သူပုန်ဖြူ ကဗျာပေါင်းချုပ်စာအုပ်လေးက ကျွန်တော့်လက်ထဲ ရောက်နေခဲ့တာ နှစ်ရက်လောက်ရှိပါပြီ။ တော်လှန်ရေးတပ်ဖွဲ့ တစ်ခု ဖြစ်တဲ့ BPLA ဆီက ဝယ်ယူခဲ့တာဖြစ်ပါတယ်။
ဒီစာအုပ်ထဲက ကဗျာတွေဟာ အားလုံးပဲ သိကြတဲ့အတိုင်း AA ဒု စစ်ဦးစီးချုပ် ဗိုလ်ချုပ် ညိုထွန်းအောင် ခေါ် ဒေါက်တာ ညိုထွန်းအောင်ရဲ့ ရေးဖွဲ့မှုတွေ ပဲ ဖြစ်ပါတယ်။
ရခိုင်သူပုန်တစ်ယောက် ၊ ရခိုင်လက်နက်ကိုင် တစ်ယောက်၊ အာရက္ခ အိပ်မက်ကို အကောင်အထည်ဖော်နေတဲ့ ရခိုင်ကြီး တစ်ယောက် ဆီကထွက်လာတဲ့ အနုပညာ ကို သင်တို့ ဘာတွေ မျှော်လင့်ထားပါသလဲ ။
အမျိုးသားရေးဇောင်းပေးထားတဲ့ လှုံ့ဆော်မှု ကဗျာတွေလား။ လူ့အခွင့်အရေးကို မျက်ကွယ်ပြုမယ့် အမျိုးသားရေးဝါဒီတို့ ရဲ့ အစွန်းရောက် အရေးအသားတွေလား။
မဟုတ်ပါဘူး ဒီအချက်တွေ ကို ကျော်လွန်ပြီး ရခိုင် သူပုန် တစ်ယောက် ဘယ်လောက် နှလုံးသားကြီးသလဲ ဆိုတာ ကို ထုတ်ပြောလိုက်တဲ့ စာအုပ်လို့ ဆိုနိုင်ပါတယ်။
ဒီစာအုပ်ရဲ့ ပထမဆုံးစာမျက်နှာမှာ ” ဤ ကဗျာစာအုပ်သည် ကဗျာစာအုပ် တစ်အုပ်ထက်ပို ၍ သိပ်သည်းဆ များပေလိမ့်မည် “ လို့ ရေးသားထားပါတယ်။

ဒီစာစု အတိုင်းပါပဲ ၊ ဒီကဗျာစာအုပ် ဟာ ကဗျာစာအုပ် တစ်အုပ်ထက် ပိုပါတယ်။
တော်လှန်ရေး နှောင်ကြိုးဖြစ်ပါတယ်။ နွေဦး အတွက် ခွန်အားလည်းဖြစ်ပါတယ်။
အမျိုးသားရေး အမြင်ကျဉ်းမြောင်းမှုတွေထက် ပိုပြီး အားကောင်းတဲ့ စာနာ နားလည်မှု ကို ဦးတည်တဲ့ စာအုပ်တစ်အုပ်လည်းဖြစ်ပါတယ်။
နွေဦးတော်လှန်ရေး မျိုးဆက်တွေကို “ငါတို့ မင်းတို့ နဲ့ အတူ ရှိတယ်” လို့ နှလုံးသားထဲက စကားလုံးတွေ နဲ့ ပြောလိုက်တာပါ။
ဒီကဗျာ စာအုပ်မှာ မြန်မာ ဘာသာ ၊ ရခိုင်ဘာသာ နှစ်မျိုးပါဝင်ပါတယ်။
စကားလုံး သုံးစွဲမှုမှာ ရိုးရှင်းပြီး သိမ်မွေ့တဲ့ စကားလုံးတွေကို အသုံးပြုထားပါတယ်။ ပေါ့ပါးစွာ နားလည် နိုင်တယ်။
ဒီစာအုပ်မှာ ကျွန်တော်အကြိုက်ဆုံး ကဗျာကတော့ “သံလွင်” ဆိုတဲ့ ကဗျာ ပဲ ဖြစ်ပါတယ်။
ကဗျာဆရာဟာ သံလွင်မြစ်ဘေးမှာ ထိုင်ပြီး သံလွင်မြစ်အကြောင်းကို ရေးဖွဲ့ခဲ့တာ လို့ ဆိုထားပါတယ်။
သံလွင်မြစ်ဟာ သူပုန်ဖြူရဲ့ ဘဝ ဖြတ်သန်းမှု မှာ တစ်စိတ် တစ်ပိုင်း အရေးကြီးခဲ့တဲ့ အကြောင်း ဒီကဗျာက ပြောထားပါတယ်။
“အားစိုက် နားထောင်ကြည့်တဲ့ အခါ
သံလွင် ဟာ
တောင်ပေါ် သီချင်း
တောင်အောက်သီချင်း
တောင်လယ်သီချင်း
ဒိုးယိမ်းသီချင်း
အို့ရာ သီချင်း
အောက်ချင်း သီချင်း
သာလီစွ သီချင်း
သီချင်း အသစ် မိတ်ဆွေ အသစ်တွေနဲ့ မြူးနေတာ မို့
ငါ ဟာ ရောက်တဲ့ နေရာ က အသာကလေး ရပ်နေလိုက်တယ်”
