ရခိုင်ပြည် ကျောက်ဖြူမြို့နယ် မှာ စစ်ဘေးရှောင်နေရတဲ့ ဒေသခံတွေရဲ့ စပါးခင်းတွေကို စစ်ကော်မရှင်တပ် က ဝင်ရောက်ရိတ်သိမ်းပြီး ၊ တပ်ပိုင်ကား တွေ နဲ့ သယ်ယူနေတယ်လို့ ဒေသခံ လယ်သမားတွေဆီက သတင်းရရှိပါတယ်။
စစ်ကော်မရှင်နဲ့ အာရက္ခတပ်တော်တို့ တိုက်ပွဲတွေဖြစ်ပွားပြီး ဒေသခံတွေ စစ်ဘေးရှောင်နေရချိန်မှာ စစ်ကော်မရှင်တပ် က သပြုတောင်၊ဒိုးမတောင်၊ဂေါ်တူတောင် ပတ်ဝန်းကျင်ရွာတွေမှာရှိတဲ့ စပါးခင်းတွေကို ဝင်ရောက်ရိတ်သိမ်းပြီး စစ်တပ်အတွင်းကို ကားနဲ့ သယ်ယူနေတယ်လို့ ဒေသခံ လယ်သမားတွေ ကပြောပါတယ်။
“ကားနဲ့ ညနေဖက်ဆို ခမရ ၅၄၃ တပ်ရင်းဘက် ကို နေ့တိုင်း ကောက်လှိုင်းစည်းတွေတင် သွားကြပါတယ်” လို့ မျက်မြင်ဒေသံတွေက ပြောပါတယ်။
ကျောက်ဖြူမြို့နယ်မှာ တိုက်ပွဲတွေပြင်းထန်နေပြီး ကျေးရွာတစ်ရာကျော် က ရွာသားတွေဟာ အိုးအိမ်စွန်ခွာပြေးနေကြရပါတယ်။
လက်ရှိအချိန်ဟာ စပါးရိတ်သိမ်း တဲ့ ကာလဖြစ်ပြီး ဧက ရာနဲ့ ချီတဲ့ စပါးခင်းတွေကို လက်လွှတ်ခဲ့ရတာဖြစ်ပါတယ်။
” တချို့ရွာတွေကို အရင်က အေအေ ထိန်းချုပ်ထားတဲ့ရွာတွေ ဖြစ်ပါတယ် ၊ စစ်တပ်က စစ်ကြောင်းထိုးလာပြီး နှစ်ဖက်တိုက်ပွဲဖြစ်ပြီးတဲ့ အခါ ၊ ရွာသားတွေ စစ်ဘေးရှောင်နေဖို့ ပြေးကြရတုန်း ၊ စစ်ကောင်စီ တပ်တွေက ဝင်ရိတ်နေကြတာပါ။ ကျွန်တော်တို့ အတွက် တစ်နှစ်စာ စားနပ်ရိက္ခာဖြစ်ပါတယ်” လို့ သပြုတောင် က စစ်ဘေးရှောင်လာသူ တစ်ဦးက ပြောပါတယ်။
ရိတ်သိမ်းထားတဲ့ စပါးတွေကို စစ်တပ်သုံး ကားတွေနဲ့ အမှတ် ၃၂ ရဲတပ်ရင်း၊သစ်ပုတ်တောင်ဌာနချုပ် နဲ့ ခမရ ၅၄၃ တို့ကို သယ်ဆောင်နေပြီး စစ်တပ်ရိက္ခာအတွက် အသုံးပြုဖို့ စီစဉ်နေတာဖြစ်ပါတယ်။
စစ်ကော်မရှင်တပ်တွေဟာ တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ ကျေးရွာတွေကိုလည်း ဒရုန်းဗုံးတွေနဲ့ ပစ်ခတ်နေတဲ့အတွက် ကျောက်ဖြူမြို့နယ်ထဲက စပါးရိတ်နေတဲ့ အမျိုးသမီးနှစ်ဦးဟာလည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။
အမ်းချောင်းသူ၊လေးဝတီFM
Gold365app, huh? I’ve been messing around with it and honestly, I’m kinda impressed. The interface is clean, and loading times are quick. Good casino app if you ask me gold365app
Speaking of Tirangagameapp, I came across some interesting games using it. It offers diverse mini-games and provides very fast payouts. If you are looking for this then check it out! tirangagameapp
Need to log in to IV88? iv88login makes it easy, simple and to the point. Found what I needed right away. Saves me time and frustration. Check it out iv88login