ရခိုင်ပြည်က မြောက်ဦးမြို့၊ ပုဏ္ဏားကျွန်းမြို့ နဲ့ ပေါက်တောမြို့တို့ ကို ဒီနေ့ ည ၉ နာရီဝန်းကျင်မှာ စစ်ကော်မရှင် ရဲ့ တိုက်လေယာဉ် သုံးစီးနဲ့ လာရောက်တိုက်ခိုက်နေတယ်လို့ သတင်းရရှိပါတယ်။
လက်ရှိအချိန်အထိ စစ်ကော်မရှင် ရဲ့ ဗုံးကြဲလေယာဉ်ဟာ မြောက်ဦးမြို့ပေါ်ကောင်းကင်မှာ နာရီနဲ့ချီပြီး ဝဲနေတဲ့အတွက် ဗုံးကြဲထားတဲ့နေရာတွေကိုလည်း သွားရောက်မစုံစမ်းနိုင်သေးဘူးလို့ ပြောပါတယ်။
မြောက်ဦးမြို့ ရဲတပ်ရင်း အနီးဝန်ကျင် ကို ဗုံးကြဲချခဲ့ပြီး ၊ ပုဏ္ဏားကျွန်းမြို့နယ် ဝါဘို ကျေးရွာအနီးဝန်းကျင်နဲ့ ၊ ပေါက်တောမြို့ သဲခုံရွာဝန်းကျင် တို့ ကို ဆက်တိုက်ကြဲချနေတာဖြစ်ပါတယ်။
စစ်ကော်မရှင်ဟာ ဒီနေ့ ည ကိုးနာရီ ဝန်းကျင်မှာ လေယာဉ် သုံးစီးဆက်တိုက်လာကြဲခဲ့ပြီး မြောက်ဦးမြို့ ကောင်းကင်မှာလည်း အခုချိန်ထိ ဝဲနေတာဖြစ်ပါတယ်။
လေကြောင်းတိုက်ခိုက်ခံရမှု ကြောင့် ထိခိုက်နက်နာ မှုတွေကို ဆက်လက်တင်ဆက်ပေးပါမယ်။
လေးဝတီ FM