ရန်ကုန်မြို့မှာ လူမှုကူညီရေးလုပ်ငန်းတွေ ဆယ်စုနှစ်ကျော်လုပ်ကိုင်ခဲ့ပြီး ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီးနေရာ ကို ရနိုင်ချေ တစ်ပြေးနေတဲ့
ကိုယ်စားလှယ်လောင်း ဦးတင်ထူးအောင်ကို UEC က ကိုယ်စားလှယ်လောင်းစာရင်းက နေပယ်ဖျက် လိုက်တယ်လို့ သတင်းရရှိပါတယ်။
ကိုယ်စားလှယ်အဖြစ်က ပယ်ဖျက်ခြင်းကို စစ်ကော်မရှင်ရဲ့ ပြည်ထောင်စုရွှေးကောက်ပွဲကော်မရှင် UEC က နိုဝင်ဘာလ၂၁ရက်နေ့ ကတည်းက ရန်ကုန်တိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲကို အကြောင်းကြားခဲ့တယ်လို့ဆိုပါတယ်။
ဦးတင်ထူးအောင် ကို စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲဥပဒေပုဒ်မ ၊ ၁၀ ဎ မှာပါတဲ့ ပြဋ္ဌာန်းချက်နဲ့ ငြိစွန်းတယ်ဆိုပြီး ကိုယ်စားလှယ်လောင်းအမည်စာရင်းကပယ်ဖျက်လိုက်တာဖြစ်ပါတယ်။
ပုဒ်မ ၁၀ ဎ ဆိုတာကတော့ မတရားအသင်းအဖြစ်ကြေညာခြင်းခံထားရသော အဖွဲ့အစည်း ၊ အကြမ်းဖက်လုပ်ရပ်များကိုကျူးလွန်သည်ဟုနိုင်ငံတော်ကသတ်မှတ်သောအဖွဲ့အစည်းနှင့် ပုဂ္ဂိုလ်များ ၊ နိုင်ငံတော်အားလက်နက်ကိုင်ဆန့်ကျင်နေသော သောင်းကျန်းသူအဖွဲ့အစည်းများ သို့မဟုတ် ယင်း အဖွဲ့အစည်းဝင်များ နှင့် ဆက်သွယ်ကြောင်း ခိုင်လုံသောအထောက်အထားရှိသူသည် ရွှေးကောက်ပွဲတွင်ရွှေးကောက်တင်မြှောက်ခံ ပိုင်ခွင့်မရှိရ လို့ စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲ ဥပဒေမှာပါဝင်ပါတယ်။
စစ်ကော်မရှင် ရွေးကောက်ပွဲမှာ ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီးနေရာဝင်ပြိုင်ကြမယ့် ကိုယ်စားလှယ်လောင်း (၇) ဦးထိရှိခဲ့ပေမယ့် အခုဆိုရင် (၆) ဦးသာကျန်ရှိတော့တာဖြစ်ပါတယ်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဦးနေမင်းထွန်း ၊ ပြည်သူ့ပါတီ ဦးသာစိန်၊ ပြည်သူ့ရှေ့ဆောင်ပါတီ ဒေါ်အေးမာလွင်(ခ)ခင်အေးမြင့် ၊ ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ ၊ ကျားဖြူ ဦးတင်မောင် ၊ ငြိမ်းချမ်းရေးအကျိုးဆောင်ပါတီ က ဒေါ်ခင်နှင်းဆီအောင် နဲ့ တသီးပုဂ္ဂိုလ်ဦးညီညီတို့ဝင်ရောက်ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
လေးဝတီFM
For the lives I’m playing, I look for 58jllive it’s safe, secure and helpful. Its site is super easy to access!