မနှစ်က မေလ မှာ ၊ မင်းပြားမြို့ ဖားပြို ရွာ က အသက်ကိုးနှစ်အရွယ် မိန်းကလေးတစ်ဦးကို အဓမ္မပြုကျင့်ပြီး ၊ ရွာပြင်က သစ်ပင်ပေါ်မှာ တွဲလောင်းချပြီး သတ်ဖြတ်ခဲ့တဲ့ ဖြစ်စဉ်ကို မှတ်မိကြအုံးမှာပေါ့။
ရခိုင်လူမှုအဖွဲ့အစည်း ၁၂ ဖွဲ့ကတောင် ဒီလောက် ယုတ်မာရက်စက်သူကို သေဒဏ်ပေးဖို့ ဆိုပြီး တောင်းဆိုစာတွေ ထုတ်ခဲ့ပါတယ်။
ဒီနှစ် မတ်လမှာ အသက် နှစ်နှစ်အရွယ် မောင်တော မြို့က ကလေးတစ်ဦးကို မုဒိမ်းကျင့် သတ်ဖြတ်ပြီး အလောင်းဖျောက်ဖို့ ကြိုးစားတဲ့ အမှုတစ်ခု ပေါ်ပေါက်လာပြန်ပြီ။
ဒီလောက်နဲ့ ပြီးပြီလားဆိုတော့ မတ်လ ၂၂ ရက်မှာ ၊ မြောက်ဦးမြို့က အသက် ၆၀ ဝန်းကျင် ဘကကျောင်းဆရာက ၊ အသက် ၁၀ နှစ်အောက် KG ကလေး (၄) ဦးကို လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ် တဲ့ သတင်းတွေ ထပ်တက်လာပါတယ်။
ဒါဟာ ရခိုင်ဒေသတွင်းမှာ မုဒိမ်းမှုဖြစ်စဉ်တွေ နှစ်စဉ် နှစ်တိုင်း ဆိုးဆိုးရွားရွားဖြစ်နေတယ်ဆိုတဲ့ သက်သေ တွေပဲဖြစ်ပါတယ်။
အသက်မပြည့်သေးတဲ့ ကလေးတွေ အပေါ် လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်တာ ၊ ခြိမ်းခြောက်နှုတ်ပိတ်တာ စတဲ့ ဆိုးရွားတဲ့ ရာဇဝတ်မှုတွေ ကို မြန်မြန်ဆန်ဆန် ထိထိရောက်ရောက် အရေးယူဖို့ လူထုက စောင့်ကြည့်နေကြပါတယ်။
ဒါပေမယ့် လက်ရှိ အုပ်ချုပ်နေတဲ့ အာရက္ခအစိုးရက ဘယ်လို စီရင်ချက်တွေ ချလိုက်သလဲ ဆိုတာကို သေသေချာချာ မထုတ်ပြန်သေးပါဘူး။
“အရင်အမှုတွေ အကြောင်း ဘာမှ မကြားတော့ဘူး ၊ ဒါပေမယ့် အမိန့်မချသေးဘူး လို့ ထင်တယ် ” လို့ ရခိုင်ဒေသတွင်းမှာ နေထိုင်တဲ့ သတင်းထောက် တစ်ဦးက ပြောပါတယ်။
အရင်မုဒိမ်းမှုတွေ စီရင်ပြီးသလား တောင်မသိသေးခင် နောက်ထပ် မတူညီတဲ့ သက်ငယ်မုဒိမ်းမှုတွေ သာ တစ်ခုပြီး တစ်ခု ပေါ်လာတဲ့ အခြေအနေမျိုးပါ။
၂၀၂၆ မတ်လ ၁၆ ရက်က ဖြစ်ခဲ့တဲ့ မောင်တောမြို့နယ် အောင်သုခ ကျေးရွာက အသက်သုံးနှစ်အောက် အရွယ်ကလေးဟာ မိခင်နို့ရည် တောင်မပြတ်သေးတဲ့ အရွယ်ပါ။
သူဟာ မုဒိမ်းမှုရဲ့ အသက်အငယ်ဆုံး သားကောင် လို့တောင် ပြောနိုင်ပါတယ်။
စစ်မက်ဒဏ်နဲ့ ငတ်မွတ်မှုဘေးကို ခါးစည်းခံနေရင်းမှ အခုလို အဖြစ်မျိုးကို ကြုံနေရတဲ့ ရခိုင်ဒေသက အမျိုးသမီးတွေ အတွက် ၊ ပြတ်သားတဲ့ အကာအကွယ်လိုအပ်နေတယ်ဆိုတာ ဘယ်သူ ငြင်းချင်ပါသလဲ။
