အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေကျူးလွန်နေတဲ့ စစ်ကော်မရှင်ကို နိုင်ငံတကာလူ့အခွင့်အရေး ဥပဒေတွေနဲ့ အရေးယူပေးဖို့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် ULA/AA ၊ အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ အတူအရပ်ဘက်အဖွဲ့အစည်းတွေက အသီးသီးထုတ်ပြန်တောင်းဆိုလိုက်ပါတယ်။
ဒီဇင်ဘာ ၁၀ ရက် ညပိုင်းမှာ မြောက်ဦးဆေးရုံကြီးကို လေကြောင်းက ပေါင် ၅၀၀ ဗုံးတွေနဲ့ တိုက်ခိုက်ခဲ့လို့ လူနာ ၃၃ ဦးသေဆုံးပြီး ၇၇ ဦးထိခိုက်ဒဏ်ရာရရှိထားပါတယ်။
ဒီဖြစ်စဉ် ဟာ ဆေးကုသမှုခံယူနေရတဲ့ အရပ်သားတွေကို အစုလိုက်အပြုံလိုက်သတ်ဖြတ်ခြင်းဖြစ်ပြီး ၊ နိုင်ငံတကာ လူ့အခွင့်အရေးဥပဒေတွေကို ဖောက်ဖျက်ကျူးလွန်ခြင်းဖြစ်တယ် လို့ ထောက်ပြထားကြတာပါ။
ဒါကြောင့် စစ်ရာဇဝတ်ကျူးလွန် တဲ့ စစ်ကော်မရှင်တပ်ကို ကုသမဂ္ဂလုံခြုံရေးကောင်စီ နဲ့ နိုင်ငံတကာ ရာဇဝတ်တရားရုံး ICC တို့မှာ အရေးယူပေးဖို့ကိုလည်း တိုက်တွန်းထားပါတယ်။
စစ်ကော်မရှင်ဟာ အဆိုးရွားဆုံး စစ်ရာဇဝတ်မှုကို ဖောက်ဖျက်ကျူးလွန်ခဲ့တာဖြစ်တယ်လို့ ၊ ရခိုင်ဒေသကို အုပ်ချုပ်ရေးတာဝန်ယူထားတဲ့ ULA/AA ၊ အမျိုးသားညီညွတ်ရေးအစိုးရ NUG ၊ အာဆီယံလွှတ်တော်ကိုယ်ကိုယ်စားလှယ်များ လူ့အခွင့်အရေးအဖွဲ့ (APHR) ၊ ဒေသခံလူမှုကူညီရေးအဖွဲ မြောက်ဦးလူငယ်အစည်းအရုံး ၊ ရခိုင်ဒေသ အမျိုးသမီးအဖွဲ့ဖြစ်တဲ့ Arakanese Ladies တို့က ကြေညာချက်ထုတ်တောင်းဆိုထားပါတယ်။
စစ်ကော်မရှင်ဟာ ရက္ခိုင်ဒေသ ကို နှစ်နှစ်အတွင်းမှာ လေကြောင်းတိုက်ခိုက်မှု ၉၂ ကြိမ်ပြုလုပ်ခဲ့ပြီး ၊ အခုလို အစုလိုက်အပြုံလိုက်သေဆုံးမှုတွေ မကြာခဏ ကြုံတွေ့နေရပါတယ်။
နှစ်နှစ်အတွင်းမှာ အရပ်သား ၁၁၂၅ ဦးသေဆုံးခဲ့ပြီး ၊ ၂၁၅၃ ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
လေးဝတီFM
Heard about gamegamvip. Yeah, it’s pretty decent. Solid and dependable. Could be your go-to if you’re looking for something reliable. Check it out: gamegamvip
30winbet… hmmm, it’s alright. Nothing that’ll blow your socks off, but it gets the job done. Worth a look if you’re browsing around. Find it here: 30winbet.