Laywaddy FM

နေရပ်မပြန်နိုင်ကြသော ရခိုင်တက္ကသိုလ်ကျောင်းသားများကို ရခိုင်သဟာယအသင်းကူညီထောက်ပံ့ပေးနေ

ရန်ကုန်မြို့မှ နေရပ်မပြန်နိုင်ကြသော ရခိုင်တက္ကသိုလ်ကျောင်းသားများကို
ရခိုင်သဟာယအသင်း နှင့် မိတ်ဖက်အသင်းများ ပူးပေါင်းကာ ကူညီပေးနေကြောင်း
သိရပါတယ်။
\”ကျောင်းပိတ်ကာလဖြစ်ပေမယ့် အကြောင်းအမျိုးမျိုးကြောင့် နေရပ်မပြန်နိုင်ကြတဲ့ တက္ကသိုလ်
ကျောင်းသား ကျောင်းသူတွေ စားဝတ်နေရေး ခက်ခဲနေကြတယ် ဒါကြောင့် စားရေး သောက်ရေး
အခက်အခဲကို ဖြေရှင်းနိုင်ဖို့ အခုလို ထောက်ပံ့ရေး အစီအစဥ် လုပ်ဆောင်တာပါ\” လို့
ရခိုင်သဟာယအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
အဆိုပါကျောင်းသားများအားကူညီထောက်ပံ့နိူင်ရေးအစီအစဥ်ဖြင့် ဧပြီလ ၂ ရက်က
ရန်ကင်းပညာရေးကောလိပ်ရှိ ကျောင်းသူကျောင်းသားများ စားရေးသောက်ရေးအတွက်
ကျပ်သိန်း (၂၀)၊ ဧပြီလ ၈ ရက်တွင် ပညာရေးတက္ကသိုလ် အုန်းတောကျောင်းသူဆောင်ရှိ
ကျောင်းသား အယောက် ၈၀ အတွက် ဆန် ၂၃ သိန်းဘိုး နှင့် အရေးပေါ်ထောက်ပံ့ငွေ ၄၅၀၀၀၀
ကျပ် ထောက်ပံ့ပေးခဲ့ကြောင်း သိရပါတယ်။
\”ကျနော်တို့အနေနဲံ အခက်အခဲရှိနေတဲ့ အခြားတိုင်းရင်းသား ကျောင်းသူ
ကျောင်းသားတွေနဲ့လည်း မျှဝေ ချက်ပြုတ်စားသောက်မှာပါ။ ကျနော်တို့က ညီအကို
မောင်နှမတွေပါ။ မရှိအတူ ရှိအတူ မျှဝေခံစားကြမှာပါ\” လို့ ပညာရေးတက္ကသိုလ်မှ
ကျောင်းသားတစ်ဦးက ဆိုပါတယ်။
အလားတူ ဧပြီလ ၉ရက် တွင် ပညာရေးတက္ကသိုလ် ဒူး‌ယားကျောင်းသားဆောင်ရှိ ကျောင်းသား
၁၂၄ဦး အတွက် ဆန် အိတ် ၃၀ နှင့် သင်္ဃန်းကျွန်း ပညာရေးဒီဂရီကောလိပ် ကျောင်းသား/သူ ၇၂
ဦးအတွက် ဆန် ၁၂ အိတ် အရေးပေါ်ကူညီထောက်ပံ့ခဲ့ကြောင်းလည်း သိရပါတယ်။

Shine Bu Chay

Related Posts

8 thoughts on “နေရပ်မပြန်နိုင်ကြသော ရခိုင်တက္ကသိုလ်ကျောင်းသားများကို ရခိုင်သဟာယအသင်းကူညီထောက်ပံ့ပေးနေ

Leave a Reply

Your email address will not be published. Required fields are marked *