အခု ရက်ပိုင်းမှာ အာရက္ခပြည်က ပြန်လည်တည်ဆောက်ရေး လုပ်ငန်းတွေ ပြုလုပ်နေတဲ့ အာရက္ခစစ်သည်တွေရဲ့ လှုပ်ရှားမှုပုံရိပ်တွေကို စတင်မြင်တွေ့လာရပါတယ်။
ဒါကိုကြည့်ခြင်းအားဖြင့် ငါတို့ ရခိုင်ပြည် (သို့) အာရက္ခပြည်ကြီး တကယ်ပဲ ပြန်လည် နိုးထ အသက်ဝင်လာခဲ့ပြီဆိုတဲ့
ဇာတိစိတ် ဟာ ကြက်သီးမွေးညှင်းတွေ ထတဲ့ အထိနိုးကြွလာခဲ့ပါတယ်။
ပြာပုံထဲက ပြန်လည် နိုးထရမယ့် အချိန်ကိုရောက်ခဲ့ပြီ ၊ မီးလောင်ပြင် အဖြစ်ကျန်နေတဲ့ နေရာတွေမှာ ကိုယ်စီ ကိုယ်စီအုတ်မြစ်တွေ ပြန်ချဖို့ အချိန်ရောက်ခဲ့ပြီ။

အာရက္ခတပ်တော် AA ဟာ စစ်ရေးမှာ ပြောင်ပြောင် မြောက်မြောက်လက်စလက်နပြနိုင်ခဲ့တယ်။ သမိုင်းတကွေ့မှာ ရခိုင်ရယ်လို့ အထင်အရှား ဂုဏ်ဖော်နိုင်တဲ့ တိုက်ခိုက်ရေးတပ် တစ်ခု အဖြစ်စွမ်းဆောင် ပြနိုင်ခဲ့တယ်။
ULA အနေနဲ့ ကော နိုင်ငံရေး နဲ့ ပြန်လည်တည်ဆောက်ရေးတွေ ဘယ်လို ပြုမှုဆောင်ရွက်မလဲ ဆိုတဲ့ သိလိုစိတ်တွေ ဟာ ပြင်းပြလာပြန်ပါတယ်။
ဒီကြောင်းကို ရခိုင်အရေး လေ့လာသုံးသပ်သူတွေကို မေးစမ်းပြောဆိုကြည့်တဲ့ အခါမှာတော့ “စောင့်ကြည့်ရမှာပဲ ” ဆိုတဲ့ စကားကို တညီတညွတ်တည်းထွက်လာတာ တွေ့ရပါတယ်။

အမှန်ပါပဲ ULA က ရခိုင်ပြည်အနာဂတ်ကို ဘယ်လို ပုံဖော်မလဲ ဆိုတာကို ရခိုင်ပြည်က ပါတီနိုင်ငံရေးသမားတွေ၊ တက်ကြွလှုပ်ရှားသူတွေ နဲ့ ရခိုင်ပြည်သူတွေ ၊ သတင်းမီဒီယာ တွေ အပါအဝင် ရခိုင်နဲ့ မကင်းလွတ်နိုင်တဲ့ ပြင်ပနိုင်ငံတွေက ပါ စောင့်ကြည့်နေကြ တဲ့ အခြေအနေ ဖြစ်ပါတယ်။ ဒါကြောင့် ULA အနေနဲ့ အထူးသတိထားရတဲ့အခြေအနေ မှာ ရှိနေတယ်လို့ လည်း သုံးသပ်မိပါတယ်။
ဒီနေ့မနက်မှာတော့ ရခိုင်နိုင်ငံရေး လေ့လာသုံးသပ်တဲ့ ပုဂ္ဂိုလ်တစ်ယောက်နဲ့ ကျွန်တော် စကားပြောဖြစ်ပါတယ်။
သူက သူ့ရဲ့ သုတေသန စာတမ်းတစ်စောင် ကို ကျွန်တော့်ကို ထုတ်ပြလာပါတယ်။ သူပေးတဲ့ စာတမ်းကို ကျွန်တော် ဖတ်ကြည့်လိုက်တဲ့ အချိန်မှာ ဒါဟာ အာရက္ခပြည် အစိုးရ အဖွဲ့ ထဲမှာ ပါဝင်ပတ်သက်သူတွေ ဖတ်သင့်တဲ့ တန်ဖိုးရှိတဲ့ စာတမ်းတစ်စောင် လို့ ကျွန်တော် သုံးသပ်မိပါတယ်။
“အာရက္ခပြည်ကို ပုံဖော်မယ့် လမ်းညွှန်မြေပုံ” လို့ တောင် ကျွန်တော်က ညွှန်းပေးချင်ပါတယ်။

