တယ်လို့ လည်း ပြောနိုင်ပါတယ်။

ပလက်ဝဟာ စစ်ရေးမဟာဗျူဟာ အရ အရေးပါသလို နယ်စပ်ကုန်သွယ်ရေးအရ လည်း အရေးပါတဲ့ နေရာတခုလည်းဖြစ်ပါတယ်။

ရခိုင်ပြည် ကို စစ်ရေးအရအနိုင်ယူတိုက်ခိုက်မည်ဆိုရင် ရန်သူထက် သာလွန်အင်အားရှိရမှာဖြစ်ပြီး ရန်သူ့ထောက် ပံ့ရေးလမ်းကြောင်းကို ဖြတ်တောက်ရမှာဖြစ်ပါတယ်။

သို့သော် အာရက္ခတပ်တော် AA က ရခိုင်မြောက်ပိုင်း ကို စတင်ထိုးစစ်ဆင်ခဲ့ပြီး မြောက်ဦး၊ မင်းပြား၊ ကျောက်တော်၊ ပေါက်တော၊ ‌မြေပုံ၊ ပုဏ္ဏားကျွန်း တို့ကို သိမ်းပိုက်ပြီးချိန် ရခိုင်ပြည်တောင်ပိုင်းက ရမ်းဗြဲမြို့ကို ၃ လအကြာထိုးစစ်ဆင်ခဲ့ပြီးနောက် သိမ်းပိုက်ခဲ့ပါ တယ်။

ရခိုင်မြောက်ပိုင်းတခုလုံးက မြို့အားလုံးကို သိမ်ပိုက်ပြီးမှ တောင်ပိုင်းဖက်ကို ဖိအားပေး ထိုးစစ် ဆင်လာနိုင်တယ်လို့ မှန်းဆထားပုံရတဲ့ တောင်ကုတ်အခြေစိုက် စကခ (၅) ဟာ ရမ်းဗြဲမြို့ကို AA က အလစ်ငိုက်ဝင်ရောက်တိုက်ခိုက်ခဲ့ချိန်မှာ စစ်ရေးသဘောရ စကစဘက်က တုံ့ပြန်မှုတာ ထိရောက်မှုမရှိခဲ့ဘူး လို့ ဆိုနိုင်ပါတယ်။

ဘာကြောင့် အလစ်ငိုက် တိုက်ခိုက်တာလို့ ပြောရလဲဆိုရင် ရမ်းဗြဲဟာ ကျောက်ဖြူခရိုင် ထဲကဖြစ်ပြီး ရေပတ်လည်ဝိုင်းထားတဲ့ မြို့ဖြစ်ပါတယ်။

ကျောက်ဖြူမှာဆိုရင် ဓညဝတီရေတပ်ဌာနချုပ် တခုလည်းရှိပါတယ်။ တောင်ကုတ် အခြေစိုက် စကခ (၅) လည်းရှိပြီး ရမ်းဗြဲကို စစ်ကူပို့မယ်ဆိုရင် ကြည်၊ ရေ၊ လေ ကအမြန်ဆုံးနည်းနဲ့ ရောက်လာမှာဖြစ်ပါတယ်။

ဒါပေမဲ့ ကြည်၊ ရေ၊ လေ အပါအဝင် ဒရုန်းကို အများအပြားထုတ်သုံးပြီး ခုခံနေတဲ့ကြားက AA ဟာ ရခိုင်တောင်ပိုင်းက ပထမဦးဆုံး ရမ်းဗြဲကိုသိမ်းပိုက်ခဲ့ တာ စစ်ရေးမဟာဗျုဟာ ကျွမ်းကျင်ခြင်းကို ပြသလိုက်တာဖြစ်ပါတယ်။

ဒီတော့ စစ်ကောင်စီဘက် ကလည်း ရခိုင်တောင်ပိုင်းက ဂွ၊ တောင်ကုတ်၊ သံတွဲ မြို့တွေမှာ အဲ့ဒီချိန်တုန်းက စစ်ရေးပြင်ဆင်တာတွေနဲ့ စစ်အက်အားကို တိုးချဲ့လာခဲ့ပါတယ်။

ရခိုင်စစ်မျက်နှာမှာ အာရက္ခတပ်တော် AA ရဲ့ထိုးစစ်နဲ့ စစ်ကောင်စီတပ်တို့ရဲ့ ခံစစ်ဆင်မှုအပိုင်းမှာ စစ်ရေး အရ သတိထားစရာဖြစ်လာတဲ့ မောင်တောမြို့၊ မြို့သူကြီးအခြေစိုက် နခခ (၅) နဲ့ အနောက်ပိုင်းတိုင်း စစ်ဌာချုပ် (နပခ) တိုက်ပွဲမှာ နှစ်ဖက်စလုံးက နည်းပညာကိုအခြေခံပြီး တိုက်ခိုက်ခဲ့ကြတာ တွေ့ရပါတယ်။

