Laywaddy FM

သံတွဲနယ်က တိုက်ပွဲတွေမှာ စစ်ကောင်စီ အထိနာနေရေအားစီမံကိန်းက ဝန်ထမ်းတွေ ကို အရေးပေါ်ပြောင်းရွေ့ထား

သံတွဲနယ်က တိုက်ပွဲတွေမှာ စစ်ကောင်စီ အထိနာနေရေအားစီမံကိန်းက ဝန်ထမ်းတွေ ကို အရေးပေါ်ပြောင်းရွေ့ထား

ရခိုင်ပြည်နယ် သံတွဲနယ် က တိုက်ပွဲတွေ မှာ စစ်ကောင်စီဘက်က အကျအဆုံးများပြီး အထိနာနေတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေ ဆီက သိရပါ
တယ်။

အရက္ခတပ်တော်AA ရဲ့ ထိုးစစ်ဆင်မှုများအတွင်း ရေအားလျှပ်စစ် စီမံကိန်း ဗျူဟာ မှာတာဝန်ယူထားတဲ့ ၅၅ တပ်ရင်းက ဒုတပ်ရင်းမှူး ဗိုလ်မှူး ပြည့်ဖြိုးဟိန်းနဲ့ ဗိုလ်ကြီး ကိုကိုလင်းဆိုသူ တို့ အပါအဝင် စစ်ကောင်စီဘက်က အင်အား ၆၀ ထက်မနည်း ကျဆုံးခဲ့တယ်လို့ ဒေသသတင်းရင်းမြစ်တွေ အရ သိရပါတယ်။

စစ်ကောင်စီဟာ ရေအားလျှပ်စစ် စီမံကိန်းတည်ရှိရာ ပုရစ် ၊ ရေကောက်ရွာဟောင်းတွေနေရာတွေမှာ အမြှောက်တပ် ဗျူဟာ ချထားပြီး အမ်းဘက်က စစ်ကျွံလာရင် ကာကွယ်နိုင်ဖို့ပြင်ဆင်ထားတာလည်းဖြစ်ပါတယ်။

အာရက္ခတပ်တော် AA က စစ်ကောင်စီ ရဲ့ အဓိက ကျတဲ့ဗျူဟာ ကုန်းတွေ နဲ့ ကို တပြိုင်နက်ထိုးစစ်ဆင်တိုက်ခိုက်နေလို့ စစ်ကောင်စီက လေကြောင်းက ခုခံကာကွယ်နေတာဖြစ်တယ်လို့တိုက်ပွဲ သတင်းအချက်အလက်တွေ အရ သိရပါတယ်။

“ရေအားက စီမံကိန်းဝန်ထမ်းတွေနဲ့ တပ်မိသားစုတွေ ကိုကားကြီးကားငယ်နဲ့ သံတွဲကိုရွှေ့ခိုင်းတယ်၊ အရာရှိတွေက အရာရှိရိပ်သာမှာ နေတယ် အောက်ခြေဝန်ထမ်းတွေကိုဘုန်းကြီးကျောင်းတွေမှာထားတယ် ၊ လေကြောင်းက ဗုံးကျဲ ခံရတဲ့ တခြားရွာတွေကစစ်ရှောင်တွေကို သံတွဲ မြို့ထဲ ပေးမဝင်ဘူး ၊ စစ်တပ် ဂိတ်တွေက ပိတ်ထားတယ်” လို့သံတွဲဒေသခံတစ်ဦးကပြောပါတယ်။

စစ်ကောင်စီဘက်က သူဌေးရေအားလျှပ်စစ် စီမံကိန်း အနီးကို ပစ်မှတ်ထားပြီး လေကြောင်းကနေ့ရော ညပါ ဗုံးကျဲ တိုက်ခိုက်နေတာဖြစ်ပါတယ်။ ဒါအပြင် ဘင်္ဂလားဒေ့ရှ် ဘက်ကိုထွက်ပြေးသွားတဲ့ စစ်ကောင်စီ တပ်သားတွေကို ရေတပ်သင်္ဘောနဲ့ ပြန်လည်ခေါ်ဆောင်လာပြီးငပလီ အခြေစိုက် ၅၅ တပ်ရင်းမှာ အင်အားဖြည့်ထားတယ်လို့ မျက်မြင်ဒေသခံတွေကပြောပါတယ်။

သံတွဲဒေသ မှာ သင်္ကြန်ကာလ အတွင်းက စပြီး ဒီနေ့ထိ နေ့စဉ် လက်နက်ကြီး ပစ်ခံသံတွေအဆက်မပြတ်ကြားနေရပြီး ၊ သံတွဲမြို့ နဲ့ ဆယ်မိုင်ဝန်းကျင် အကွာ ရွှေလှေတိုက်နယ် အတွင်းကပုရစ်(ရွာသစ်) ၊ရေကောက်(ရွာသစ်) ဒေါ်မြ ၊ မကျည်းချောင် စတဲ့ ကျေးရွာဒေသခံတွေဟာတိုက်ပွဲ အတွင်းမှာ ပိတ်မိနေတာဖြစ်ပါတယ်။

Shine Bu Chay

Related Posts

49 thoughts on “သံတွဲနယ်က တိုက်ပွဲတွေမှာ စစ်ကောင်စီ အထိနာနေရေအားစီမံကိန်းက ဝန်ထမ်းတွေ ကို အရေးပေါ်ပြောင်းရွေ့ထား

  1. Greetings I am so happy I found your webpage, I really found you by
    accident, while I was browsing on Google for something else,
    Regardless I am here now and would just like
    to say kudos for a incredible post and a all round enjoyable blog
    (I also love the theme/design), I don’t have time to go through
    it all at the moment but I have bookmarked it and also
    included your RSS feeds, so when I have time I will be back to read
    a lot more, Please do keep up the excellent work.

    References:
    http://csmouse.com/user/versemoat3/

Leave a Reply

Your email address will not be published. Required fields are marked *