သံတွဲ နဲ့ ဂွမြို့နယ်က ငါးဖမ်းသမားတွေကို ညအချိန် ပင်လယ်ပြင် လုံးဝမထွက်ကြဖို့ အောက်တိုဘာ ၁၉ ရက်က
အာရက္ခတပ်တော်ဘက်က ထုတ်ပြန်လိုက်ပါတယ်။
ပင်လယ်ပြင်မှာ ရှိတဲ့ စစ်ကောင်စီ သဘေ်ာတွေရဲ့ စစ်ရေးလှုပ်ရှားမှုတွေဟာ ပိုမိုနီးကပ်လာပြီး ၊ ဒေသတွင်းက ငါးဖမ်းလှေတွေကို ဖမ်းဆီးခေါ်ဆောင်တာ ၊ သတ်ဖြတ်တာတွေ လုပ်လာတဲ့ အတွက်အခုလို တားမြစ်လိုက်တာဖြစ်ပါတယ်။
ထုတ်ပြန်ချက်ထဲမှာ ဒေသခံပြည်သူတွေရဲ့ လုံခြုံရေးအတွက် မနက် (၆) နာရီကနေ ည (၆) နာရီအထိ ငါးဖမ်းခွင့် ရှိပြီး ၊
ညပိုင်းပင်လယ်ပြင်ထွက်ခွင့်ကို အကန့်အသတ်မရှိ ပိတ်ပင်လိုက်တယ်လို့ ရေးသားထားပါတယ်။
တစ်ဖက်မှာလည်း လတ်တလောမှာ ဒေသခံတွေရဲ့ အလုပ်အကိုင်နဲ့ စားနပ်ရိက္ခာ ရရှိရေးကို ရေလုပ်ငန်းက အဓိက ဖြေရှင်းပေးနေတာလည်းဖြစ်ပါတယ်။
“ကျွန်တော်တို့ ပိုက်ကြီးတွေက ပင်လယ်ကို ညအိပ်ခရီးထွက်ရတာ ၊ တစ်ည အနည်းဆုံးထွက်ကြရတာ ၊ပင်လယ်ထဲမှာ မီးထွန်းပြီး ငါးဖမ်းရတာဖြစ်ပါတယ်။ ပင်လယ်ထဲမှာ မီးထွန်းထားတော့ ၊ ရေတပ်က ကျွန်တော်တို့ကို လွယ်လွယ်တွေ့နိုင်တယ်အသက်နဲ့ ရင်းပြီးရှာရတာ ” လို့ သံတွဲဒေသခံ ကျော့ပိုက်လုပ်ငန်း လုပ်ကိုင်သူ တစ်ဦးက ပြောပါတယ်။
ရခိုင်လူထုအနေနဲ့ လတ်တလောမှာ ပင်လယ်ရေပြင်ကရတဲ့ သားငါး သယံဇာတကိုသာ အဓိကအားထားနေရတာဖြစ်ပါတယ်။
စစ်ရေးမငြိမ်သက်မှုတွေကြောင့် ရေလုပ်ငန်းလုပ်ကိုင်သူတွေကို သက်ရောက်လာမှုကြောင့် ဒေသတွင်း စားနပ်ရိက္ခာရရှိရေးကိုလည်းသက်ရောက်လာမှာဖြစ်ပါတယ်။
စစ်ကောင်စီရဲ့ စစ်ရေးပြင်ဆင်မှုတွေဟာ ရေပြင်ကို အဓိကထားနေတာပြီး ဂွနဲ့ သံတွဲ မြို့နယ်ထဲက ရေပြင်မှာ နေရာယူထားတာဖြစ်ပါတယ်။
ဒါအပြင် ဒေသခံငါးဖမ်းသမားတွေကို ဖမ်းဆီးသတ်ဖြတ်ခြင်းတွေကိုလည်း ဆက်တိုက်ကျူးလွန်နေပါတယ်။
အာရက္ခတပ်တော်အနေနဲ့ ရခိုင်ပြည်ကို သိမ်းပိုက်ထားပြီးဖြစ်ပေမယ့် ရေကြောင်းနဲ့ လေကြောင်း စိန်ခေါ်ချက်တွေကို ရင်ဆိုင်နေရဆဲဖြစ်ပါတယ်။
လေးဝတီ FM
A convenient car catalog auto ae catalog brands, models, specifications, and current prices. Compare engines, fuel consumption, trim levels, and equipment to find the car that meets your needs.