Laywaddy FM

ဘဂ်လာကို ကုန်ကူးတဲ့ နွားကုန်သည်တွေကြောင့် ရခိုင်မှာ ထွန်ယက်စိုက်ပျိုးဖို့ နွားမရှိ ဖြစ်နေ

ဘဂ်လာကို ကုန်ကူးတဲ့ နွားကုန်သည်တွေကြောင့် ရခိုင်မှာ ထွန်ယက်စိုက်ပျိုးဖို့ နွားမရှိ ဖြစ်နေ

အာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့ မင်းပြားနဲ့ မြေပုံမြို့နယ် ရှိ လယ်သမားအများစုဟာ လယ်ယာမြေတွေ ထွက်ယက်စိုက်ပျိုးဖို့ ခက်ခဲနေကြတယ်လို့ သတင်းရရှိပါတယ်။

အကြောင်းကတော့ ကျွဲနွားကုန်သည်တွေဟာ ၊ ရောင်းတန်းဝင်တဲ့ ကျွဲနွား ရာနဲ့ ချီ ကို ပြည်ပ နိုင်ငံတွေဆီတင်ပို့ကုန်ကူးလိုက်ကြပြီး တောင်သူတွေဟာ ဒေသတွင်းမှာ လယ်ယာထွန်ယက်ဖို့တောင် နွားမရှိဖြစ်နေကြတဲ့ အခြေအနေ ပါ။

အရင်က နွားတွေရှိပေမယ့် စစ်ပွဲကြောင့် ကစဉ့်အလျားပြေးနေရချိန်မှာ ၊ မသမာသူတွေက ခိုးယူပြီး နွားပွဲစားတွေ ဆီသွားရောင်းတဲ့ အမှုတွေလည်းရှိခဲ့တယ်လို့ဆိုပါတယ်။

” အရင်က နွား ၄ကောင်ရှိတာ ၁ ကောင်ကမိုင်းထိသေတယ်။ ကျန်တဲ့ နွားတွေကိုတော့ စစ်ဘေး ရှောင်နေတုန်း အဆင်ပြေတဲ့ဈေးနဲ့ ရောင်းလိုက်ရတယ်။ ကိုယ့်လယ်စိုက်မယ့်အခါတော့ နွားရှိတဲ့လူတွေ အကုန်လုံးက ရောင်းပြီးနေပြီ ငှားစရာနွားလည်းမရှိတော့ဘူး” လို့မြေပုံက တောင်သူတစ်ဦးက ပြောပါတယ်။

အရင်တုန်းကတော့ မပြေလည်တဲ့ သူက ကျွဲနွားတွေ ထုတ်ရောင်းလိုက်ပေမယ့် ၊ ဟိုဘက်ရွာ ဒီဘက်ရွာ ပြန်လည်ငှားရမ်းအသုံးပြုနေနိုင်ခဲ့ကြတာလည်းဖြစ်ပါတယ်။

ဒါပေမယ့် ဒီတစ်ခေါက်မှာတော့ နွားကုန်သည်တွေက ပြည်မကို အလုံးအရင်းပို့တဲ့ အခါမှာ နွားတွေဟာ ရှားသထက် ရှားပါးလာတာဖြစ်ပါတယ်။

ရခိုင်မှာ နွားမွေးမြူရေးဟာ ခိုင်းနွားများကို မွေးမြူတဲ့ အဆင့်သာရှိပြီး ၊ အသားစား ကျွဲနွားမွေးမြူရေးလုပ်ငန်းကို လုပ်ကိုင်ခြင်းမရှိသေးတဲ့ အတွက်

နွားတွေကို အစုလိုက်အပြုံလိုက်တင်ပို့တာ ဟာ တောင်သူတွေကို အခုလို အခက်ကြုံစေတာဖြစ်ပါတယ်။

လေးမြို့ချောင်းနဘေးက ဧက ဆယ် နဲ့ချီပြီး ကျယ်တဲ့ လယ်ပိုင်ရှင် အချို့ကတော့ စက်နဲ့ ထွန်ယက်ကြပေမယ့် သူတို့မှာလည်း ဆီဈေးတက်တဲ့ ပြသနာကို ရင်ဆိုင်နေရပါတယ်။

“လယ်ဧက ၂၀ ကျော်ရှိတယ် ။ အခုက လယ်ထွန် အငှားလိုက်ဖိုးလူလည်းမရှိ စက်သမားတွေလည်းအငှားရှာမရ ၊ အဲဒါနဲ့ ၂ ဧက လောက်ပဲနွားနဲ့ထွန်ပြီးစိုက်တော့ရမယ် ၊ မဟုတ်ရင် လာမယ့်နှစ် စားစရာမရှိဘူး ” လို့ မင်းပြား မြို့နယ် က တောင်သူတစ်ဦးက ပြောပါတယ်။

ရခိုင်ပြည် က လယ်သမားအများစုဟာ ၂၀၂၁ စစ်အာဏာ​သိမ်း​ပြီးနောက်ပိုင်းကစပြီး လယ်ယာများကို ပိုင်ဆိုင်သည့်ဧကအလိုက်မစိုက်ပျိုးနိုင်တော့တာ ဖြစ်ပါတယ်။

ရခိုင်ပြည်သိမ်းတိုက်ပွဲကြီး အတွင်းမှာလည်း တောင်သူတွေဟာ လယ်ယာတွေကို ပစ်ချထားခဲ့ရတာဖြစ်ပါတယ်။ တိုက်ပွဲပြီးကာလ ပြန်လည်ထွန်ယက်မယ့်အချိန်မှာ အခုလို ခိုင်းနွားတွေ မရှိတော့တဲ့ ပြသနာ နဲ့ ရင်ဆိုင်နေကြရတာပါ။

အဉ္စနလီညှင်း ၊ လေး၀တီFM

Kay Zue

Related Posts

2 thoughts on “ဘဂ်လာကို ကုန်ကူးတဲ့ နွားကုန်သည်တွေကြောင့် ရခိုင်မှာ ထွန်ယက်စိုက်ပျိုးဖို့ နွားမရှိ ဖြစ်နေ

  1. Yo, checked out fun88tntf the other day. Not bad, not bad at all! Lots of games to choose from and the site was easy enough to navigate. Worth a look if you’re on the hunt for a new spot. fun88tntf

Leave a Reply

Your email address will not be published. Required fields are marked *