Laywaddy FM

ရခိုင်ပြည် ခရိုင်လေးခုက ဝန်ထမ်းတွေ တာဝန်ပြန်ထမ်းဆောင်ဖို့ ပြင်ဆင်ထားရန် စစ်ကော်မရှင် ညွှန်ကြားထား

ရခိုင်ပြည် ခရိုင်လေးခုက ဝန်ထမ်းတွေ တာဝန်ပြန်ထမ်းဆောင်ဖို့ ပြင်ဆင်ထားရန် စစ်ကော်မရှင် ညွှန်ကြားထား

သံတွဲ ၊ တောင်ကုတ် ၊ ဂွ ၊ အမ်း မြို့နယ် တွေ က စစ်ကော်မရှင်လက်အောက်ခံဝန်ထမ်းတွေ ကို မူလနေရာမှာ ပြန်လည်ထမ်းဆောင်ဖို့ လျှို့ဝှက်ညွှန်ကြားစာ တစ်စောင် ပေါက်ကြားလာပါတယ်။

စစ်ကောင်စီ ညွှန်ကြားချက်မှာ သ◌ြဂုတ်လ ၂၆ ရက် ရက်စွဲနဲ့ ဖြစ်ပြီး ကြိုတင် စုဖွဲ့မှုတွေ ပြုလုပ်ထားဖို့ ညွှန်ကြားထားတယ် လို့ တောင်ကုတ်မြို့က ပြောင်းရွှေ့သွားတဲ့ ဝန်ထမ်းတစ်ဦးက ပြောပါတယ်။

“ခရိုင်အဆင့်ဝန်ထမ်းတွေကို စာထုတ်ထားပါတယ်၊ ကိုယ့်လက်အောက်ကလူတွေကို ဆက်သွယ်ပြီး စုဖွဲ့ထားဖို့ ပြောပါတယ် ၊ သူတို့ စစ်ဘက် မှာတော့ လာမယ့် အပတ်ထဲမှာ ထိုးစစ်ပြန်ဆင်မယ် ဆိုပြီး ပြောနေပါတယ် ” လို့ ညွှန်ကြားရေးမှူးအဆင့်ရှိတဲ့ စစ်ကော်မရှင် ဝန်ထမ်းတစ်ဦးက အတည်ပြုပါတယ်။

လျှို့ဝှက်စာ မှာပါတဲ့ သံတွဲခရိုင် ၊ တောင်ကုတ်ခရိုင် ၊ ဂွခရိုင် ၊ အမ်းခရိုင် တို့ဟာ မြေပြင်အနေအထားအရ ၊ အာရက္ခ ပြည်သူ့အစိုးရက စီမံအုပ်ချုပ်နေတဲ့ မြို့တွေ ဖြစ်ပါတယ်။

အဲ့ဒီမြို့တွေ နဲ့ ပတ်သက်ပြီး မြေပြင်အခြေအနေကို စုံစမ်းကြည့်တဲ့ အခါ

“မြေပြင်မှာတော့ အားလုံးပုံမှန်ပါပဲ ၊ ဒီလိုမျိုး ဖြစ်လာနိုင်စရာ မရှိပါဘူး။ သူတို့ ဘက်က ဝါဒဖြန့်မှု သက်သက်ပါ ” လို့ ULA/AA နဲ့ နီးစပ်သူ အမျိုးသားတစ်ဦးက ပြောပါတယ်။

စစ်ကော်မရှင်ဘက်က ထုတ်ပြန်တဲ့ ရွေးကောက်ပွဲ မကျင်းပနိုင်တဲ့ မြို့တွေ စာရင်းမှာလည်း ဒီမြို့နယ် လေးခု မပါဝင်တာကိုတွေ့ရပါတယ်။

စစ်ကော်မရှင်ဘက်က ဒီမြို့နယ်လေးခုက နေ ၊ စစ်ရှောင် လာတဲ့ လူထုကို မဲစာရင်းမှာ တနည်းတလမ်း နဲ့ အသုံးချနိုင်တယ် ဆိုတဲ့ သုံးသပ်ချက်တွေလည်းရှိနေပါတယ်။

လေးဝတီ FM

Kay Zue

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *