Laywaddy FM

ကျောက်ဖြူက ဘီလျံဒေါ်လာချီတဲ့ စီမံကိန်းကြီးတွေ AA ထိမ်းချုပ်နယ်မြေတွေအတွင်း ပိတ်မိတော့မှာလား

ကျောက်ဖြူက ဘီလျံဒေါ်လာချီတဲ့ စီမံကိန်းကြီးတွေ AA ထိမ်းချုပ်နယ်မြေတွေအတွင်း ပိတ်မိတော့မှာလား

မြန်မာအာဏာရှင်တွေ နဲ့ လက်မှတ်ထိုးပြီး ဆယ်စုနှစ်ကြာအောင် အဆီအနှစ်တွေ သဲ့ ထုတ်ယူနေ တဲ့ ရခိုင်ကမ်းရိုးတန်းမှာအခြေစိုက်ထားတဲ့ ဒေါ်လာဘီလျံနဲ့ချီတဲ့ တရုတ်စီမံကိန်းတွေဟာ

ဒီကနေ့မှာတော့ အရင်ကလို သက်တောင့်သက်သာ သဲ့ထုတ်နေလို့မရတော့ပါဘူး။

အာရက္ခတပ်တော် AA က ကမ်းရိုးတန်း နဲ့ ရိုးမ တောင်တန်းတွေပါ မကျန် မြေလှန်ထိုးစစ်ဆင်နေပြီး တရုတ်နဲ့ စစ်အစိုးရ တို့ အဆက်အဆက် လက်ဝါးချင်းရိုက်ထားခဲ့တဲ့ ကျောက်ဖြူက စီမံကိန်းတွေကို

ပိတ်ဆို့ ထိမ်းချုပ်ပြီးသား ဖြစ်အောင် ကျိုးပမ်းနေတာလို့လည်း ဆိုနိုင်ပါတယ်။

ဒီဗဟိုချက်ကိုရောက်ဖို့အတွက် ကျောက်ဖြူကိုချန်လှပ်ပြီး ရခိုင်ပြည်နယ်မြောက်ဘက်တကျောက မြောက်ဉီး ၊ မင်းပြား၊ မြေပုံ ၊ ကျောက်တော် ၊ အပေါက်ဝ ၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း စတဲ့မြို့တွေကို သိမ်းပိုက်ခဲ့သလို ရခိုင်ပြည်နယ် တောင်ဘက်တကျောက အမ်း၊ တောင်ကုတ် ၊ ဂွ မြို့တွေကိုလည်း ပြင်းပြင်းထန်ထန် ထိုးစစ်ဆင်နေတာဖြစ်ပါတယ်။

ဘီလျံဒေါ်လာချီတဲ့ အဲ့ဒီစီမံကိန်း ဧရိယာကို အာရက္ခထိမ်းချုပ်နယ်မြေရဲ့ လှေဝမ်းဗိုက်ထဲ ထည့်ဖို့ အတွက် မြို့နယ် ချင်းထိစပ်နေတဲ့ အမ်းက အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် လက်အောက်ခံ တပ်ရင်းအားလုံးကိုလည်း အခုဆိုရင် မြေလှန်သလို ထိုးစစ်ဆင်နေတာ တွေ့မြင်နေရပါတယ်။

ကျောက်ဖြူမှာ တရုတ်စီမံကိန်းတွေ ရှိတယ်လို့ လူတိုင်းအကြမ်းဖျင်းသိထားပေမယ့် တရုတ် ၊ ကိုရီယား နဲ့ အိန္ဒိယ နိုင်ငံတွေလက်ဝါးချင်းရိုက်ပြီး စာမတတ်တဲ့ မြန်မာစစ်ခေါင်းဆောင် တွေ နဲ့ ပူပေါင်းပြီး တိုင်းပြည်ရဲ့ သယံဇာတတွေကို တူးယူနေကြတာ လို့ ပြောနိုင်ပါတယ်။

ရခိုင်ပြည်မှာ ရေနံနဲ့သဘာဝဓာတ်ငွေ့လုပ်ကွက်တွေကို ( A1 – A7 ) နဲ့(AD1 – AD18) အထိ လုပ်ကွက် (၂၅) ကွက် သတ်မှတ်ထားပါတယ်။ လုပ်ကွက်အများစုမှာစမ်းသပ်ရှာဖွေနေကြပြီး သဘာဝ ဓာတ်ငွေ့ရှာဖွေတွေ့ရှိထားတဲ့ လုပ်ကွက်တွေကတော့ (A1) (A3)(A6) (AD7) တွေဖြစ်ပါတယ်။

လက်ရှိတူးဖော်နေတဲ့ လုပ်ကွက်တွေကတော့ – A1 – လုပ်ကွက် – ရွှေသဘာဝဓာတ်ငွေ့သိုက်ကနေ ၂၀၁၃ ခုနှစ်မှာ တရုတ်နိုင်ငံသို့စပြီးပို့ခဲ့တယ်။ ရွှေဖြူတွင်းတွေကနေ ၂၀၂၂ ခုနှစ်နောက်ပိုင်းမှာ

စပြီးထုတ်လုပ်နိုင်မှာဖြစ်တယ်။ A3 – လုပ်ကွက် – မြသဘာဝဓာတ်ငွေ့တွင်းတွေကနေ ၂၀၂၅ ခုနှစ်လောက်မှာ စပြီးထုတ်လုပ် နိုင်မှာဖြစ်တယ်။

.

