Laywaddy FM

အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် (နပခ)အမ်းကို ပြန်လည်ထိုးစစ်ဆင်ဖို့ အမ်းမြို့အနီး က တောတောင်တွေမှာ အမြှောက်တပ်တွေ အထိုင်ချနေ

အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် (နပခ)အမ်းကို ပြန်လည်ထိုးစစ်ဆင်ဖို့ အမ်းမြို့အနီး က တောတောင်တွေမှာ အမြှောက်တပ်တွေ အထိုင်ချနေ

အာရက္ခတပ်တော် AA သိမ်းပိုက်ထားတဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ပြန်လည်ထိုးစစ်ဆင်ဖို့ စစ်ကြောင်းတွေဖြည့်တင်းနေပြီး ၊ မြို့ နဲ့ မလှမ်းမကမ်းက တောတောင်တွေမှာ အမြှောက်စခန်းတွေကို ပြန်လည်တည်ဆောက်နေတယ် လို့ မြေပြင် သတင်းရရှိပါတယ်။

အမ်းမြို့အနီးက တရုတ်ပိုင်းလိုင်းတွေ စတင်တဲ့ နေရာကနေ စစ်ကောင်စီ

အမြှောက်စခန်းကို အထိုင်ချထားပြီး အဲ့ဒီကနေ အမြှောက်စခန်းတစ်ခုပြီး တစ်ခု ထပ်တည်ဆောက်နေတာ ဖြစ်တယ်လို့ ဆိုပါတယ်။

“အမ်းနဲ့ မိုင် ၂၀ ဝေးတဲ့ တောင်စောက်ဂိတ်မှာ တိုက်ပွဲတုန်းက အထိုင်ချထားတဲ့ စခန်းရှိတယ် ၊အခု အဲ့ဒီစခန်းကနေ သူတို့က အမ်းဘက်ကို (၅) မိုင် ဆက်တိုးလာတယ်။ တိုးလာတဲ့ စစ်ကြောင်းမှာ အင်အား ၂၀၀ လောက်ပါတယ် ၊ မြှောက်စခန်းအသစ်တစ်ခု ထပ်လုပ်တယ် “ လို့ စစ်ရေးသတင်းရင်းမြစ်က လေးဝတီ FM ကို ပြောပါတယ်။

စစ်ကောင်စီဟာ အမ်းရိုးမ နဲ့ အမ်းမြို့ကြားမှာရှိတဲ့ တောင်စောက်ဂိတ်မှာ နပခ တိုက်ပွဲတွေ အတွင်းမှာ စစ်အင်အားတွေအထိုင်ချထားတာဖြစ်ပါတယ်။

အဲ့ဒီစခန်းကို ခြေကုတ်ယူပြီး ထပ်ရောက်လာတဲ့ အင်အားတွေနဲ့ စစ်ကြောင်းခွဲပြီး ထိုးစစ်ဆင်ဖို့ ပြင်ဆင်နေပုံရတယ် လို့ သတင်းရင်းမြစ်က သုံးသပ်ပါတယ်။

လက်ရှိမှာ အမ်းမြို့ အနီး တောင်စောက်ဂိတ် ၊ ကန်မြင့်ကန်ဂိတ် တို့ မှာ စစ်ကြောင်းတွေ စုပြီး အထိုင်ချထားတဲ့ အပြင် ၊

အမ်းမြို့နဲ့ ၁၅ မိုင်အကွာမှာ အမြှောက်တပ် အသစ် ကို အထိုင်ချလိုက်ခြင်းဖြစ်ပါတယ်။

” စစ်ကောင်စီ စစ်ကြောင်းတွေ က အများကြီးထပ်ဆင်းနေတော့ ၊ အမ်းရိုးမအဆင်းဘက်မှာ အဲ့ဒီတပ်တွေနဲ့ တိုက်ပွဲတွေ ထပ်ဖြစ်လာနိုင်တယ် ” လို့ သတင်းရင်းမြစ်က ပြောပါတယ်။

စစ်ကောင်စီဟာ မကွေးတိုင်း ၊ မင်းဘူးမြို့ နဲ့ ပဒါန်းမြို့က အရပ်သားတွေရဲ့ ကုန်တင်ကားတွေကို ချောဆွဲပြီး လက်နက်ကြီးတွေ တင်ဆောင်လာတယ် လို့ မကွေး-မင်းဘူး လမ်းပိုင်းက သတင်းရင်းမြစ်က ပြောပါတယ်။

ဒါအပြင် ခြေလျှင်စစ်ကြောင်းတစ်ခုဟာလည်း ဒီဇင်ဘာ ၂၃ ရက် ညပိုင်းမှာ အမ်း-ပဒါန်းလမ်းပိုင်းကို ဖြတ်ပြီး အမ်းရိုးမကို စစ်ကြောင်းထိုးသွားတယ်လို့ သတင်းရရှိထားပါတယ်။

အာရက္ခတပ်တော် AA ဟာ နပခ ဌာနချုပ်ကို အပြီးသတ် သိမ်းပိုက်ခဲ့ပြီးဖြစ်ကြောင်း ဒီဇင်ဘာ ၂၀ ရက် မှာ ထုတ်ပြန်ထားပါတယ်။

အဉ္စနလီညှင်း (လေးဝတီ FM)

Kay Zue

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *