Laywaddy FM

သံတွဲတွင် စစ်ကောင်စီမှ လုံခြုံရေး အဆမတန် တိုးမြှင့်နေ

ရခိုင်ပြည်နယ်၊ သံတွဲမြို့ကို စစ်ကောင်စီမှ စစ်ဆေးရေးဂိတ်မြောက်များစွာချကာ လုံခြုံရေး
အဆမတန် တိုးမြှင့်နေကြောင်း သိရပါတယ်။
\”သံတွဲကနေ ၁၀မိုင်ပဲ ဝေးတဲ့ ဂျိတ်တောအထိကို ဂိတ် ၆ ခု ချထားတယ်။ ဂိတ်တိုင်းမှာ
စစ်ဆေးနေတော့ ဒေသခံတွေ စိုးရိမ်ကြပြီး အသွားအလာ အရမ်းနည်းသွားကြတယ်\” လို့
သံတွဲဒေသခံတစ်ဦးက ဆိုပါတယ်။
သံတွဲ မှ ၁၀ မိုင် အကွာရှိ ဂျိတ်တော အကြားတွင် ချထားသော ဂိတ်များမှာ နန်းချောင်း၊
ငပလီမြို့ရှောင်လမ်းဆုံ၊ ငပလီလမ်းဆုံ၊ ဝါးတောင်ကွင်း၊ လင်းသာ နှင့် ဂျိတ်တောအဝင် တို့တွင်
ဖြစ်ကြောင်း သိရပါတယ်။
\”စစ်ဆေးရေးဂိတ် တစ်ဂိတ်မှာ စစ်သား အယောက် ၃၀ လောက်ရှိတယ်၊ ရဲလည်းရှိတယ်၊
အရပ်ဝတ်တွေနဲ့လည်း တွေ့နေရတယ်။ ဆန်သယ်လာရင်လည်း အရမ်းရစ်တယ်၊
‌ငွေတောင်းတယ်\” လို့လည်း ဆိုပါတယ်။
ယခင်က သံတွဲမြို့ အဝင် အထွက် နေရာဖြစ်တဲ့ စာနီတောင် နှင့် ဘာတောင်းတောင် ဂိတ်တွင်သာ
စစ်ဆေးပေမယ့် ယခုအခါ စစ်ဆေးရေးဂိတ်များကို စစ်ကောင်စီမှ လုံခြုံရေးအကြောင်းပြကာ
အမြောက်အများချထားပြီး ဒေသခံများထံမှ ငွေညှစ် ကောက်ခံနေကြောင်း သိရပါတယ်။

Shine Bu Chay

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *