အာရက္ခအစိုးရတာဝန်ကို ယူထားတဲ့ ULA/AA နဲ့ ဘဂ်လားဒေ့ရှ် အစိုးရ တို့ရဲ့ နှစ်ဖက်အပြန်အလှန်စွပ်စွဲချက်တွေဟာ တစ တစ ပြင်းထန်လာပြီး နှစ်ဖက်ညှိနှိုင်း နိုင်ဖို့ ခက်ခဲလာတဲ့ အခြေအနေကို တွေ့မြင်ရပါတယ်။
လတ်တလောမှာ ဘဂ်လားဒေ့ရှ်အစိုးရ နယ်ခြားစောင့်တပ် BGB ဟာ ရိုဟင်ဂျာ စစ်သွေးကြွ အဖွဲ့တွေကို ပံ့ပိုးနေတယ်လို့
အာရက္ခတပ်တော် ဘက်က စွပ်စွဲထားပြီး တစ်ချိန်တည်းမှာပဲ နှစ်ဖက်ညှိနှိုင်းဖို့ ထုတ်ပြန်ထားပါတယ်။
ဘဂ်လားဒေ့ရှ် အစိုးရ ဘက်က တော့ ARSA ၊ RSO စစ်သွေးကြွတွေဟာ သူတို့ နဲ့ ပတ်သက်မှုမရှိဘူးလို့ စက်တင်ဘာ ၂၉ ရက်မှာ တန်ပြန်ထုတ်ပြန်လိုက်ပါတယ်။
တဆက်တည်းမှာပဲ ULA/AA တပ်ဖွဲ့တွေဟာ မောင်တောမြောက်ပိုင်းမှာ မူးယစ်ဆေးဝါးကုန်သွယ်မှု နဲ့ ဖျော်ဖြေရေးလုပ်ငန်းတွေကို လုပ်ကိုင်နေတယ် လို့ ထပ်မံ စွပ်စွဲထားပါတယ်။
ဒါအပြင် ULA/AA တပ်ဖွဲ့တွေဟာ ရိုဟင်ဂျာလူထုအပေါ်မှာ သာမက မြို နဲ့ သက္ကမ လူမျိုးတွေ အပေါ်မှာလည်း အကြမ်းဖက်ညှင်းဆဲနေတယ် ဆိုပြီး ထည့်သွင်းပြောဆိုထားပါတယ်။
ဘဂ်လားဒေ့ရှ် အစိုးရ အာဏာပိုင်တွေဘက်က လတ်တလောမှာ ရခိုင်ဒေသကို ထိန်းချုပ်ထားတဲ့ ULA/AA ကို မူးယစ်ဆေးဝါး ကုန်သွယ်မှုတွေလုပ်ကိုင်နေတယ်လို့ ဆက်တိုက်စွပ်စွဲလာတာဖြစ်ပါတယ်။
ကုန်းမြေချင်း သာမက ရေပြင်ချင်းပါ ဆက်စပ်နေတဲ့ ရခိုင်နဲ့ ဘဂ်လားဒေ့ရှ် နယ်စပ်မျဉ်းဟာ လူကုန်ကူးမှု ၊ မူးယစ်ကုန်ကူးမှု ၊ လက်နက်ကုန်ကူးမှု ၊ သစ်မှောင်ခို ကုန်ကူးမှု ၊ နွားမှောင်ခို ကုန်ကူးမှုတွေ ခေတ်အဆက်ဆက်ရှိခဲ့တာဖြစ်ပါတယ်။
ဒီကနေ့မှာတော့ ဒီနယ်စပ်မျဉ်းဟာ စစ်သွေးကြွ လက်နက်ကိုင် အုပ်စုတွေ ဖြစ်တဲ့ARSA နဲ့ RSO လို အဖွဲ့တွေ ခြေကုတ်ယူ ပေါက်ဖွားလာတဲ့ အခြေအနေ ကို ရင်ဆိုင်နေရပါတယ်။
မြန်မာ -ဘဂ်လားဒေ့ရှ် နယ်စပ်မျဉ်းကို ULA/AA ဘက်က စတင် ထိမ်းချုပ်တာ တစ်နှစ်ကျော်သာကြာ မြင့်ပါသေးတယ်။
လေးဝတီ FM ၊ ၃၀ ၊ စက်တင်ဘာ
Молодечно, монтаж сайдинга от 15 руб за метр квадратный (работа). Цена фиксируется в договоре. Никаких доплат. Используем сертифицированный крепеж. Звоните — приедем сегодня после 17:00. монтаж сайдинга молодечно