ဒီရက်ပိုင်းထဲမှာ ထပ်ဖြစ်လာတဲ့ မုဒိမ်းမှု နှစ်ခုမှာ မောင်တောက ၂ နှစ်ဝန်းကျင်အရွယ် ကလေးတစ်ဦးနဲ့ ၊ ပေါက်တော က ၈ နှစ်အရွယ် ကလေးတစ်ဦးတို့ဟာ အသက်မပြည့်သေးတဲ့ သားကောင်တွေ ဖြစ်ခဲ့ရပါတယ်။
ဒီကလေးတွေ အတွက် တရားမျှတမှု ကို ဘယ်သူ ယူဆောင်ပေးမှာလဲ။
အမျိုးသမီးတွေ အတွက် လုံခြုံပါတယ်ဆိုတဲ့ ခံစားချက် ကို တည်ဆောက်ပေးမယ့် တရားသူကြီးတော့ လိုအပ်နေပါပြီ။
နောက်တစ်နည်းစဉ်းစားရင် ဒီလို မုဒိမ်းကျူးလွန်ဖို့ ဘာကြောင့် လွယ်ကူနေရပါသလဲ။
ဆင်းရဲမှုကြောင့်လား ၊ ပညာမတတ်မှုကြောင့်လား ၊ ဥပဒေရဲ့ သက်ရောက်မှု မရှိလို့လား စသဖြင့် မေးခွန်းများစွာ ဖြစ်လာပါတယ်။
“ဥပဒေ အရ အရေးယူမှုအားနည်းတာရယ် ပြီးတော့ ကျူးလွန်ခံရတဲ့ မိန်းကလေးအပေါ် မှာ နည်းလမ်းအမျိုးမျိုးနဲ့ အပြစ်တင်တဲ့ ပတ်ဝန်းကျင်ကြောင့် ဒီလို ရာဇဝတ်ကောင်တွေက ပိုပြီး လက်ရဲဇက်ရဲရှိလာတာပါ” လို့ ရခိုင်အမျိုးသမီးအရေး လှုပ်ရှားသူ ဒေါ်စန္ဒာမိုး (အမည်လွှဲ) က ပြောပါတယ်။
သတင်းမီဒီယာတွေက တဆင့် အင်တာနက်စာမျက်နှာပေါ် ပျံ့နှံ့လာတဲ့ ဒေသတွင်းက ဒီလို မုဒိမ်းမှုတွေ ဟာ
ကျူးလွန်သူတွေကို လိုက်လံဖမ်းဆီးတာတွေ ရှိပေမယ့်နောက်ဆက်တွဲအခြေအနေတွေဟာ ကွင်းဆက်ပြတ်သွားပါတယ်။
ဆိုလိုတာက ဖမ်းဆီးမိသူတွေကို ဘယ်လို ပြစ်ဒဏ်စီရင်သလဲ ဆိုတာကို လူထုက ရေရေ ရာရာ မသိရပါဘူး။ အမိန့်မချရသေးတာလည်း ဖြစ်နိုင်ပါတယ်။
ထင်ရှားတဲ့ ပြစ်မှုတွေ စီရင်ရာမှာ ကျူးလွန်တဲ့ တရားခံတွေကို ဘယ်လို စီရင်ချက်ချသလဲ ဆိုတာကို ပြည်သူလူထု ကို အသိပေးဖို့လိုပါတယ်။
မင်းပြားမြို့နယ် ဖားပြိုကျေးရွာက အမှုမှာ ဒေသတွင်းက သံသယရှိသူ ၈ ဦးကို မနှစ်က ဇွန်လ ကတည်းက ဖမ်းဆီးခဲ့တယ်လို့ အာရက္ခအစိုးရ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ပြောထားပါတယ်။
သို့သော်လည်း စီရင်ချက် ချမချ ဆိုတာ ထပ်မသိရတော့ပါဘူး။
မောင်တောမြို့က အမှုမှာလည်း တရားခံလို့ သံသယရှိသူဟာ အသက် မပြည့်သေးသူလို့ သိရပါတယ်။
မုဒိမ်းမှုနဲ့ လူသတ်မှု ဆိုတာ ဆိုးရွားတဲ့ ရာဇတ်မှုတွေဖြစ်ပါတယ်။
ဒီလို ရာဇဝတ်ကောင်တွေ အပေါ်မှာ ပြစ်ဒဏ်စီရင်မှုတွေ ဟာ ဘာကြောင့်ဖြစ်ဖြစ် လျော့ရဲလို့ မရပါဘူး။
