အမျိုးသမီးသတင်းထောက် မမုဒြာကို ချက်ချင်းပြန်လွှတ်ပေးဖို့ Myanmar Women in Media (MWiM) က အောက်တိုဘာ ၃ ရက်နေ့က ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။
Border News Agency (BNA) ရဲ့ မောင်တောမြို့ အခြေစိုက် သတင်းထောက် မမုဒြာကို အာရက္ခတပ်တော် AA ဘက်က ခေါ်ယူစစ်ဆေးနေတာ
နှစ်ပတ်ကျော်ကြာမြင့်နေပြီဖြစ်ပြီး ဒါဟာ ပုဂ္ဂိုလ်ရေးဆိုင်ရာ လုံခြုံမှု နဲ့ လွတ်လပ်စွာ သတင်းရယူတင်ပြခွင့်ကို တိုက်ရိုက်ထိပါးစေတယ် လို့ ထုတ်ပြန်ထားပါတယ်။
MWiM ဟာ အမျိုးသမီးသတင်းသမားတွေ ရဲ့ ရပိုင်ခွင့်နဲ့ လုံခြုံရေးအတွက် အလုပ်လုပ်ကိုင်နေတဲ့ အဖွဲ့ဖြစ်ပြီး ၊ တိုက်ပွဲနယ်မြေနဲ့ စိန်ခေါ်မှုများတဲ့ ဒေသများတွေမှာ ရဲဝံ့စွာ တာဝန်ထမ်းဆောင်နေတဲ့ အမျိုးသမီးသတင်းထောက်တွေရဲ့ ဘေးကင်းလုံခြုံရေးအတွက် အထူးအလေးထား တယ်လို့ ထုတ်ပြန်ထားပါတယ်။
MWiM ရဲ့ တည်ထောင်သူ ဒေါ်တင်ဇာအောင်က ” ဒီလိုမျိုးစစ်ပွဲတွေ ပဋိပက္ခဖြစ်ပွားနေတဲ့ဇုံတွေမှာ သတင်းအလုပ်လုပ်ရတယ်ဆိုတာ သတင်းထောက်တွေက ပြည်သူတွေ ရဲ့ သတင်းသိပိုင်ခွင့်အတွက် အလုပ်လုပ်နေတာဖြစ်တယ်။
အဲ့ဒီဟာကိုနားလည်ပြီးတော့ သတင်းသမားတွေကိုလေးစားဖို့ လိုပါတယ်။ သတင်းအလုပ်လုပ်တယ်ဆိုတာ ပြစ်မှုကျူးလွန်တာမဟုတ်ပါဘူး၊အခုဆိုရင် ဖမ်းဆီးစစ်ဆေးနေတာလည်း နှစ်ပတ်ကျော်ကြာနေပြီဖြစ်ပါတယ်။ အဲ့ဒါကြောင့် လွှတ်ပေးဖို့လိုတယ် ဆိုတာ အသိပေးချင်တာပါ။ ဒီဟာရဲ့ အကျိုးသက်ရောက်မှုအနေနဲ့ ပြည်သူအတွက် သိသင့်သိထိုက်တဲ့ သတင်းတွေ ရနိုင်ဖို့ခက်ခဲသွားမယ်လို့ မြင်ပါတယ်။ ပြီးတော့ သတင်းထောက်ကို ဖမ်းဆီးတာ လွတ်လပ်စွာထုတ်ဖော်ပြောကြားခွင့်ကို ကန့်သတ်တာ ၊ ဒီမိုကရေစီကို ထိပါးတာဟာ ကျွန်မ တို့မျှော်မှန်းထားတဲ့ အနာဂတ်နိုင်ငံ ရဲ့ အခြေအနေနဲ့ ကွဲလွဲနေပါတယ်” လို့ ပြောပါတယ်။
ULA/AA ဟာ ရခိုင်ပြည်အစိုးရ နေရာကို တာဝန်ယူထားပြီး အစိုးရတရပ်ရဲ့ အုပ်ချုပ်ရေး ယန္တယားကိုလည်ပတ်နေတာဖြစ်ပါတယ်။
နိုင်ငံတကာ နဲ့ သတင်းမီဒီယာ အဖွဲ့အစည်းတွေ ဆီမှာ လူ့အခွင့်အရေးရှုဒေါင့်ကနေ စောင့်ကြည့်ခံနေရတဲ့ ၊ အာရက္ခတပ်တော်အတွက် ကောင်းတဲ့ သက်ရောက်မှု ရနိုင်မှာ မဟုတ်ဘူးလို့ နိုင်ငံရေးလေ့လာသုံးသပ်သူတွေက ပြောကြပါတယ်။
