စစ်တွေမြို့အခြေစိုက် ဒေသကွက်ကဲမူစစ်ဌာနချုပ် (ဒကစ) ဝန်းထဲကို အာရက္ခတပ်တော် AA ဘက်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီး ထိမှန်ပြီး ဗိုလ်မှူးအဆင့် တစ်ဦးနဲ့ ၊ ဗိုလ်ကြီးအဆင့်တစ်ဦးသေဆုံးခဲ့တယ်လို့ သတင်းရရှိပါတယ်။
ဒီဇင်ဘာ ၁၄ ရက်ညပိုင်းမှာ AA ဘက်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည် က ဒကစ အရာရှိအဆောင်ကို ကျရောက်ပေါက်ကွဲခဲ့ပြီး ၊
ဗိုလ်မှူးတစ်ဦးနဲ့ ဗိုလ်ကြီးတစ်ဦး ပွဲချင်းပြီးသေဆုံးခဲ့တာ ဖြစ်တယ်လို့ စစ်တွေ စစ်ရေးသတင်းရင်းမြစ်က လေးဝတီFM ကို အတည်ပြုပါတယ်။
ဒဏ်ရာရ တဲ့ အချို့တပ်ဖွဲ့ဝင်တွေကိုကုတင် ၁၀၀ တပ်ဆေးရုံတွင်တင်ထားရတယ် လို့ သတင်းရရှိပါတယ်။
“မနေ့ညကတော့ပစ်နေတာ အသံတွေဆူညံနေတာဘဲ၊ စကမဘက်က တပ်မိသားစု တွေ မြို့ထဲကိုထွက်ပြေးလာတာရှိတယ်၊ လူကြီးပိုင်းတွေ သေကြတယ် ” လို့ စစ်တွေမြို့ စစ်ကော်မရှင် နဲ့ နီးစပ်သူ တစ်ဦးက အတည်ပြုပါတယ်။
စစ်တွေ မြို့ အခြေစိုက်တပ်ရင်းတွေကနေ ULA/AA ထိန်းချုပ်ထားတဲ့နေရာကို လက်နက်ကြီးနဲ့ ပစ်ခတ်နေပြီး ၊ နှစ်ဖက် အပြန်အလှန်ပစ် လက်နက်ကြီး တွေနဲ့ ပစ်ခတ်နေကြတာ ဖြစ်ပါတယ်။
မနေ့ညက လက်နက်ကြီးကျရောက်မှုကြောင့် ထိခိုက်ဒဏ်ရာ ရရှိသူတွေကို ရေချမ်းပြင် တပ်မတော်ဆေးရုံကုတင် ၁၀၀ နဲ့ စစ်တွေပြည်သူ့ဆေးရုံကြီးကို ညဉ့်တွင်းချင်း ပို့ဆောင်ပြီးအရေးပေါ် ဆေးကုသပေးနေရတယ် လို့ နောက်ထပ်သတင်းရင်းမြစ်တစ်ဦးက အတည်ပြုပါတယ်။
“ဒဏ်ရာရတဲ့ ပြည်သူ့စစ်တပ်သား တွေကို ကုတင် ၁၀၀ ဆေးရုံမှာ မဆန့်လို ၊ ညတွင်းချင်း စစ်တွေ ဆေးရုံကြီးကို ပို့ကြတယ်” လို့ နောက်ထပ် သတင်းရင်းမြစ်တစ်ဦးက အတည်ပြုပါတယ်။
နှစ်ဖက်လက်နက်ကြီး ပစ်ခတ်မှုမှာ အထိနာတဲ့ စစ်ကော်မရှင်ဟာ ဒီနေ့ ဒီဇင်ဘာ ၁၅ ရက်မနက်ပိုင်းမှာ ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်တို့ က နေရာအချို့ကို ဒရုန်း တွေ နဲ့ အဆက်မပြတ် ဝဲပြီးကင်းထောက်နေတယ်လို့ သိရပါတယ်။
ဒါအပြင် ၁၅ မိနစ် ခန့် ကြာလျှင် တစ်ကြိမ်နှုန်းနဲ့ ရေတပ် နဲ့ အမြှောက်တပ်က လက်နက်ကြီး တွေ နဲ့ အပြင်းအထန် ပစ်ခတ် နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်တွေ နဲ့ ကျောက်ဖြူမြို့နယ်တွေမှာ အခုရက်ပိုင်း တိုက်ပွဲတွေ ပြန်လည်ပြင်းထန်လာပြီး ၊ နှစ်ဖက်
စလုံးက အပြင်းအထန် ထိုးစစ်ပြန်ဆင်နေကြတာဖြစ်ပါတယ်။
စစ်ကော်မရှင် ဘက်က အရာရှိပိုင်းတွေလည်း ဒီရက်ပိုင်းမှာ သေကြေကြလို့ ၊ ဒီဇင်ဘာ ၁၁ ရက်နေ့က စစ်ကော်မရှင် အရာရှိမိသားစုတွေ ကျောက်ဖြူ ကို လာပြီး သဂြို်ဟ် လိုက်ရပါသေးတယ်။
လေးဝတီ FM
A convenient car catalog auto ae catalog brands, models, specifications, and current prices. Compare engines, fuel consumption, trim levels, and equipment to find the car that meets your needs.
Do you mind if I quote a few of your posts as long as I provide credit and sources back to your website? My website is in the very same niche as yours and my users would certainly benefit from a lot of the information you present here. Please let me know if this okay with you. Thank you!