ဒီတော့ နခခ (၅) တိုက်ပွဲနဲ့ နပခ တိုက်ပွဲကို တခုချင်းစီ အနည်းငယ်ပြောပြလိုပါတယ်။

AA ဖက်ကထုတ်ပြန် ထားတဲ့ နခခ (၅) တိုက်ပွဲရုပ်သံမှာ ဒရုန်းနဲ့ ဟောင်ဝှစ်ဇာအမြောက်ကြီးတွေကို အများအပြားသုံးခဲ့တာ တွေ့ရပါတယ်။

၁၀၂၇ စစ်ဆင်ရေးနဲ့အတူ ကြီးထွားလာတဲ့ ရခိုင်စစ်မျက်နှာ တိုက်ပွဲတွေမှာ AA က ဒရုန်းကို ရခိုင်မှာ စတင်အသုံးပြုလာတာပဲဖြစ်ပါတယ်။

၂၀၁၅ ကတိုက်ပွဲတွေနဲ့ တကျော့ပြန် စစ်ပွဲ အစောပိုင်းတွေ မှာ AA က ဒရုန်းအသုံးပြုတာတွေမရှိခဲ့ပါဘူး။

စစ်ကောင်စီဘက်မှာ ဒရုန်းကို တရုတ်ဆီက ၂၀၁၈ ကတည်းက ရရှိထားတယ်ဆိုပေမဲ့ UAV ကင်းထောက် ဒရုန်းလောက်ကိုသာ ထုတ်သုံးခဲ့တာတွေ့ရပါတယ်။

ဒရုန်းနည်းပညာဟာ မျက်မှောက်စစ်ပွဲတွေမှာ အတော်လေးကို နေရာယူလာပြီး စစ်ရေးမဟာဗျူဟာတွေမှာ ဒရုန်းကို မူဝါတရပ်အနေနဲ့တောင် ပြောဆိုလာကြတာတွေ့ရပါတယ်။

ဒရုန်းကို မြန်မာတနိုင်လုံးက စစ်ပွဲတွေ မှာ စစ်ကောင်စီတပ်ရော၊ တော်လှန်ရေးတပ်ဖွဲ့တွေဟာ ဒရုန်းတပ်ဖွဲ့တွေကို ဖွဲ့စည်းလာကြပါတယ်။

ထို့နည်းတူ ရခိုင်စစ်မျက်နှာမှာလည်း အာရက္ခတပ်တော် AA က နခခ (၅)မှာ တပ်စွဲထားတဲ့ စစ်ကောင်စီ တပ်သားအပါအဝင် မူဆလင်လက်နက်ကိုင်တပ်တွေကို ဝိုင်းပတ်ပိတ်ဆို့ထားပြီး ဒရုန်းကနေ Drop boom တွေအပါအဝင် ဟောင်ဝှစ်ဇာ အမြောက်လက်နက်ကြီးတွေနဲ့ပါ ငါးကြင်းဆီနဲ့ ငါးကြင်းပြန် ကြော်နေတာဖြစ်ပါတယ်။

အမ်းမြို့ အနောက်ပိုင်း တိုင်းစစ်ဌာချုပ်မှာဆိုရင်လည်း အာရက္ခတပ်တော် AA က စစ်ကောင်စီတပ်သား တွေကို စက်သေနတ်တပ်ဆင်ထားတဲ့ ဒရုန်းတွေနဲ့ပါတိုက်ခိုက်လာနေတယ်လို့ စစ်ရေးနီးစပ်သူတွေထံက သိရှိရပါတယ်။

ဒါက ရခိုင်စစ်ရေးအတွက် အဓိကကျလာတဲ့ ဒရုန်းနည်းပညာတရပ်ဖြစ်လာပြီး စစ်ရေးဗျူ ဟာ တွေကို ကျွမ်းကျွင်ပိုင်နိုင်စွာအသုံးပြုနေတယ်လို့ဆိုရပါမယ်။

ပြည်မနဲ့ ဆတ်သွယ်ထားတဲ့ ဝင်ပေါက် ဖြစ်တဲ့ မကွေးတိုင်း၊ ဂွ၊ ငသိုင်းချောင်း ဧရာဝတီ လမ်းကြောင်း အပါအဝင်၊ အမ်း၊ မအီ လမ်းတွေကို AA က မဟာမိတ်တပ်တွေနဲ့အတူ ထိန်းချုပ်ထားပေမဲ့လို့ စစ်ကောင်စီဘက်က စစ်ကူပို့မဲ့ဝင်လမ်းကြောင်းတွေကို တန်ပြန် ဒရုန်းတွေ၊ ဂျက်ဖိုင်တာတွေနဲ့ လမ်းကြောင်းရှင်းပြီး စစ်ကူပို့နေတာရှိပါတယ်။

နပခ မကျစေရေး အတွက် စစ်ကောင်စီက AA နဲ့ မဟာမိတ်တပ်‌တွေရဲ့နေရာကို UAV တွေနဲ့ကင်းထောက်ပြီး ဒရုန်းတွေနဲ့ တိုက်ခိုက်နေတဲ့သတင်းတွေကို စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေက ဖြန့်ချီနေတာရှိပါတယ်။