ဆိုတဲ့ စာပိုဒ်ဟာ သံလွင်မြစ် ဟာ တိုင်းရင်းသား ပေါင်းစုတို့ရဲ့ ခိုလှုံရာ နေရာ တစ်ခု ဖြစ်နေခဲ့တာ ၊ ရဲဘော် ရဲဘက်တွေ ရဲ့ စတင်ရာ ဖြစ်နေခဲ့တာကို တွေ့မြင်ရပါတယ်။
သံလွင်မြစ်ဟာ တိဘက်တောင်တန်းတွေက နေ မြစ်ဖျားခံပြီး ၊ မြန်မာနိုင်ငံ ရှမ်းပြည်နယ်၊ ကရင်နီပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ် တို့ကို ဖြတ်သန်းတဲ့ အရှေ့တောင် အာရှမှာ ဒုတိယအရှည်လျားဆုံးမြစ်ဖြစ်ပါတယ်။
“သံလွင်မြစ်ထဲ ၊ ရိက္ခာလုတိုက်ပွဲ အတွင်း
ရေကူးကျွမ်းကျင်ပါတယ် ဆိုတဲ့
ငါတို့ ရဲဘော်တွေ
အသက်ဆုံးပါးဖူးတယ်”
သံလွင်မြစ်ဘေးက ကြမ်းတမ်းတဲ့ တော်လှန်ရေး ခရီးကို ဒီစာပိုဒ်က ဖော်ပြထားပါတယ်။ တပ်စုအတွက် ရိက္ခာ ၊ လက်နက် နဲ့ ရှင်သန်ရပ်တည်ရေး ကို လည်း သံလွင်မြစ်က ပံ့ပိုးပေးတယ် လို့ ဆိုထားပါတယ်။
သံလွင်မြစ်ဟာ အဆီးအတား မရှိဘဲ လွတ်လပ်စွာ စီးဆင်းနေသလို ၊ ဒီမြစ်ကြောင်းတစ်လျှောက်မှာ တော်လှန်ရေး တပ်ဖွဲ့တွေဟာလည်း လွတ်လပ်စွာ ဖွဲ့စည်းတည်ရှိနေကြပါတယ်။
“သံလွင် နံဘေးငါတို့ဟာ သွေးသောက် ညီအစ်ကိုတွေ ဖွဲ့ခဲ့ဖူးတယ်” ဆိုတဲ့
အပိုဒ်က တော့ သံလွင်နဲ့ အတူ သမိုင်းကို မှတ်တမ်းတင်ခဲ့ခြင်းလို့ ဆိုနိုင်ပါတယ်။ “သံလွင်” ဆိုတဲ့ ကဗျာ က တော့ တကယ်က ကဗျာ ရှည်တစ်ပုဒ်ပါ။ ကျွန်တော်က တချို့ စာပိုဒ်တွေကိုသာ ထုတ်နုတ်ဖော်ပြ ထားခြင်းဖြစ်ပါတယ်။
ဒီစာအုပ်မှာ ရခိုင်ဘာသာနဲ့ ရေးသားထားတဲ့ ကဗျာတွေလည်းပါဝင်ပါတယ်။ နောက်ထပ် ကျွန်တော် နှစ်သက်တဲ့ ကဗျာတစ်ပုဒ်ကတော့ ရခိုင်ဘာသာနဲ့ရေးထားတဲ့ “အဘာ ဆန္ဒ” ဆိုတဲ့ ကဗျာပါပဲ ။
“ခြီရာတူ ၊ ပုံစံတူကေလေ့
အိုင်ဒီယာမတူ
ဗျူဟာမတူ
မင်းရို့ ရလဒ်သက်သီက
ငါ့အထင်ကို မှားစီလို့
မတ်ကို မွေးရကျိုးနပ်မှန်း
ငါ့ အသုဘနိမှာ သိလိုက်ရေ “
သေသည့်တိုင်အောင် သားဖြစ်သူ ကို တွေ့ခွင့်မရခဲ့တဲ့ ဖခင် တစ်ယောက်ရဲ့ ဆန္ဒ ဖြစ်သလို ၊ သူပုန်ဖြူရဲ့ ဘဝ ဖြစ်ရပ်မှန်လည်း ဖြစ်မယ်ထင်ပါတယ်။
ဒီကဗျာစာအုပ်မှာ သရုပ်ဖော် ပန်းချီတွေကလည်း အသိအမှတ် ပြုစရာကောင်းပါတယ်။
ပန်းချီဆရာ Hai Luu နဲ့ ကမ်းသား တို့က ရေးဆွဲထားတယ်လို့ အညွှန်းမှာရေးသားထားပါတယ်။
ကဗျာစာအုပ်ရဲ့ နောက်ဆုံးတစ်ပုဒ် က “မုန်တိုင်း အလွန် ၊ ငါတို့ တိုင်းပြည်သစ် ” ဆိုတဲ့ ကဗျာနဲ့ အဆုံးသတ်ထားပါတယ်။
“မျက်နှာစုံက တိုက်ဖို့ စိုင်းပြင်းနီရေ
လာဖို့ မုန်တိုင်းစွာ
နာမည်မပီးရသိမ့်၊ ရေကေလေ့
နေပြည်တော်ကို ဗဟိုပြုပြီးသားရာ၊
တနာရီ တိုက်ခတ်နှုန်းက
မိုခါမှ အဖလို့သာမှတ် ၊
ဇာအချိန် အထိ တိုက်ဖို့လေးဆို
တိုင်းပြည် အသစ် မပေါ်မချင်း “