A1 နဲ့ A3 ဟာ ရွှေသဘာဝဓာတ်ငွေ့စီမံကိန်းဝင် လုပ်ကွက်တွေဖြစ်ပြီး POSCO International က (၅၁%)၊ Oil and Natural Gas Corporation (ONGC) က(၁၇%)၊ Myanmar Oil and Gas

Enterprise (MOGE) က (၁၅ %)၊ Gas Authority of India Ltd က (၈.၅ %)၊ Korean Gas Corporation ( KOGAS ) က (၈.၅%) ပိုင်ဆိုင်ကြတယ်။

တရုတ်နိုင်ငံက ကျောက်ဖြူမှာ ရေနံနဲ့ဂက်စ် ပိုက်လိုင်းလုပ်တယ်၊ ရွှေဂက်စ်ကိုဝယ်တယ်၊ အထူး စီးပွားရေးဇုန်နဲ့ ရေနက်ဆိပ်ကမ်းစီမံကိန်းလုပ်ပြီး အရှေ့အလယ်ပိုင်းက ရေနံတွေကိုပါ ရခိုင်ကမ်းရိုတန်းမှာ ဂိုဒေါင်ဆောက်ပြီး ထားမယ့် အကွက်တွေလုပ်နေတာ ဖြစ်တယ်။

အဲဒါအပြင် အခုရွှေသဘာဝဓာတ်ငွေ့စီမံကိန်းမှာ ကိုးရီးယားနဲ့ အိန္ဒိယက ကုမ္ပဏီတွေပါ အဓိကပါဝင်ပြီး ဗိုလ်ကျနေတဲ့အတွက် နောက်ကျောက ဓားတွေ နဲ့ မြန်မာပြည်ကြီးဖြစ်နေခဲ့တာ ကြာပါပြီ။

ရွှေသဘာဝဓာတ်ငွေ့ စီမံကိန်းက ပြည်တွင်းသုံးဓာတ်ငွေ့ တန်ဖိုးအပါအဝင်တစ်နှစ်ကို အမေရိကန်ဒေါ်လာ သန်း (၄၀၀) နီးပါး စစ်ကောင်စီကို ပေးနေတာဖြစ်ပါတယ်။ “ဒါဟာ ဆယ်စု နှစ်ကျော်ခဲ့ပါပြီ” ။

ဒါကြောင့်လည်း စစ်ခေါင်းဆောင်မင်းအောင်လှိုင် ဟာ တရုတ်ဆီကို သွားသွားပြီး ဉီးခိုက်နေရတာ ဖြစ်ပါတယ်။ မြန်မာတစ်ပြည်လုံးက ပြည်သူကို လေကြောင်းတိုက်ခိုက် ဗုံးကြဲပြီးလူပါးဝ နိုင်ဖို့ ဒီစီမံကိန်းတွေက အဓိက ငွေဝင်နေတာလို့ လည်းပြောနိုင်ပါတယ်။

ရခိုင်စစ်မြေပြင်နဲ့ မြေပြင်အခြေအနေမှာ တော့ စစ်ကောင်စီရဲ့ အာဏာစက်တွေဟာ အခု ဆိုရင် ရခိုင်ပြည်မှာ လေးချိုး တစ်ချိုးလောက်ပဲ သက်ရောက်တော့တဲ့ အခြေအနေ ဖြစ်တယ်။ ဒါကြောင့်လည်း AA လက်ထဲပေးလိုက်ရတဲ့ စခန်းတွေ ၊ အဆောက်အအုံတွေ ၊ တံတားတွေကို ဗုံးကြဲ ၊ မှိုင်းဖောက် တဲ့ လုပ်ရပ်တွေ လုပ်နေတယ်လို့ ဆိုနိုင်ပါတယ်။

ပထဝီအနေအထားရ အခုပြင်းပြင်းထန်ထန် စစ်ပွဲတွေဖြစ်နေတဲ့ အမ်း ၊ တောင်ကုတ် ၊ ဂွ မြို့တွေဟာ ရခိုင်ပြည်နယ် ရဲ့ တောင်ဘက်တခြမ်းလုံးကို ကိုယ်စားပြုပါတယ်။ ကျောက်ဖြူဟာလည်းပဲ ရခိုင်ပြည်တောင်ဘက်အခြမ်းမှာ ရှိနေတဲ့မြို့ဖြစ်ပါတယ်။ ဒါကြောင့် အဲ့ဒီမြို့တွေကို သိမ်းပြီးရင် ကျောက်ဖြူမြို့ဟာ အာရက္ခတပ်တော်ရဲ့ ထိမ်းချုပ်နယ်မြေထဲက အတွင်းပိုင်းမှာ ပိတ်မိသွားမှာဖြစ်ပါတယ်။

