Laywaddy FM

သံတွဲ-သပြုချိုင်ရေတပ် က ထောင်ထားတဲ့မိုင်းထိလို့ သံတွဲဒေသခံတစ်ဦး ဆေးရုံရောက်

သံတွဲ-သပြုချိုင်ရေတပ် က ထောင်ထားတဲ့မိုင်းထိလို့ သံတွဲဒေသခံတစ်ဦး ဆေးရုံရောက်

ရခိုင်ပြည်နယ် သံတွဲမြို့နယ်မှာ သပြုချိုင်ရေတပ် က ထောင်ထားတဲ့ မြေမြုပ်မှိုင်းကို ရေတပ်အနီး ကွင်းဝိုင်းကျေးရွာက ဒေသခံတစ်ဦး နင်းမိလို့ ဧပြီ ၂၆ ရက်က ဆေးရုံကို ပို့ဆောင်ခဲ့ရတယ်လို့ သတင်းရရှိပါတယ်။

စစ်ကောင်စီ ရဲ့ သပြုချိုင်ရေတပ်ခွဲဟာ သပြုချိုင်နဲ့ သံတွဲကြားက ကျေးရွာတစ်လျှောက်မှာ ကာကင်းတွေ ချထားပြီး ရေတပ်စခန်းနဲ့ အနီးကကျေးရွာ တောစပ်တွေမှာ မြေမြုပ်မှိုင်းတွေထောင်ထား တယ်လို့ ဒေသခံ သတင်းရင်းမြစ်ကပြောပါတယ်။

“ကွင်းဝိုင်းရွာက ရွာသားတစ်ယောက် တောင်ပေါ်မှာ ဟင်းရှာရင်း မှိုင်းနင်းမိလို့ သံတွဲဆေးရုံကိုယူသွားရပါတယ် ၊ အရင်တုန်းက လည်း အဲ့ဒီနေရာတွေမှာရှာနေ ကျ ဆိုတော့ သွားလာရှာဖွေစားသောက်ကြတာပေါ့ ၊ အဲ့လို တစ်ခါမှ မဖြစ်ဖူးဘူးလေ” လို့ အဲ့ဒီကျေးရွာ အနီးက ဒေသခံ ကပြောပါတယ်။

ဒါအပြင် စစ်ကောင်စီဟာ ရေတပ်က အမြှောက် တွေကို စစ်ကားတွေ နဲ့ တင်ဆောင်ပြီး သံတွဲဘက်ကို သွားကြတယ်လို့လည်း သပြုချိုင်-သံတွဲ လမ်းပိုင်းပေါ်က ဒေသခံက ပြောပါတယ်။

“အမြှောက်ကြီးတွေကို စစ်ရောင် မိုးကာနဲ့ အုပ်ပြီးယူသွားတယ် ၊ ဇလွန် ကတာဝါတိုင်ကျောပေါ်မှာ ထားတယ်လို့ ပြောတယ် ၊ အဲ့ဒီနားက ရွာတွေမှာလည်း စစ်သားတွေစုနေကြတယ်” လို့ ဒေသခံ သတင်းရင်းမြစ်ကပြောပါတယ်။

စစ်ကောင်စီဟာ တောင်ကုန်းအမြင့်တွေ၊ ဘုရားကုန်းတွေမှာ ကာကင်းတွေ နေရာ အနှံ့ချထားပြီးအဲ့ဒီ စခန်းကုန်းတွေကို အလွယ်တကူ မထိုးဖောက်နိုင်အောင်မြေမြုပ်မှိုင်းတွေထောင်နေတာဖြစ်ပါတယ်။

အဲ့ဒီလိုမြေမြုပ်မိုင်းထောင်တဲ့နေရာတွေဟာ လမ်းဘေးဝဲယာ တွေ၊ ယခင်လူသွားလမ်းအသုံးပြုနေကျနေရာတွေကိုလည်း မြေမြုပ်မှိုင်းထောင်တဲ့ အတွက် ဒေသခံတွေဟာ မှိုင်းထိ တဲ့ အန္တာရယ်တွေ ကြုံတွေ ရပါတယ်။

ဧပြီလထဲမှာ ကျောက်ဖြူမြို့နယ် ၊ မင်းပြားမြို့နယ် တို့က ဒေသခံ နှစ်ဦး ဟာစစ်ကောင်စီရဲ့မြေမြုပ်မှိုင်းကြောင့် ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါသေးတယ်။

ရခိုင်ပြည်နယ်မှာ မတ်လအတွင်း က စစ်ကောင်စီရဲ့ မြေမြုပ်မှိုင်းနင်းမိလို့ ခြေထောက်ပြတ်သွားသူ ၁၁ ဦး သေဆုံးသူ ၂ ဦး ရှိပါတယ်။

Shine Bu Chay

Related Posts

16 thoughts on “သံတွဲ-သပြုချိုင်ရေတပ် က ထောင်ထားတဲ့မိုင်းထိလို့ သံတွဲဒေသခံတစ်ဦး ဆေးရုံရောက်

  1. Свежие новости SEO https://seovestnik.ru и IT-индустрии — алгоритмы, ранжирование, веб-разработка, кибербезопасность и цифровые инструменты для бизнеса.

  2. Грати в найкраще казіно україни — широкий вибір автоматів та настільних ігор, вітальні бонуси та спеціальні пропозиції. Дізнайтеся про умови участі та актуальні акції.

  3. Проблемы с застройщиком? взыскать неустойку по дду помощь юриста по долевому строительству, расчет неустойки, подготовка претензии и подача иска в суд. Защитим права дольщиков и поможем получить компенсацию.

  4. Ищешь кран? кран шаровой приварной для трубопроводов различного назначения. Надежная запорная арматура для систем водоснабжения, отопления, газа и промышленных магистралей. Высокая герметичность, долговечность и устойчивость к нагрузкам.

Leave a Reply

Your email address will not be published. Required fields are marked *