လေး၀တီ FM
ဂွမြို့နယ် ကုလားပြင်ကျေးရွာက အရပ်သား အမျိုးသမီး အမျိုးသား ၆၀ ကျော်ကို စစ်ကောင်စီက ဒီကနေ့ ြသဂုတ်လ ၁၅
နေ့လည်ပိုင်းက ဖမ်းဆီးလိုက်တယ်လို့ ဒေသခံ သတင်းရင်းမြစ်က ပြောပါတယ်။
” ကုလားပြင်ကုန်းပိုင်းက လူတွေကို ဖမ်းထားပါတယ် ၊ အမျိုးသမီး အမျိုးသား စုစုပေါင်း ၆၀ ကျော် ပါ ။ ရန်ဖြစ်လို့ပဲ ဖမ်းသလိုလို ၊ ဖုန်းပဲ စစ်သလိုလို ၊ ရခိုင်တွေကြောင့်ပဲ မေးသလိုလိုနဲ့ ဖမ်းထားတယ် ၊ ကုလားပြင်မှာက စစ်ပွဲလည်းမဖြစ်သေး လက်နက်ကြီးလည်းမကျသေး စစ်ကောင်စီ က ထိမ်းထားဆဲ ဖြစ်ပါတယ်” လို့ ဒေသခံက ပြောပါတယ်။
စစ်ကောင်စီတပ်သားတွေက ကုလားပြင်စခန်းကုန်းနဲ့ ကုလားပြင်ကျေးရွာထဲက အိမ်အချို့မှာ ကင်းပုန်း၀◌ပ်နေရာ ယူထားတယ်လို့သိရပါတယ်။
စစ်ကောင်စီဟာ ကုလားပြင် တံတားနဲ့ ဆပ်သွား တံတားကို မှိုင်းခွဲမယ် ဆိုတဲ့ သတင်းတွေလည်း ဒေသတွင်းမှာ ပြောဆိုနေကြတယ်လို့သတင်းရရှိပါတယ်။
“ကုလားပြင်ချောင်းနဲ့ ရေကျော်ချောင်း၀ မှာ စစ်ကောင်စီတွေ ကင်းပုန်း၀◌ပ်နေတယ် ဗျ” လို့ သူက ပြောပါတယ်။
ဒီကနေ့ နေ့လည် ဘက်မှာ ကျိန္တလီ က တပ်ဆုတ်သွားတဲ့ စစ်ကောင်စီတပ်တွေဟာ ကြွေချိုင်ကမ်းခြေကနေ လက်နက်ကြီးနဲ့ ပြန်လည် ပစ်ခတ်ခဲ့ပြီး နှစ်ဖက် အပြန်အလှန် ပစ်ခတ်မှုတွေ ဖြစ်ခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီဟာ သံတွဲဒေသ တိုက်ပွဲ အတွင်းမှာ လည်း မြပြင်နဲ့ ဂျိတ္တော ကျေးရွာက ဒေသခံတွေိကို ဖမ်းဆီးခဲ့ ပါသေးတယ်။
လေးဝတီ FM ရဲ့ သတင်းတွေကို
နယ်မြေခံသတင်းထောက်ပေးပို့သည်။