Laywaddy FM

ဧရာဝတီတိုင်း နဲ့ ပဲခူးတိုင်းကို အောင်ပွဲရ ပုံများနဲ့ AA စစ်မျက်နှာဖွင့်လိုက်ပြီ

ဧရာဝတီတိုင်း နဲ့ ပဲခူးတိုင်းကို အောင်ပွဲရ ပုံများနဲ့ AA စစ်မျက်နှာဖွင့်လိုက်ပြီ

အာရက္ခတပ်တော် AA ဟာ ပဲခူးတိုင်းနဲ့ ဧရာဝတီတိုင်းကို စစ်မျက်နှာဖွင့်လိုက်ကြောင်း သက်သေခံနေတဲ့ ဓာတ်ပုံတွေကို ဇန်နဝါရီ ၂၇ ရက် သန်းခေါင်ယံမှာတရားဝင်ထုတ်ပြန်လာခဲ့ပါတယ်။

ပထမ တစ်ခုက ရခိုင်ပြည်နယ်နဲ့ ပဲခူးတိုင်း ကြားက မိုးထိတောင် နယ်ခြားမှတ်တိုင်ပေါ်က စခန်းသိမ်းတိုက်ပွဲ တွင်း ရရှိတဲ့ လက်နက်တွေ ကို ထုတ်ပြန်ခဲ့ပါတယ်။

အလားတူပဲ ဧရာဝတီတိုင်း ရွှေသောင်ယံကမ်းခြေ အနီး ဘောမိကျေးရွာဝန်းကျင်မှာ စစ်ကောင်စီရဲ့ တင့်ကား ကို သိမ်းပိုက်ခဲ့ကြောင်းလည်း တစ်ချိန်တည်းမှာ ထုတ်ပြန်လာတာဖြစ်ပါတယ်။

ရခိုင်-မကွေးနယ်စပ် ၊ ရခိုင်-ပဲခူးနယ်စပ် နဲ့ ရခိုင် -ဧရာဝတီ နယ်စပ်တို့မှာ ရှိတဲ့ စစ်ကောင်စီရဲ့ အရေးကြီး ဗျူဟာပွိုင့်တွေကို သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်းထုတ်ပြန်ထားတာဖြစ်ပါတယ်။

ဧရာဝတီတိုင်း ငွေသောင်ယံကမ်းခြေအနီးက ပွိုင့် (၂၆၃) စခန်း ၊ ပွိုင့် (၃၆၉) စခန်း ၊ တို့ကို ဇန်နဝါရီလအတွင်း သိမ်းပိုက်ခဲ့ကြောင်းထုတ်ပြန်ထားပါတယ်။

ဒါအပြင် ရခိုင်-မကွေးနယ်စပ်က အမ်း-ပဒါန်းလမ်းမထက် ၊ ဂုတ်စီးရိုးကျေးရွာအထိ စစ်ကောင်စီတပ်တွေကို လိုက်လံချေမှုန်းခဲ့ကြောင်းထုတ်ပြန်ထားပါတယ်။

ရခိုင်-ပဲခူးနယ်စပ်မှာတော့ မိုးထိတောင်အထိ သိမ်းပိုက်လိုက်တာဖြစ်ပါတယ်။

လေးဝတီFM

Kay Zue

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *