ရခိုင်ပြည် က လွတ်မြောက်မြို့တွေ ဖြစ်တဲ့ တောင်ကုတ်မြို့နဲ့ အမ်းမြို့ပေါ်က အပျက်အစီးများတဲ့ ရပ်ကွက်တွေက ဒေသခံတွေ ဟာ မိုးရာသီကာလ အမှီ မိမိနေအိမ်တွေကို ပြန်လည်ပြင်ဆင်ဖို့ လိုအပ်နေတယ်လို့ သိရပါတယ်။
မြို့သိမ်းတိုက်ပွဲ အတွင်းမှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးခဲ့ရတဲ့ မြို့ပေါ်ရပ်ကွက် တွေမှာ နေအိမ် ရာနဲ့ ချီဟာ အခုချိန်အထိ ပြာပုံထဲမှာ ရှိနေဆဲ ဖြစ်တယ်လို့ သွားရောက်မှတ်တမ်းယူထားသူတွေ ဆီက တဆင့်သိရပါတယ်။
အမ်းမြို့ပေါ်က ဒိုင်ကြီးရွာ၊ အောက်ရွာ ၊ မြို့ဟောင်း (လေယဉ်ကွင်း) ရပ်ကွက် ၊ တောင်ကုတ်မြို့ က စကခ (၅) အနီးဝန်းကျင်ရပ်ကွက်များ ၊ ဈေးရပ်ကွက် ၊ ဂူတာရပ်ကွက် ၊ တောင်ကုတ်-သံတွဲ လမ်းဆုံ အနီးဝန်းကျင် အပါအဝင် ရပ်ကွက် ဆယ်ခုကျော်က နေအိမ်တွေဟာ အခုချိန်ထိ ပြန်လည်ပြင်ဆင်နိုင်ခြင်းမရှိသေးဘူးလို့ ဆိုပါတယ်။
“မိုးကလည်းကျနေပြီ ကိုယ့် မှာ မြေကျန် နေသေးတော့ အဲ့ဒီမြေလေးမှာ ပြန်ပြင်ပြီး ကိုယ့်အိမ်မှာ ကိုယ်ပြန်နေချင်တယ်။ ကလေး နဲ့ သက်ကြီးရွယ်အိုတွေရှိတဲ့ အခါ တောထဲတောင်ထဲမှာ နေလို့ အဆင်မပြေဘူး၊ စားစရာမရှိလည်း နေစရာလေးရှိဖို့ လိုနေပါတယ်”လို့ အမ်းမြို့ မြို့ဟောင်းရပ်ကွက် က စစ်ရှောင်လာသူ အမျိုးသမီး တစ်ဦးက ပြောပါတယ်။
စစ်ကောင်စီ ဟာ တိုက်ပွဲ ကာလအတွင်းမှာ မြို့ပေါ်အထပ်မြင့် အဆောက်အုံတွေကို ဘန်ကာအဖြစ်အသုံးပြုတာတွေ ၊ လမ်းတံတားတွေ မှာ မြေမြုပ်မှိုင်းတွေ ထောင်ထားတာတွေ ကိုလည်း ပြုလုပ်ခဲ့ပါတယ်။
ဒေသခံတွေ ပြန်လည်ဝင်ရောက်နေထိုင်ရေး အတွက် မြေမြုပ်မှိုင်း ရှင်းလင်းရေးနဲ့ လေကြောင်း အန္တာရာယ် ဟာ စိန်ခေါ်မှု တစ်ခုအနေနဲ့ ရှိနေပါတယ်။
အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ ရဲ့ ထိပ်ပိုင်းခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဗိုလ်မှူး ထွန်းမင်းနိုင်က
“ရသေ့တောင်မြိူ့မဝင်ရခါ တောင်းဆိုလာကပ်တယ် မကြာခင်က ထွန်းရဝေဗုံးကျခခါ ပြောစရာမလို့အားလုံးထွက်လားခကပ်တယ်။ မဝင်ရဆိုစွာ အလကားပြောစွာကမဟုပ်ပါ အပြင်မှာစားရီးနီရီးတိခက်ခဲစွာသိပါရေ သို့သော်စစ်ကာလမှာ အသက်ထက်အရီးကြီးစွာတစ်ခုကားမဟိပါ ” လို့ စစ်ဘေးရှောင်များ နေရပ် ပြန်ဝင်ရေး နဲ့ ပတ်သက်ပြီး သူ့ရဲ့ လူမှုကွန်ယက်စာမျက်နှာက တဆင့်ရေးသားထားပါတယ်။
နေရပ်ပြန်မဝင်နိုင်သေးတဲ့ ဒေသခံတွေက တော့ နေအိမ်တွေကို စွန့်လွှတ်ထားရတာ အချိန်ကြာလာတာနဲ့ အမျှ ပိုင်ဆိုင်မှု နဲ့ ပတ်သက်ပြီး အငြင်းပွားမှုတွေ ဖြစ်လာမှာကိုလည်း စိုးရိမ်နေကြပါတယ်။
ရခိုင်ပြည်က မြို့ ၁၄ မြို့ကို အာရက္ခတပ်တော်က ထိန်းချုပ်ထားပြီး အဲ့ဒီမြို့တွေရဲ့ အုပ်ချုပ်ရေး ယန္တရားကိုလည်း လည်ပတ်နေတာဖြစ်ပါတယ်။
ရခိုင်ပြည်သိမ်းတိုက်ပွဲကာလအတွင်းမှာ အသက်အိုးအိမ် တွေကို စွန့်ခွာထွက်ပြေး ခဲ့ရသူ ခြောက်သိန်းကျော်ရှိတယ် လို့ အာရက္ခတပ်တော်ဘက်က ထုတ်ပြန်ခဲ့ပါတယ်။ အဲ့ဒီစစ်ရှောင်ပြည်သူတွေ နေရပ်ပြန်ဝင်နိုင်ရေး ၊ လုံခြုံရေး နဲ့ စားဝတ်နေရေး ဟာ အခုချိန်အထိ အခက်အခဲ ဖြစ်နေ ဆဲ ဖြစ်ပါတယ်။
အမ်းမြို့နယ်မှာ စစ်ကောင်စီရဲ့ နပခ ဌာနချုပ် အပြင် ၊ ခြေမြန်တပ်ရင်းများဖြစ်တဲ့ ခမရ(၃၇၁)၊( ၃၇၂)၊(၃၇၃)(၃၇၄)အမြောက်တပ် ရင်းတွေ အခြေစိုက်ခဲ့ပါတယ်။
တောင်ကုတ်မြို့နယ်မှာတော့ စကခ (၅) လက်အောက်ခံတပ်ရင်းတွေ အခြေစိုက်ခဲ့ပါတယ်။
အမ်းချောင်းသူ လေး၀တီFM
Wow, marvelous weblog format! How lengthy have you ever been running a blog for? you make running a blog glance easy. The full glance of your website is wonderful, let alone the content material!
gear roids
References:
https://clashofcryptos.trade/
References:
Western lotto 649
References:
https://vaniamdiniz.com.br/meu-ponto-final/
References:
Fair To Go Casino RTG games
References:
https://graph.org/Lucky-Green-Casino-Spin-to-Win-04-20
References:
Royal vegas casino
References:
https://graph.org/Lucky-Green-Casino-Best-Slots–Bonuses-04-20
References:
The lodge casino
References:
https://casino-with-roulette.online-spielhallen.de/