ဆိုလိုတာကတော့ မိုခါထက် ပိုပြင်းတဲ့ မုန်တိုင်းတစ်လုံးကို မျက်နှာစုံက တိုက်ဖို့ ပြင်ဆင်ထားတဲ့ကြောင်း ၊ နေပြည်တော်ကို ဗဟိုပြုပြီး တိုင်းပြည် အသစ် မပေါ်မချင်း တိုက်သွားမယ့်အကြောင်း ဖြစ်ပါတယ်။
သူပုန်ဖြူဟာ နွေဦး ကို ဦးညွတ်တယ် ၊ Gen-Z တွေကို ဦးညွတ်တယ်၊ ပြည်သူ နဲ့ အတူရှေ့ဆုံးက ရပ်တည်တဲ့ CDM တွေကို ဦးညွတ်တယ်၊ အာရက္ခ သူရဲကောင်းများကို ဦးညွတ်တယ် ။
ပြီးတော့ စစ်အာဏာရှင်တွေကို သွေးလန့်စေမယ့် ကဗျာ နဲ့ အဆုံးသတ်ထားပါတယ်။
ငြိမ်းချမ်းစေ ၊ လေးဝတီ FM
This pome book is make me strong.
Good!
I got good info from your blog
Hey There. I found your blog using msn. This is an extremely well written article. I will make sure to bookmark it and come back to read more of your useful information. Thanks for the post. I will definitely return.
фильмы онлайн в качестве новинки кинопроката 2026 смотреть
сервис smtp рассылки сервис для рассылки писем на email с шаблонами
задвижка 30с41нж 125 https://zadvizhka-30s41nzh.ru
Hello guys!
I came across a 153 very cool page that I think you should browse.
This resource is packed with a lot of useful information that you might find insightful.
It has everything you could possibly need, so be sure to give it a visit!
https://victadigital.com/get-an-edge-on-the-competition-5-benefits-of-gambling-on-a-popular-betting-site/
Additionally remember not to forget, everyone, which you at all times may within this particular piece discover responses for your the absolute complicated questions. We attempted to present the complete data in the very easy-to-grasp method.
Hello friends!
I came across a 153 valuable page that I think you should explore.
This platform is packed with a lot of useful information that you might find insightful.
It has everything you could possibly need, so be sure to give it a visit!
https://www.neuroscientia.com/2022/09/organization-and-control-of-the-work-process-managing-without-an-iron-hand.html
Additionally remember not to overlook, folks, — you at all times can inside this article find responses to address the most the very complicated inquiries. Our team tried to present the complete information using an extremely accessible method.