AA ဟာ တရုတ်ရင်းနှီးမြုပ်နံမှုတွေ ရှိတဲ့ ကျောက်ဖြူဒေသက ရေတပ်စခန်းကို တစ်ခါနှစ်ခါ ရှော့တိုက်ဒုန်းနဲ့ တိုက်ပြီး နောက်မှာ ၊ ကျောက်ဖြူမြို့ကို ချန်လှပ်ပြီးရခိုင်ပြည်တောင်ဘက်အခြမ်းကို သိမ်းပိုက်တဲ့ တိုက်ပွဲတွေ စတင်ခဲ့တာဖြစ်ပါတယ်။ ဒီနောက်မှာ ကျောက်ဖြူမြို့ ပတ်လည်မှာ အာရက္ခတပ်တော်က နေရာယူထားနှင့်ပြီးဖြစ်ပါတယ်။ မြို့ပေါ်ဒေသတွေမှာသာ စစ်ကောင်စီ မြို့စောင့်တပ်တွေ အထိုင်ချထားပြီး မြို့ပြင်ကို ခြေတစ်လှမ်းတောင် မချနိုင်တော့တဲ့ အခြေအနေ ရောက်နေပြီဖြစ်ပါတယ်။

ရခိုင်ပြည်တောင်ပိုင်းက တိုက်ပွဲတွေဟာ ခြောက်လအတွင်းမှာ ဧရာဝတီ နဲ့ ရေလမ်းကြောင်း လွယ်ကူတဲ့ သံတွဲမြို့ နဲ့ သံတွဲရေတပ်ကို သိမ်းပိုက်နိုင်ခဲ့ပြီး ဖြစ်ပါတယ်။ ဒါဟာ ကျောက်ဖြူမြို့က ရေတပ်ကို ထောက်ပို့လုပ်ဖို့ ရေတပ်လမ်းကြောင်းကို ကြိုတင် ဖြတ်တောက်ထားလိုက်နိုင်ခြင်းလည်းဖြစ်ပါတယ်။

ရခိုင်ပြည်တောင်ပိုင်း မြို့တွေ ကို အာရက္ခတပ်တော်က သိမ်းပိုက်နိုင်ပြီဆိုရင် ဘီလျံဒေါ်လာများစွာ ရင်းနှီးမြုပ်နံ ထားတဲ့ ကျောက်ဖြူဒေသက စီမံကိန်းတွေဟာ အာရက္ခတပ်တော် ထိမ်းချုပ်နယ်မြေတွေ ရဲ့ အတွင်းပိုင်းထဲမှာ ကို ရောက်သွားပါလိမ့်မယ်။ စစ်ဗျူဟာအရ ဆိုရင်တော့ ချောင်ပိတ်မိသွားတဲ့ အခြေအနေ ပါ။

ကျောက်ဖြူမြို့ဟာ ကျည်တစ်ချက်မဖောက်ရဘဲ သိမ်းပြီးသားလည်းဖြစ်နိုင်ပါတယ်။ ဒါမှမဟုတ် ကျောက်ဖြူမြို့နဲ့ တရုတ်စီမံကိန်းတွေကို အဖက်ဖက်က ပိတ်ဆို့ထားပြီးမှ ညှိနှိုင်းဆွေးနွေးတာမျိုုးလည်းဖြစ်နိုင်ပါတယ်။

ငြိမ်းချမ်းစေ ရေးသည်။

Kay Zue

Related Posts

7 thoughts on “ကျောက်ဖြူက ဘီလျံဒေါ်လာချီတဲ့ စီမံကိန်းကြီးတွေ AA ထိမ်းချုပ်နယ်မြေတွေအတွင်း ပိတ်မိတော့မှာလား

  1. the best adult generator custom ai girlfriend create erotic videos, images, and virtual characters. flexible settings, high quality, instant results, and easy operation right in your browser. the best features for porn generation.

  2. Hello folks!
    I came across a 153 helpful tool that I think you should explore.
    This resource is packed with a lot of useful information that you might find helpful.
    It has everything you could possibly need, so be sure to give it a visit!
    https://www.portaldorugby.com.br/topo/a-tragedia-dos-andes-chegara-a-netflix-em-2023

    Additionally do not neglect, everyone, — you constantly may within this publication discover solutions to the most the absolute confusing questions. Our team made an effort to explain all of the information using the most extremely accessible way.

  3. Hello everyone!
    I came across a 153 fantastic site that I think you should browse.
    This resource is packed with a lot of useful information that you might find interesting.
    It has everything you could possibly need, so be sure to give it a visit!
    https://apkinstallation.com/how-do-i-redeem-my-bonus-on-22bet/

    Furthermore don’t forget, folks, which a person at all times are able to within this piece discover responses to address the most confusing questions. Our team tried to explain all of the information via the very accessible method.

Leave a Reply

Your email address will not be published. Required fields are marked *