ရခိုင်ပြည် ကျောက်ဖြူမြို့ကို ဒီဇင်ဘာ ၁၁ ညပိုင်းမှာ ပေါင် ၅၀၀ ဗုံးနှစ်လုံးနဲ့ စစ်ကော်မရှင်လေကြောင်းက ထပ်မံ တိုက်ခိုက်ခဲ့ပါတယ်။
ဒီဇင်ဘာ ၁၀ ရက် ညပိုင်းမှာ မြောက်ဦးကို ကြဲချပြီး အထိအခိုက်တဲ့ လူနာတွေကို ကယ်တင်နေရချိန်မှာကျောက်ဖြူကို အခုလို ထပ်မံတိုက်ခိုက်ခဲ့တာပါ။
ကျောက်ဖြူမြို့ ကို ဒီဇင်ဘာ ၁၁ ရက် ည (၇) နာရီကျော်အချိန်မှာ ငလုံးစုအထက်ရွာနဲ့ အောက်ရွာကို တစ်လုံးစီ ကြဲချ ခဲ့တဲ့ အတွက် အတွက် အမျိုးသမီး (၁) ဦး ၊ သက်ကြီးပိုင်း အမျိုးသား (၁) ဦးသေဆုံးခဲ့တယ်လို့ သတင်းရရှိပါတယ်။
“လက်ရှိ နှစ်ယောက်သေပြီး ဒဏ်ရာ ရတဲ့ လူများပါတယ်။ ပေါင် ၅၀၀ နှစ်လုံးကြဲချသွားတာပါ ” လို့ ကျောက်ဖြူ သတင်းရင်းမြစ်က ပြောပါတယ်။
စစ်ကော်မရှင်ဟာ ဒီဇင်ဘာ ၁၀ ရက်က မြောက်ဦးမြို့ က ဆေးရုံကို ကို လေကြောင်းက တိုက်ခိုက်ခဲ့လို့ ဆေးကုသနေတဲ့ လူနာ ၃၃ ဦးသေဆုံးပြီး ၊ ၇၆ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
ထပ်တိုးပြင်ဆင်ချက် ဒီလေကြောင်းတိုက်ခိုက်မှုကြောင့် အမျိုးသမီး ၅ ဦးနဲ့ အမျိုးသား ၃ ဦးသေဆုံးခဲ့တယ်လို့ ULA/AA က ထုတ်ပြန်ပါတယ်။
လေးဝတီFM
Yo, okkingcom? Heard it through the grapevine. Honestly, it’s decent. They’ve got a good selection of slots, and the live casino is pretty lively. Just remember to gamble responsibly, ya know?
Felbetlogin, my dudes, makes getting back into the game so easy. No hassle, just straight to the action. Highly recommend for a seamless experience – felbetlogin