ဒါ့ပေမဲ့ အခု ရက်ပိုင်း AA ဘက်ကထုတ်ပြန်ချက်တွေမှာ နပခ ရှိ စစ်ကောင်စီတပ်သားတွေ အလုံးအရင်းနဲ့ လက်နက်ချ တာတွေကို ဆက်တိုက်ဆိုသလို AA ကထုတ်ပြန်ခဲ့ပါတယ်။

စစ်ရေးအရ စစ်ကူလမ်းကြောင်းတွေကို AA ဘက် ဖြတ်တောက်ထားနိုင်အောင် မဟာမိတ်တွေနဲ့ လက်ဦးမှုရယူထားတာကြောင့် စစ်ကောင်စီ တပ်သား တွေဟာ အမ်း၊ ပဒါန်းကားလမ်းမှာတင် ကျဆုံးသွားတာကြောင့် နပခ ထဲကို အလွယ်တကူဝင်ရောက်နိုင်ခြင်း မရှိပါဘူး။

စစ်ကောင်စီဘက်က အမ်းတိုက်ပွဲမှာ လေကြောင်းကနေ ဂျက်ဖိုင်တာတွေ ဒရုန်းတွေကို အားပြု ခုခံပေမဲ့လို့ အုပ်ချုပ်ထောက်ပံ့မှုကို စီမံနိုင်ခြင်းမရှိခြင်းက အာရက္ခတပ်တော် AA အတွက် အားသာချက် တခုဖြစ်စေပါတယ်။

ဒါတွေကို ချုပ်ပြောရမယ်ဆိုရင် နခခ (၅) နဲ့ နပခမှာ စစ်ကောင်စီဘက်က ဒရုန်းကာကွယ်ရေး ဂျမ်မာတွေကို တပ်ဆင်ထားပေမဲ့လို့ AA ဘက်ကလည်း ဒေသန္တရ နယ်မြေကျွမ်ကျင်မှုအရ ထိုးစစ်ကို မြေအောက်ကနေ လှိုင်ဂူတူးပြီး နခခ (၅) ကို တလက်မချင်းတိုးပြီး တိုက်ခိုက်ခဲ့တာဟာ စစ်ဗျူဟာကို လိုအပ်သလိုပြောင်းလဲ စစ်ထိုးလိုက်ခြင်းဖြစ်ပါတယ်။

စစ်ကောင်စီဘက်က အခိုင်အမာပြုလုပ်ထားတဲ့ ခံစစ်စခန်းတွေကို AA ဘက်က အလွယ်တကူသိမ်းပိုက်ရရှိခဲ့တာ မဟုတ်ပေမဲ့လို့ ဒရုန်းနည်းပညာနဲ့ သာလွန်အင်အားပေါင်းစပ် တိုက်ခိုက်နိုင်တာကြောင့် ရခိုင်စစ်မျက်နှာမှာ AA က အောင်ပွဲခံ‌နေရခြင်းဖြစ်ပါတယ်။

ရခိုင်မှာရှိတဲ့ ကျောက်တော် စကခ (၉)၊ ဘူးသီးတောင် စကခ (၁၅)၊ တောင်ကုတ် စခက (၅) ထဲက စစ်ကွပ်ကဲရေးဌာနချုပ် နှစ်ခုဖြစ်တဲ့ စကခ (၉) နဲ့ စကခ (၁၅) AA ၊ အနောက်ပိုင်းတိုင်းစစ်ဌာချုပ် (နပခ)၊ တောင်ကုတ် စကခ(၅) တို့ကို AA က သိမ်းပိုက်ထားပြီး ၊

စစ်တွေ ဒကစ နဲ့ ကျောက်ဖြူ ဓညဝတီ ရေတပ်စခန်းကို သိမ်းပိုက်နိုင်ရင် ရခိုင်တပြည်လုံး လွတ်မြောက်မှာ ဖြစ်ပါတယ်။

စောမြတ်သွီး- ရေးသည်။

Kay Zue

Related Posts

81 thoughts on “ရခိုင် စစ်မျက်နှာက ဒရုန်းစစ်ပွဲ

  1. Nice blog here! Also your web site loads up very fast! What host are you using? Can I get your affiliate link to your host? I wish my web site loaded up as fast as yours lol

  2. I’ve read several good stuff here. Definitely worth bookmarking for revisiting. I surprise how much effort you put to make such a magnificent informative site.

  3. I simply could not leave your site before suggesting that I actually enjoyed the usual info a person supply in your visitors? Is going to be back often to inspect new posts

  4. I’m partial to blogs and i actually respect your content. The article has actually peaks my interest. I am going to bookmark your site and preserve checking for new information.

  5. Good day! This is my first comment here so I just wanted to give a quick shout out and say I really enjoy reading through your articles. Can you recommend any other blogs/websites/forums that cover the same subjects? Thanks a lot!

  6. My brother suggested I might like this web site. He was entirely right. This post actually made my day. You can not imagine simply how much time I had spent for this info! Thanks!

  7. I dont think Ive caught all the angles of this subject the way youve pointed them out. Youre a true star, a rock star man. Youve got so much to say and know so much about the subject that I think you should just teach a class about it

Leave a Reply

Your email address will not be published. Required fields are marked *