ရခိုင်ပြည် စစ်တွေမြို့ မှာ အာရက္ခတပ်တော်က စစ်ကောင်စီ ရဲ့ တပ်စခန်းတွေကို ဆက်လက်ထိုးစစ်ဆင်နေပြီး ၊ ဒဏ်ရာရ စစ်ကောင်စီ တပ်သားတွေကို စစ်တွေ တပ်ဆေးရုံကို ပို့နေ ရတယ် လို့ မြေပြင် သတင်းရရှိပါတယ်။
စစ်တွေ မြို့ အမြင့်ကျွန်း ၊ ကျားမသောက်၊ ပါဒလိတ် နဲ့ ရေချမ်းပြင်တို့ မှာ ရှိတဲ့ စစ်ကောင်စီစခန်းတွေကို AA ဘက်က ဒီကနေ့ ဖေဖော်ဝါရီ ၁၂ ရက်မှာလည်း ဆက်လက်ထိုးစစ်ဆင်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
“တိုက်ပွဲက ဆက်ဖြစ်နေပါတယ်၊ AA ဘက်က ညဘက်တွေ ဆို လက်နက်ကြီးနဲ့ တွေနဲ့ လှမ်းပြီး ပစ်တာ၊ ဒီမနက်ပိုင်းမှာ ရေချမ်းပြင်ဘက်က ဒဏ်ရာ ရတဲ့ စစ်သားတွေကို တပ်ဆေးရုံကို သယ်သွားကြပါတယ်” လို့ သတင်းရင်းမြစ်က ပြောပါတယ်။
ဒါအပြင် စစ်ကောင်စီ တပ်တွေဟာ စစ်တွေ ပတ်လည်က လက်နက်ကြီး လက်လှမ်းမှီတဲ့ နေရာ တွေ ကို ဖြန့်ကျက်ပြီး ကင်းထောက်လေယာဉ်တွေ ဒရုန်းတွေ နဲ့ အဆက်မပြတ် ပျံသန်းရှာဖွေနေကြတယ် လို့ ဆိုပါတယ်။
စစ်တွေမြို့ရှိ စစ်ကောင်စီစခန်းတွေ ကို အာရက္ခတပ်တော် က အဝေးပစ်လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ပြီးနောက်မှာ လက်နက်ကြီး လာရာ လမ်းကြောင်းတွေကို အခုလို ရှာဖွေနေတာ ဖြစ်တယ်လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ် ။
“အခုကအများအားဖြင့် ပေါက်တော၊ ပုဏ္ဏားကျွန်း ၊ ရသေ့တောင်နယ်ဖက် တွေ ကိုဉီးတည် ပြီးပစ်နေတယ်၊ လေယာဉ်တွေ ဒရုန်းတွေနဲ့ လည်း အဲ့ဘက်တွေကို အဆက်မပြတ်ရှာနေတယ် ” ဟုဆိုပါတယ်။
စစ်ကောင်စီ တပ်တွေဟာ စစ်တွေ မြို့ကို အနီးကပ်ထိုးစစ်ရောက်ရှိလာမှာ ကို စိုးရိမ်ပြီး ကင်းထောက်လေယာဉ်တွေ ၊ ဒရုန်းတွေကို အချိန်ပြည့် ပျံသန်းနေတယ်လို့ လည်းနောက်ထပ် သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။
အာရက္ခတပ်တော် AA ဟာ စစ်တွေ မြို့ ကို ပတ်လည်တည်ဆောက်ထားတဲ့ စစ်ကောင်စီ ဗျူဟာ စခန်းတွေကို ဖေဖော်ဝါရီ လ အစက စတင်ထိုးစစ်ဆင်ခဲ့တာဖြစ်ပါတယ်။
အမ်းချောင်းသူ (လေး၀တီFM)