Laywaddy FM

Day: June 26, 2025

Day: June 26, 2025

ကျောက်ဖြူအမတ်ဟောင်း တည်ထောင်တဲ့ ရခိုင်တိုင်းရင်းသားများပါတီ RNP က စစ်ကောင်စီဆီမှာ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့် လျောက်ထား

ကျောက်ဖြူအမတ်ဟောင်း တည်ထောင်တဲ့ ရခိုင်တိုင်းရင်းသားများပါတီ RNP က စစ်ကောင်စီဆီမှာ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့် လျောက်ထား

ကျောက်ဖြူမြို့နယ်က ပြည်သူ့လွှတ်တော်အမတ်ဟောင်း ဦးဘရှိန် နဲ့ သူ့ ရဲ့ သားမက်ဖြစ်သူ ကျောက်ဖြူဗရာဏသီဟိုတယ် Hotel Varanthi ပိုင်ရှင် ဦးငြိမ်းချမ်းမောင်တို့ ဦးဆောင်တည်ထောင်တဲ့ ရခိုင်တိုင်းရင်းသားများပါတီ (Rakhine Nationalities Party-RNP) ကို နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ပေးဖို့ ပြည်ထောင်စုရွှေးကောက်ပွဲကော်မရှင်(UEC)ဆီကို ဇွန်လ၂၄ရက်နေ့မှာလျှောက်ထားခဲ့ တယ်လို့ သိရပါတယ်။ နိုင်ငံရေးပါတီတွေ…

ကျောက်ဖြူမြို့ ကပ်သပြေရွာအနီး တိုက်ပွဲမှာ စစ်ကောင်စီ အကျအရှုံးတွေ နဲ့ရင်ဆိုင်နေရ

ကျောက်ဖြူမြို့ ကပ်သပြေရွာအနီး တိုက်ပွဲမှာ စစ်ကောင်စီ အကျအရှုံးတွေ နဲ့ရင်ဆိုင်နေရ

တိုက်ပွဲပြင်းထန်နေတဲ့ ကျောက်ဖြူမြို့မှာ ဓည၀တီ ရေတပ်ဌာနချုပ် ရဲ့ကာကင်းတစ်ခုဖြစ်တဲ့ ကပ်သပြေရွာတိုက်ပွဲဟာ တစ်ပတ်ကျော်ကြာလာပြီး တဲ့နောက်မှာတော့ စစ်ကောင်စီတပ်သားတွေ အကျအရှုံးများနေတယ်လို့ သတင်းရရှိပါတယ်။ ကပ်သပြေရွာတိုက်ပွဲမှာ အကျအရှုံးများနေတဲ့ စစ်ကောင်စီ တပ်ဖွဲ့၀င်အချို့ဟာ တိုက်ပွဲကြားထဲကနေ လွတ်မြောက်ရာနေရာတွေကို ထွက်ပြေးတာတွေလည်း ရှိနေတယ်လို့လည်း ကျောက်ဖြူဒေသခံစစ်ရေးသတင်းရင်းမြစ်က လေး၀တီFM ကိုပြောပါတယ်။ "အခု တိုက်ပွဲကလည်းပြင်းနေတယ် ၊…

အမ်းမြို့နယ် က စစ်ရှောင်တွေ ငှက်ဖျားကြောင့် ဆေးမကုနိုင်ဘဲ သေဆုံးမှုရှိနေ ၊ အာရက္ခပြည်သူ့အစိုးရ အရေးပေါ်စီမံပေးရန်လိုအပ်

အမ်းမြို့နယ် က စစ်ရှောင်တွေ ငှက်ဖျားကြောင့် ဆေးမကုနိုင်ဘဲ သေဆုံးမှုရှိနေ ၊ အာရက္ခပြည်သူ့အစိုးရ အရေးပေါ်စီမံပေးရန်လိုအပ်

အာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့ အမ်းမြို့နယ် ကျေးရွာတွေမှာ နေထိုင်တဲ့ စစ်ဘေးရှောင်ပြည်သူတွေဟာ ငှက်ဖျား ရောဂါကြောင့် သေဆုံးမှုတွေ တိုးလာပြီး ၊ ကျန်းမာရေးစောင့်ရှောက်မှုတွေလက်လှမ်းမှီဖို့ အာရက္ခပြည်သူ့အစိုးရ အနေနဲ့ အရေးပေါ်ဆောင်ရွက်ပေးဖို့ လိုအပ်နေတယ်လို့ ပြည်သူတွေက ဆိုပါတယ်။ အခုဇွန်လ ထဲမှာတင် အမျိုးသား ၊ အမျိုးသမီး ၊ကလေး အပါအဝင် လူဆယ်ဦးကျော်…

သံတွဲ ၊ တောင်ကုတ် ၊ အမ်း မြို့နယ်က ပြည်သူတွေ မိသားစုနဲ့ ဖုန်းအဆက်အသွယ် ရဖို့ အာရက္ခပြည်သူ့ အစိုးရ ကို တောင်းဆို

သံတွဲ ၊ တောင်ကုတ် ၊ အမ်း မြို့နယ်က ပြည်သူတွေ မိသားစုနဲ့ ဖုန်းအဆက်အသွယ် ရဖို့ အာရက္ခပြည်သူ့ အစိုးရ ကို တောင်းဆို

ရခိုင်ပြည် ၊ အမ်း ၊ တောင်ကုတ် ၊ သံတွဲ ၊မြို့နယ်တွေ မှာ နေထိုင်တဲ့ ပြည်သူတွေဟာ မိသားစုဝင်တွေနဲ့ ဖုန်းအဆက်အသွယ် ရရှိဖို့ ခက်ခဲနေပြီး အာရက္ခပြည်သူ့ အစိုးရ ရဲ့ မြို့နယ် တာဝန်ခံတွေက ဆက်သွယ်ရေးကောင်းမွန်အောင်ဆောင်ရွက်ပေးဖို့ တောင်းဆိုထားပါတယ်။ လေးဝတီ FM ရဲ့…

စစ်ကောင်စီအင်အား ၁၀၀၀ ကျော်နဲ့ စစ်မျက်နှာ ၃ ခု ဖွင့်ပြီး ကျောက်ဖြူမှာ ထိုးစစ်ဆင်နေ

စစ်ကောင်စီအင်အား ၁၀၀၀ ကျော်နဲ့ စစ်မျက်နှာ ၃ ခု ဖွင့်ပြီး ကျောက်ဖြူမှာ ထိုးစစ်ဆင်နေ

ကျောက်ဖြူမြို့နယ် စစ်မျက်နှာမှာ စစ်ကောင်စီဘက်က အင်အား ၁၀၀၀ ကျော်အသုံးပြုကာ စစ်မျက်နှာ သုံးခုဖွင့်ပြီး အာရက္ခတပ်တော် ထိမ်းချုပ်ထားတဲ့ စခန်းတွေကို ထိုးစစ်ဆင်နေတယ်လို့ ဒီကနေ့ သတင်းရရှိပါတယ်။ ကျောက်ဖြူမြို့နယ် ကပ်သပြေကျေးရွာ ၊ ပြိုင်းစေ့ကေ နဲ့ မလကျွန်းဘက်ကို စစ်ကောင်စီ ဘက်က စစ်ကြောင်းတစ်ခုမှာ အင်အား ၄၀၀…