Laywaddy FM

ရခိုင်မှာ ကလေးငယ်တွေအတွက် လေကြောင်းလုံခြုံရေး အစီအမံတွေ လိုအပ်လာပြီ

ရခိုင်မှာ ကလေးငယ်တွေအတွက် လေကြောင်းလုံခြုံရေး အစီအမံတွေ လိုအပ်လာပြီ

စစ်ကော်မရှင်ဘက်က ဆက်တိုက်ပြုလုပ်လာတဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ရခိုင်ဒေသမှာ အမျိုးသမီးနဲ့ ကလေးငယ်များစွာအသက်ပေးနေရပါတယ်။

၂၀၂၅ စက်တင်ဘာကနေ ဒီဇင်ဘာလ အထိ လေးလတာအတွင်းမှာ ကျောက်တော်တစ်မြို့နယ်တည်းက ကလေးငယ်အယောက် ၅၀ ကျော် ထိခိုက်နစ်နာဆုံးရှုံးခဲ့ရပြီဖြစ်ပါတယ်။

ဒါဟာ ကလေးငယ်တွေ အတွက် လေကြောင်းလုံခြုံရေး အစီအမံတွေ အရေးပေါ်လိုအပ်လာပြီ ဆိုတဲ့ သတိပေးချက်လည်းဖြစ်ပါတယ်။

“တကယ် ကြဲတော့မယ်ဆိုရင် လေယာဉ် သံကနောက်မှ ကြားရတာ ပစ်တာကအရင် ၊ အသံကြားရင် ပစ်ပြီးသွားပြီ ရှောင်ဖို့မရဘူး ၊ဗုံးခိုကျင်းလဲမသွားနိုင်ဘူး ၊ မွေးထားတဲ့ကလေးကို ဘယ်လို အသက်ရှင်အောင်ထားရမယ် ဆိုတာ မတွေးတတ်တော့ဘူး “ လို့ ကျောက်တော်ဒေသခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

အာရက္ခတပ်တော် ရဲ့ ဒီနေ့မနက်ပိုင်းထုတ်ပြန်ချက်မှာ ကျောက်တော်မြို့ “ကြောင်ဖိုရွာ” လေကြောင်းတိုက်ခိုက်မှုကြောင့် တိုက်ခိုက်ခံရမှုမှာ အရပ်သား (၇) ဦးသေဆုံးခဲ့ပြီး ၊ ၁၀ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒီအထဲမှာ ကလေးငယ် နှစ်ဦးသေဆုံးခဲ့သလို ၊ နောက်ထပ် ၁၂ နှစ်အောက်ကလေး (၆) ဦးဟာ ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ အတည်ပြုပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလထဲမှာလည်း ကျောက်တော်မြို့နယ် သရက်တပင်ကျေးရွာမှာရှိတဲ့ ကိုယ်ပိုင်အထက်တန်းကျောင်း ဗုံးကြဲခံရမှု မှာ အသက် ၁၈ နှစ်အောက်ကလေးငယ် ၂၂ ဦးသေဆုံးခဲ့ရသလို ၊နောက်ထပ် ၂၀ ဟာလည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။

“ဒဏ်ရာရတဲ့ ကလေးတွေကို ဆေးကုပေးပေမယ့် တချို့က ခြေလက်အဂ်ါတွေ မသန်စွမ်းတဲ့အထိဖြစ်သွားပါတယ်၊ စိတ်ပိုင်းဆိုင်ရာတော့ မပြောနဲ့တော့ “ လို့ ဒေသတွင်းမှာ ကူညီကယ်ဆယ်ရေးတွေ လုပ်ကိုင်နေသူ တစ်ဦးက ပြောပါတယ်။

စစ်ပွဲအတွင်းအရပ်သားသေဆုံးထိခိုက်မှုနှုန်းထက် ၊ မြို့သိမ်းတိုက်ပွဲ အပြီးမှာ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သားထိခိုက်မှုတွေ ပိုတိုးလာတာ ဖြစ်ပါတယ်။

စစ်ကော်မရှင်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အမျိုးသမီးတွေနဲ့ ကလေးတွေ မကြာခဏသေဆုံးနေကြပြီး ဒေသတွင်းမှာ နေထိုင်သူတွေရဲ့ စိတ်ပိုင်း နဲ့ ရုပ်ပိုင်းဆိုင်ရာ မလုံခြုံမှုတွေ ကို ကုစားဖို့ လိုအပ်လာပါတယ်။

လေးဝတီFM

Kay Zue

Related Posts

42 thoughts on “ရခိုင်မှာ ကလေးငယ်တွေအတွက် လေကြောင်းလုံခြုံရေး အစီအမံတွေ လိုအပ်လာပြီ

  1. Thhis is really fascinating, You are ann overlyy professionaal blogger.
    I havfe joined yoyr feed aand llok forward tto iin quest oof more oof yoir
    magnificent post. Also, I’ve shnared youur siote in mmy social networks

  2. Simply want to say your article is as amazing. The clarity in your post is just great and i can assume you’re an expert on this subject. Fine with your permission allow me to grab your feed to keep up to date with forthcoming post. Thanks a million and please keep up the gratifying work.

  3. Substantially, the post is really the best on this laudable topic. I concur with your conclusions and will eagerly watch forward to your future updates.Just saying thanx will not just be enough, for the wonderful lucidity in your writing.

  4. Nice blog here! Also your web site loads up very fast! What host are you using? Can I get your affiliate link to your host? I wish my web site loaded up as fast as yours lol

  5. I’ve been surfing online more than 3 hours today, yet I never found any interesting article like yours. It’s pretty worth enough for me. In my view, if all web owners and bloggers made good content as you did, the net will be much more useful than ever before.

  6. Hello this is kinda of off topic but I was wondering if blogs use WYSIWYG editors or if you have to manually code with HTML. I’m starting a blog soon but have no coding knowledge so I wanted to get advice from someone with experience. Any help would be enormously appreciated!

  7. What i discover troublesome is to find a weblog that may capture me for a minute however your blog is different. Bravo.

  8. Greetings! This is my first visit to your blog! We are a collection of volunteers and starting a new initiative in a community in the same niche. Your blog provided us beneficial information. You have done a wonderful job!

  9. Hello this is kinda of off topic but I was wondering if blogs use WYSIWYG editors or if you have to manually code with HTML. I’m starting a blog soon but have no coding knowledge so I wanted to get advice from someone with experience. Any help would be enormously appreciated!

  10. Hello this is kinda of off topic but I was wondering if blogs use WYSIWYG editors or if you have to manually code with HTML. I’m starting a blog soon but have no coding knowledge so I wanted to get advice from someone with experience. Any help would be enormously appreciated!

  11. Pretty nice post. I just stumbled upon your weblog and wanted to say that I’ve really enjoyed surfing around your blog posts. After all I’ll be subscribing in your feed and I am hoping you write again very soon!

Leave a Reply

Your email address will not be published. Required fields are marked *