“ခေတ်အဆက်ဆက်မှာတော့ အာဏာရှင်တွေက သတင်းမီဒီယာတွေကို ဒီလိုပဲ ဆက်ဆံကြပါတယ်။ AA ဟာ အာဏာရှင်ကိုတော်လှန်တဲ့ တော်လှန်ရေးအင်အားစု တစ်ခု လို့ ကျွန်တော်တို့ မြင်ပါတယ်။ ဒီလို ထိခိုက်လွယ်တဲ့ ကိစ္စတွေ ကို ကိုင်တွယ်တဲ့ နေရာမှာ ပိုပြီး အမြော်အမြင်ရှိဖို့လည်းမျှော်လင့်ပါတယ် “ လို့ နိုင်ငံရေး လေ့လာသုံးသပ်သူ တစ်ဦးက ပြောပါတယ်။
ULA/AA ဦးဆောင်အကောင်အထည်ဖော်နေတဲ့ လွတ်မြောက်ဒေသတွေမှာလည်း ဌာနေ သတင်းထောက်တွေ ရှိနေပြီး အဲ့ဒီသတင်းထောက်တွေရဲ့ လုံခြုံရေးအပေါ်မှာလည်း စိုးရိမ်မှုတွေရှိလာပါတယ်။
“ဒီမှာ လေကြောင်းလုံခြုံရေးနဲ့ ပတ်သက်ပြီး တချို့ဟာတွေ မဖော်ပြဖို့ အထူးဂရုစိုက်ဖို့တော့ ကန့်သတ်ထားတယ်။ တခြားအခြေအနေ က တော့ အဖြစ်အပျက်တစ်ခုခု ဖြစ်တဲ့နေရာတွေကို တာဝန်ရှိသူကို အကြောင်းကြားပြီးမှ သွားကြရတာများတယ်။ ဒီအခြေအနေမှာတော့ အားလုံးကို သတိထားနေရတယ် ” လို့ ဒေသတွင်းမှာ ရှိတဲ့ သတင်းထောက် တစ်ဦးက ပြောပါတယ်။
အာရက္ခတပ်တော်ဘက်က ဒေသတွင်းသတင်းအချက်အလက်တွေကို ထုတ်ပြန်တဲ့ နေရာမှာ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက လွဲရင် တခြား အစိုးရအဖွဲ့ထဲမှာ ပါဝင်သူတွေကို သတင်းမီဒီယာတွေနဲ့ ပြောဆိုဆက်ဆံဖို့ ကန့်သတ်ထားပါတယ်။
သတင်းထောက် မမုဒြာကို ပြန်လွှတ်ပေးဖို့ နိုင်ငံတကာသတင်းသမားကာကွယ်ရေးအဖွဲ့ (CPJ) ၊ မြန်မာသတင်းစာဆရာများအဖွဲ့ (IMJA) ၊တို့က လည်း ထုတ်ပြန်တောင်းဆိုထားပါတယ်။
Simply wanna remark that you have a very nice website , I enjoy the layout it really stands out.
Seubet? Okay, sounds interesting. Anyone used them for sports betting? What are the odds like? Giving seubet a try if it’s worth it!
Brazzino777mx tiene un ambiente muy festivo! Me recuerda a las noches de casino con amigos. Divertido y con opciones para todos los gustos. Visiten brazzino777mx.
Downloaded tải poker king from taipokerking.com. The game is actually pretty good. Lots of folks playing, and the tables are active. Good way to up your poker game. Good Luck! tải poker king
Very interesting details you have remarked, regards for posting.