ပြန်လည်တည်ဆောက်ရေးအတွက် အစိုးရမှာပဲ တာဝန်ရှိတာမဟုတ် ပြည်သူအားလုံးက ဝိုင်းဝန်းဆောင်ရွက်ရမယ် ဆိုတာကို ပြည်သူတွေက နားလည်ပါတယ်။
သို့သော်လည်း ရာဇဝတ်မှုတွေ ကို တရားစီရင်ခွင့် ဆိုတာ အစိုးရမှာပဲ ရှိပါတယ်။
ပြည်သူလက်ထဲမှာ မရှိပါဘူး။
လက်ရှိ အာရက္ခအစိုးရ တွင်းထဲမှာ ရှိနေတဲ့ အာရက္ခအစိုးရ နဲ့ အနီးစပ်ဆုံးအမျိုးသမီးတွေ ကိုယ်တိုင် ဒီသက်ငယ်မုဒိမ်းမှု တွေနဲ့ ပတ်သက်လာရင် ထိုက်သင့်တဲ့ ပြစ်ဒဏ်ပေးဖို့ တိုက်တွန်း တောင်းဆိုနေရတာကို သူတို့ ရဲ့ လူမှုကွန်ယက်စာမျက်နှာတွေ မှာ ထပ်ခါ ထပ်ခါ တွေ့မြင်နေရပါတယ်။
အာရက္ခအစိုးရ အနေနဲ့ ၊ သစ်မခုတ်ဖို့ ၊ ငှက်မဖမ်းဖို့ လိုမျိုး အနုစိတ်ဆန်တဲ့ ကိစ္စရပ်တွေ အပေါ်မှာတောင် လေးလေး နက်နက် လုပ်ကိုင်လာတာကို တွေ့ရပါတယ်။ ဖောက်ဖျက်ကျူးလွန်သူကို တည်ဆဲဥပဒေအရ အရေးယူမယ်ဆိုပြီး ရေးသားထားတာကို တွေ့ရပါတယ်။
အခုလို အမျိုးသမီး နဲ့ ကလေးတွေ ရဲ့ လုံခြုံမှု နဲ့ ပတ်သက်တဲ့ အကာအကွယ်တွေ အပေါ်မှာကော ဘယ်လောက် အလေးအနက် ထား လုပ်ဆောင်နေသလဲ ဆိုတဲ့ မေးခွန်းတွေ ကို အမျိုးသမီးတွေ ကိုယ်စား မေးဖို့ ဖြစ်လာပါတယ်။
သုစန္ဒ ၊ လေးဝတီFM
Thanks a bunch for sharing this with all of us you really know what you’re talking about! Bookmarked. Kindly also visit my website =). We could have a link exchange arrangement between us!
Great weblog here! Additionally your website loads up fast! What web host are you the use of? Can I get your affiliate hyperlink for your host? I desire my site loaded up as fast as yours lol
References:
Slot machine wins https://baden-baden-casino-dresscode.online-spielhallen.de
References:
Maho beach casino online taj mahal casino app
References:
Odds explained adhe.com.br
I would like to thnkx for the efforts you have put in writing this blog. I am hoping the same high-grade blog post from you in the upcoming as well. In fact your creative writing abilities has inspired me to get my own blog now. Really the blogging is spreading its wings quickly. Your write up is a good example of it.