Laywaddy FM

ULA/AA သိမ်းပိုက်ထားတဲ့ မောင်ရွှေလေးရေတပ် ကို စစ်ကောင်စီ အလစ်အငိုက် တိုက်ခိုက်လာ

ULA/AA သိမ်းပိုက်ထားတဲ့ မောင်ရွှေလေးရေတပ် ကို စစ်ကောင်စီ အလစ်အငိုက် တိုက်ခိုက်လာ

ULA/AA ထိမ်းချုပ်ထားတဲ့ သံတွဲမြို့နယ် ၊ မောင်ရွှေလေးရေတပ် အနီးဝန်းကျင်မှာ စစ်ကောင်စီရဲ့ နေဗီ နှစ်စီးသုံးစီးခန့် ရောက်ရရှိလာပြီး ကမ်းခြေဘက်ကို လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေ ဖြစ်ပေါ်နေတယ် လို့ သတင်းရရှိပါတယ်။

ဇွန်လ ၅ ရက်က မောင်ရွှေလေး ၊ ဂျိတ္တော ၊ ငပလီ ကမ်းခြေတစ်လျှောက်ကို ပင်လယ်ပြင်ထဲက နေ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့ပြီး နေအိမ်အဆောက် အအုံတချို့ ထိခိုက်ပျက်စီးခဲ့တယ်လို့ မြေပြင်သတင်းရင်းမြစ်က ပြောပါတယ်။

“မာန်အောင်ဘက်က ဆင်းလာ တဲ့ စစ်ကောင်စီနေဗီ ၂စီး ၃စီးဟာဒီမနက် ၊ ငပလီကမ်းခြေဘက်ကို လက်နက်ကြီးတွေနဲ့ လှမ်းပစ်တယ်အထိအခိုက်အပျက်စီးအချို့ရှိတယ်လို့သိရတယ်” လို့ ဒေသခံ သတင်းရင်းမြစ်က ပြောပါတယ်။

စစ်ကောင်စီဟာ ရန်ကုန် ၊ စစ်တွေ ၊ မာန်အောင် ရေကြောင်း ကို လက်ရှိအချိန်ထိ ထိမ်းချုပ်ထားဆဲဖြစ်ပါတယ်။ အဲ့ဒီကနေ တဆင့် တိုက်ခိုက်ရေး နေဗီတွေကို အာရက္ခတပ်တော် ထိမ်းချုပ်ထားတဲ့ မြို့တွေ ဆီ ချည်းကပ်ပြီး ရေကြောင်းက တိုက်ခိုက် လာတာလည်းဖြစ်ပါတယ်။

အဲ့ဒီနေဗီသဘေ်ာတွေဟာ စစ်ကောင်စီ ထိမ်းချုပ်ထားဆဲမြို့တစ်မြို့ဖြစ်တဲ့ မာန်အောင်ကျွန်းက ရေပြင်က နေ ၊ အလှမ်းမှီသလောက်ဝင်ရောက်လာတာဖြစ်ပြီး သံတွဲမြို့နဲ့ အနီးဆုံး ပင်လယ်ရေပြင်မှာ ကျောက်ချ ရပ်နားထားတယ်လို့ ဆိုပါတယ်။

ကမ်းခြေတစ်လျှောက်မှာ နေထိုင်ကတဲ့ ရေလုပ်သားတွေဟာ ပင်လယ်ပြင်ထွက်ဖို့ အခက်အခဲ ဖြစ်နေပြီး ၊ ရေတပ် အန္တာရာယ်ကို ဒုတိယ အကြိမ်စိုးရိမ်နေကြရတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

“အခုကအယင်လို မဟုတ် သံတွဲ တခွင်က ပင်လယ်မှာနေဗီကနေ့တိုင်းရှိနေတယ် ၂စီးမဟုတ်ရင် ၃စီးဘဲ ၊ အခုဆိုငါးရှာလည်းမထွက်ကြဘူး ။ ကမ်းစပ်မှာ တဲထိုးနေတဲ့ လူတွေလည်း အခု ပြန်ပြီး ပြောင်းပြေးရတယ်” ငပလီကမ်းခြေဒေသခံ သတင်းရင်းမြစ်က လေးဝတီ FM ကို ပြောပါတယ်။

အာရက္ခတပ်တော်ဟာ သံတွဲမြို့ကို ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၅ ရက်နေ့က အပြီးသတ်သိမ်းပိုက်ထားပြီး မောင်ရွှေလေးမှာ အခြေစိုက်ထားတဲ့ ရေတပ်ဌာနချုပ်ကိုလည်း သိမ်းပိုက်ထားပါတယ်။

အဉ္စနလီညှင်း လေး၀တီFM

Kay Zue

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *