Laywaddy FM

သံတွဲကို တိုက်ပွဲရှောင်ပြည်သူ ထောင်ကျော်ရောက်လာ

ရခိုင်ပြည်နယ် သံတွဲမြို့ပေါ်သို့ သူဌေးချောင်းရေအားလျှပ်စစ်စီမံကိန်းအနီးတွင် စစ်ကောင်စီ နှင့်
အာရက္ခတပ်တော် ကြား ဖြစ်ပေါ်နေသော တိုက်ပွဲများကြောင့် တိုက်ပွဲရှောင်ပြည်သူ ထောင်ကျော်
ရောက်ရှိလာကြောင်း သိရပါတယ်။
\”ကျနော်မြင်တာတောင် အနည်းဆုံး တစ်ထောင်ကျော်လောက်ရှိတယ်။ ကားတွေရော
ဆိုင်ကယ်တွေနဲ့ပါ လာကြတာ။ အများစုကတော့ ရေအားလျှပ်စစ်စီမံကိန်းက သူတွေ။
ရွာသားတွေ သိပ်မတွေ့ဘူး\” လို့ သံတွဲဒေသခံတစ်ဦးက ပြောပါတယ်။
စစ်ကောင်စီတပ် အထိုင်ချထားသော သူဌေးချောင်းရေအားလျှပ်စစ်စီမံကိန်းမှ
တိုက်ပွဲဖြစ်ပွားရာနေရာများသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်နေသဖြင့် အာရက္ခတပ်တော်မှ
စီမံကိန်းရှိရာသို့ လက်နက်ကြီးဖြင့် ပြန်လည်ပစ်ခတ်မည်ကို စိုးရိမ်ကြသဖြင့်
စီမံကိန်းကပြည်သူများ တိမ်းရှောင်လာကြောင်း သိရပါတယ်။
\”တိုက်ပွဲဖြစ်နေတဲ့ အနီးအနားရွာက သူတွေက ဘုန်းကြီးကျောင်းတွေမှာ စုနေကြတယ်။
သံတွဲမြို့ပေါ်ကို မသွားကြဘူး။ အခုရောက်နေတဲ့သူတွေက စီမံကိန်းက လူတွေမလို့ စစ်တပ်က
သွားခွင့်ပြုတာထင်တယ်\” လို့ ပုရစ်ရေကောက်ရွာသားတစ်ဦးက ဆိုပါတယ်။
သံတွဲမြို့သို့ ရောက်ရှိလာသော တိုက်ပွဲရှောင်ပြည်သူအများစုမှ ဝေဍုဝန်ဘုန်းကြီးတွင်
ခိုလှုံနေကြပြီး အချို့ပြည်သူများမှာ အသိ မိတ်ဆွေ အိမ်တွင် ခိုလှုံနေကြောင်း သိရပါတယ်။
သူဌေးချောင်းရေအားလျှပ်စစ်စီမံကန်းအနီး ဖြစ်ပွားနေသော တိုက်ပွဲကြောင့် ငပလီမြို့ ၅၅
တပ်မှ ဒုတပ်ရင်မှူး၊ ဗိုလ်ကြီး အဆင့်ရှိသူများ သေဆုံးခဲ့ပြီး တပ်သား ၄၀ ကျော်
သေဆုံးခဲ့ကြောင်း သိရပါတယ်။

Shine Bu Chay

Related Posts

10 thoughts on “သံတွဲကို တိုက်ပွဲရှောင်ပြည်သူ ထောင်ကျော်ရောက်လာ

  1. Hello, i feel that i saw you visited my website thus i got here to “return the favor”.I’m trying to in finding things to improve my site!I assume its good enough to use some of your ideas!!

  2. Slottica Casino to propozycja dla graczy szukających nowoczesnej platformy do gry online i wygodnego dostępu do szerokiej oferty rozrywki. Serwis wyróżnia się intuicyjnym interfejsem, sprawną obsługą płatności oraz atrakcyjnym wyborem gier dopasowanych do różnych preferencji. Na szczególną uwagę zasługują wysokie standardy bezpieczeństwa, w tym szyfrowanie danych i rozwiązania chroniące prywatność użytkowników na każdym etapie korzystania z platformy. Dzięki temu gracze mogą skupić się na zabawie, mając pewność, że ich dane osobowe i finansowe są odpowiednio zabezpieczone. To jeden z ciekawszych wyborów dla osób zastanawiających się, gdzie grać online w bezpieczny i komfortowy sposób.

Leave a Reply

Your email address will not be published. Required fields are marked *