Laywaddy FM

ရခိုင်ပြည်တောင်ပိုင်းက စစ်မှုထမ်းလူငယ်တွေကို ရှေ့တန်း စစ်မျက်နှာတွေ မှာ အသုံးပြုလာ

ရခိုင်ပြည်နယ် ဂွ ၊ သံတွဲ ၊ တောင်ကုတ် မြို့တွေက စစ်မှုထမ်းဖို့ ပထမ အသုတ် သင်တန်းပေးခံထားရတဲ့ လူငယ်တွေကိုရှေ့တန်းစစ်မျက်နှာတွေမှာ အသုံးပြုနေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေ ဆီက သိရပါတယ်။
ဂွ၊ သံတွဲ ၊ တောင်ကုတ် မြို့တွေက ပထမ အသုတ် စစ်မှုထမ်းဖို့ စုဆောင်းခံထားရသူ ဦးရေးဟာ ဒီမြို့နယ် သုံးခုပေါင်း ၇၀၀ဝန်းကျင်ရှိနေပြီး အဲ့ဒီအထဲမှာ အသက် ၁၈ နှစ်ကနေ ၅၀ နှစ်အထိပါဝင်တယ်လို့ သိရပါတယ်။
\”သံတွဲ ကအသစ်တွေကို ရေအား က အမြှောက်တပ်ခွဲကို ခေါ်သွားတယ်၊ အမ်း နဲ့ တောင်ကုတ် ကို ပေါင်းထားတယ် ဂွကလူငယ်တွေကိုတော့ သံတွဲကို ရွှေ့ထားတယ် အားလုံးကို ရှေ့တန်းအတွက် အသင့်ပြင်ခိုင်ထားတယ် \” လို့
ဒီစစ်သင်တန်းပေးမှု နဲ့ နီးစပ်သူ တစ်ဦးက ပြောပါတယ်။
အမ်းမြို့အခြေစိုက်တဲ့ အနောက်ပိုင်းတိုင်းစစ်ဌာန ချုပ်တစ်ခုလုံးကို ရခိုင့်တပ်တော် AA လက်နက်ချ အညံ့ခံဖို့
ပြောကြားထားပြီးတဲ့နောက်မှာ အမ်းမြို့က အင်အားတချို့ဟာ ဌာန ချုပ်မှာ ပူးပေါင်းထားတယ်လို့ ပြောပါတယ်။
\”ရေတပ်ကိုတော့သူတို့ ပြင်ထားတယ်၊ အမြှောက်တပ်နဲ့ ရေတပ် ကို အဓိက အားထားတဲ့ သဘောပဲ ၊ စခန်းတွေ ကို စွန့်ပြီး အင်အားတွေ ပေါင်းနေပြီ ၊ စစ်တပ်က လူသစ်တွေနဲ့ ခံစစ်ပြင်နေတယ် \” လို့ စစ်ရေးလှုပ်ရှားမှုကို စောင့်ကြည့်သူ တစ်ဦးက ပြောပါတယ်။
ရခိုင်ပြည်နယ် မှာ တိုက်ပွဲတွေ ပြင်းပြင်းထန်ထန်ဖြစ်ပွားနေတာ လေးလကျော်ကြာမြင့်ခဲ့ပြီး ဖြစ်ပြီး
စစ်ကောင်စီဟာပြည်နယ်မြို့တော်ဖြစ်တဲ့ စစ်တွေ ၊ တရုတ်စီမံကိန်းတွေရှိတဲ့ ကျောက်ဖြူ နဲ့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် ရှိရာ အမ်း မြို့တွေကို အပြင်းအထန်ခံစစစ်ပြင်နေရတဲ့ အနေအထားဖြစ်ပါတယ်။

Shine Bu Chay

Related Posts

2 thoughts on “ရခိုင်ပြည်တောင်ပိုင်းက စစ်မှုထမ်းလူငယ်တွေကို ရှေ့တန်း စစ်မျက်နှာတွေ မှာ အသုံးပြုလာ

  1. Эта статья предлагает живое освещение актуальной темы с множеством интересных фактов. Мы рассмотрим ключевые моменты, которые делают данную тему важной и актуальной. Подготовьтесь к насыщенному путешествию по неизвестным аспектам и узнайте больше о значимых событиях.
    Разобраться лучше – https://vivod-iz-zapoya-2.ru/

Leave a Reply

Your email address will not be published. Required fields are marked *