ဒီစာတမ်းမှာ ထူးခြားချက်က “ရခိုင် အဟောင်း” နဲ့ “အာရက္ခ အသစ် ” ဆိုပြီး အတိတ်နဲ့ အနာဂတ်ကို
ခွဲခြမ်းစိတ်ဖြာ ရေးသားထားမှုပါပဲ ။
“ရခိုင် အဟောင်း “ ဆိုတဲ့ အပိုင်းက တော့ အရင်တုန်းက သမိုင်းအဆက်အဆက် ဗမာအစိုးရ အုပ်ချုပ်သူတွေလက်ထက်မှာ လည်ပတ်ခဲ့ရတဲ့ ရခိုင်ပြည် ရဲ့ အခြေအနေတွေကို ခွဲခြမ်းစိတ်ဖြာ သုံးသပ်ထားပါတယ်။
“အာရက္ခ အသစ် “ မှာတော့ အာရက္ခပြည် ပြန်လည်တည်ဆောက်ခြင်းမှာ မဖြစ်မနေ ပါဝင်ရမယ့် ၊ အစိုးရ အုပ်ချုပ်ရေးအဖွဲ့တွေရဲ့ တာဝန်ဝတ္တရားတွေ ၊ နည်းနာလုပ်ထုံးတွေ၊ စီမံခန့်ခွဲမှု ပုံစံတွေကို ခွဲခြမ်းစိတ်ဖြာပြထားပါတယ်။
မိတ်ဆွေအနေနဲ့ အချိန်သိပ်မပေးချင်ဘူးဆိုရင်တော့ “အာရက္ခပြည် ” အသစ် ကို စဖတ် စေချင်ပါတယ်။
အာရကန်ပြည်၊ ရခိုင်ပြည် ယခု အာရက္ခပြည်သည် နှစ်ပေါင်း ၂၄၀ တိုင်အောင် အချုပ်အခြာအာဏာ ဆုံးရှုံးကာ အာဏာရှင်အဆက်ဆက်၏ ဖိနှိပ်အုပ်စိုးမှုအောက်တွင် မိမိတို့၏အမျိုးသားရေးလက္ခဏာများ၊ ဂုဏ် သိက္ခာများနှင့် ရပိုင်ခွင့်များ ပျောက်ဆုံးခဲ့ပြီးဖြစ်တယ်။
အခုအာရက္ခပြည်ကို အာရက္ခပြည်သားတို့ ပြန်လည် သိမ်းပိုက်နိုင်ပြီး လွတ်လပ်မှု၊ ညီမျှမှုနှင့် တရားမျှတမှုများပြည့်စုံသော အာရက္ခပြည်သစ်ကို ပြန်လည်တည် ဆောက်တဲ့နေရာမှာ တစ်ထောင့်တစ်နေရာက အထောက်အကူ ပြုဖို့ မျှော်လင့်တယ်လို့ စာရေးသူက အမှာစကားပါးထားပါတယ်။
လေးဝတီ FM
(သုတေသန စာတမ်း)
၃၊ ဖေဖော်ဝါရီ၊ ၂၀၂၄
jack and the beanstalk games
References:
pad.geolab.space
Pinco Casino открывает мир азартных развлечений с удобной платформой.
Pinco Casino
Интерфейс интуитивно понятен даже для новых пользователей.
http://www.google.com.gh/url?q=http://techou.jp/index.php?ShelbyCruz24
https://matras-promtex.ru/
Franchement le site essaye d etre spectaculaire des la premiere minute. https://medium.com/@akkauntpleer a cote de slot casino attire vite le regard quand on scanne la page. J y vois une offre dynamique et un risque a encadrer.