စစ်တွေ နဲ့ ကျောက်ဖြူ စစ်မျက်နှာပြင်မှာ ဒဏ်ရာ ရတဲ့ စစ်ကောင်စီတပ်သားတွေကို ကုသဖို့ ရေချမ်းပြင် ကုတင် ၁၀၀ စစ်ဆေးရုံမဆန့်တော့တဲ့ အတွက်
စစ်တွေဆေးရုံကြီး လေးထပ်လူနာဆောင်ကို အထူးကြပ်မတ်ကုသ ဆောင်အဖြစ် ဆိုင်းဘုတ်ချိတ်ပြီး စစ်ကော်မရှင် ရဲ့ စစ်သားတွေကို တင်ဆောင်ကုသနေတယ်လို့ သတင်းရရှိပါတယ်။
စစ်တွေအခြေစိုက် ဒေသစစ်ဆင်ရေးကွက်ကဲမှုဌာနချုပ် (ဒကစ) ၊ အမှတ် ၁၂ ရဲတပ်ရင်း၊ ကျားမသောက်စစ်ဆေးရေးစခန်း ၊ ရွာဘို ကာကင်းစခန်းတွေမှာ ရှိတဲ့ စစ်ကော်မရှင်တပ်တွေဟာ AA ရဲ့ လက်နက်ကြီးကျဉ် ထိမှန်မှုကြောင့် စစ်တွေ ဆေးရုံကြီး အထူးကြပ်မတ်ကုသဆောင် မှာ အရေးပေါ် ကုသနေကြရတယ်လို့ စစ်ကော်မရှင်နဲ့ နီးစပ်တဲ့ ကျန်းမာရေးဝန်ထမ်းတစ်ဦး က ပြောပါတယ်။
” စစ်တွေဆေးရုံကြီး မှာ အသစ်ဖွင့်ထားတဲ့ လေးထပ်ဆောင်က အထပ်တော်တော်များများကို အထူးဆောင်ဆိုပြီး ၊ စစ်ဆေးရုံလုပ်လိုက်တယ် ။ စစ်သားတွေ က လုံခြုံရေးယူထားတယ် ။ ကျောက်ဖြူတိုက်ပွဲ နဲ့ စစ်တွေ တိုက်ပွဲက ဒဏ်ရာရတဲ့ သူတွေမကန် (အများကြီး) ၊ အရာရှိတွေ ဆိုရင်တော့ ရန်ကုန်ကို လေယဉ်နဲ့ သယ်တယ်၊ အောက်ခြေက လူတွေ ဒီမှာကုတယ်၊ ” လို့ သတင်းရင်းမြစ်က အတည်ပြုပါတယ်။
ကုတင် ၅၀၀ စစ်တွေ ပြည်သူ့ဆေးရုံကြီ မှာ ရှိတဲ့ လေးထပ်လူနာဆောင်အသစ်ကို ၂၀၁၉ ခုနှစ်မှာ ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။ အဲ့ဒီအဆောင်အသစ်မှာ ဖျားနာဆောင် ၊ မျက်စိလူနာဆောင် ၊ ပြင်ပလူနာဆောင် တို့ ကို ထည့်သွင်း ထားပြီး ၊ လည်ပတ်နေတာဖြစ်ပါတယ်။
စစ်တွေ စစ်မျက်နှာပြင်နဲ့ ကျောက်ဖြူ စစ်မျက်နှာပြင်မှာ နေ့စဉ်နီးပါးထိတွေ့တိုက်ပွဲတွေ ပြင်းထန်နေပြီး စစ်ကော်မရှင်ဘက်က ထိခိုက်ဒဏ်ရာ ရမှုတွေလည်းမြင့်တက်လာတယ်လို့ သိရပါတယ်။
” အရင်တုန်းက AA ဘက်က သိပ်မပစ်ဘူး ၊ စစ်ကော်မရှင်ဘက် လေကြောင်း နဲ့ လက်နက်ကြီးတွေနဲ့ ဆက်တိုက် ပစ်လာတဲ့အချိန်မှာ AA က လည်း သူ (၁၀) လုံးကို ကိုယ် (၁၀) လုံးပြန်ချနေတယ်၊ မြို့စောင့်တပ်လို့ ခေါ်တဲ့ မြို့ အဝင်က တပ်တွေ ၊ ဒရုန်း RPG နဲ့ မှီတဲ့ စခန်းတွေ မှာ ဘယ်သူမှ လုံခြုံရေးမယူချင်တော့ဘူး “ လို့ ULA/AA နဲ့ နီးစပ်တဲ့ စစ်ရေးသတင်းရင်းမြစ် တစ်ဦးက အတည်ပြုပါတယ်။
ဒီဇင်ဘာ ၁၂ ရက်က စစ်တွေ ဒကစ ဝန်းထဲကို AA ဘက်က ပစ်ခတ်ခဲ့တဲ့ လက်နက်ကြီး ကြီးထိမှန်ပြီး ဗိုလ်မှူး တစ်ဦးနဲ့ ဗိုလ်ကြီးတစ်ခု ပွဲချင်းပြီးသေဆုံးခဲ့ပါတယ်။ ဒါပြင် တပ်သား အများအပြား ထိခိုက်ဒဏ်ရာရခဲ့ပြီး စစ်တွေဆေးရုံကြီး အထူးကုသဆောင် ကို ယူဆောင်ခဲ့တယ်လို့ပြောပါတယ်။
စစ်ကော်မရှင်ဘက်က တိုက်ပွဲကာလအတွင်းမှာ အရပ်သားနေရာတွေကို စစ်ဆေးရုံအဖြစ် ပြောင်းလဲအသုံးပြုမှုတွေ ပြုလုပ်ထားပါတယ်။
အမ်း နပခ တိုက်ပွဲအတွင်းမှာလည်း အထက (၂) အမ်းကို စစ်ကော်မရှင်ရဲ့ ယာယီစစ်ဆေးရုံအဖြစ် အသုံးပြုခဲ့ပါသေးတယ်။
လေးဝတီ FM
A convenient car catalog https://auto.ae/catalog brands, models, specifications, and current prices. Compare engines, fuel consumption, trim levels, and equipment to find the car that meets your needs.
kickapoo casino shawnee
References:
https://www.google.sc