Day: November 10, 2025
ရခိုင်ပြည် ပုဏ္ဏားကျွန်းမြို့ ယိုးတရုပ်ကျေးရွာ လေကြောင်းတိုက်ခိုက်ခံရမှုဖြစ်စဉ်
ဖော်ပြပါ ဓာတ်ပုံဟာ ရခိုင်ပြည် ပုဏ္ဏားကျွန်းမြို့ ယိုးတရုပ်ကျေးရွာ လေကြောင်းတိုက်ခိုက်ခံရမှုဖြစ်စဉ် ကြောင့် သမီးဖြစ်သူ နဲ့ မြေးမလေး တို့ သေဆုံးခဲ့ရတဲ့ အလောင်းဘေးမှာ ငိုကြွေးနေတဲ့ အဘိုးအိုတစ်ဦး ရဲ့ ပုံဖြစ်ပါတယ်။ ဓာတ်ပုံကိုတော့ ဒေသတွင်းမှာ လူညီကယ်ဆယ်ရေးတွေ လုပ်နေတဲ့ ပုဏ္ဏားကျွန်းလူငယ်အဖွဲ့ (PLA) က ရိုက်ကူးခဲ့တဲ့…
ပုဏ္ဏားကျွန်းကိုနေ့ကြဲပြီး ညဘက်မင်းပြားကို ထပ်ကြဲတယ်
အရပ်သားတွေကို ပစ်မှတ်ထားနေတဲ့ စစ်ကော်မရှင်လေတပ်ဟာ ဒီနေ့ နေ့လည်၁၁ နာရီက ပုဏ္ဏားကျွန်းမြို့ ယိုးတရုပ်ကျေးရွာကို လေကြောင်းက တိုက်ခိုက်ပြီးနောက် ညဦးပိုင်းမှာ မင်းပြားမြို့ကို ထပ်မံတိုက်ခိုက်ခဲ့ပါတယ်။ ည ၈ နာရီဝန်းကျင်မှာ မင်းပြားမြို့ မြို့သစ်ရပ်ကွက်ကို လေကြောင်းက တိုက်ခိုက်ခဲ့ပြီး အရပ်သား (၃) သေဆုံးပြီး ဆယ်ဦးကျော် ဒဏ်ရာ…
အရပ်သားပစ်မှတ်များတိုက်ခိုက်ခြင်းကို သိမ်းငှက်မင်း စစ်ဆင်ရေးဟု စစ်လော်ဘီတွေ ဝါဒဖြန့်နေ
စစ်ကောင်စီ လေတပ် ဟာ ရခိုင်က အရပ်သားပစ်မှတ်တွေကို တိုက်ခိုက်နေပြီး ၊ ဒါဟာ ရခိုင်ကိုပြန်သိမ်းမယ့် သိမ်းငှက်မင်း စစ်ဆင်ရေးဆိုပြီး စစ်လော်ဘီချန်နယ်တွေက တဆင့်ဝါဒဖြန့်နေပါတယ်။ လေကြောင်း တိုက်ခိုက်မှုကြောင့်သေဆုံးသွားတဲ့ အရပ်သားတွေရဲ့ ဓာတ်ပုံတွေကို အသုံးပြုပြီး စစ်လော်ဘီတွေ တယ်လီဂရမ်ချန်နယ်တွေကနေ ၄င်းတို့ ရဲ့ စစ်ဆင်ရေး စပြီဆိုပြီး ဝါဒဖြန့်နေတာဖြစ်ပါတယ်။…
ပုဏ္ဏားကျွန်းမြို့ ယိုးတရုပ်ရွာ လေကြောင်းတိုက်ခိုက်ခံရမှု
နိုဝင်ဘာ (၇) ၊ နေ့လည် ၁၁ နာရီက ပုဏ္ဏားကျွန်းမြို့ ယိုးတရုပ်ရွာ လေကြောင်းတိုက်ခိုက်ခံရမှု တွင် သေဆုံးသူများမှာ သက်ကြီးရွယ်အို အမျိုးသမီးများ ၊ ကလေးမိခင်များ ၊ ကလေးများ ဖြစ်သည်။ Laywaddy FM
စစ်ကော်မရှင် လေကြောင်းတိုက်ခိုက်မှုကြောင့် ပုဏ္ဏားကျွန်း ယိုးတရုတ်မှာ အမျိုးသမီး(၄) ဦးသေဆုံး
ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးတရုပ်ကျေးရွာကို ဒီကနေ့ နိုဝင်ဘာ (၇)ရက်နေ့ က စစ်ကော်မရှင်တပ်လေကြောင်းက ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အမျိုးသမီး (၄) ဦးနဲ့ အမျိုးသား (၁) ဦးသေဆုံးခဲ့တယ်လို့ ကနဦး သတင်းရရှိခဲ့ပါတယ်။ ဒါအပြင် ဒီတိုက်ခိုက်မှုကြောင့် နောက်တပ် အမျိုးသမီး (၃) ဦးနဲ့ အမျိုးသား (၄)…
သံတွဲမြို့က လသားအရွယ် ကလေးငယ်တစ်ဦး ကော့စမွီဆေးရုံမှာဆေးကုသခံနေရပြီး အသက်ရှင်ရေး အတွက် အကူအညီလိုအပ်နေ
သံတွဲမြို့ ၊ အံတော်ရပ်ကွက်ကနေ ထိုင်းနိုင်ငံကို ကော့စမွီကျွန်းကို ရွှေ့ပြောင်းအလုပ်သမားအဖြစ် ရောက်ရှိနေတဲ့ မအိအိဇော်နဲ့ ကျန်းမာရေးချို့တဲ့ နေတဲ့ လသားအရွယ် ကလေးတို့ဟာ ဆေးကုသစရိတ်အရေးပေါ်လိုအပ်နေတယ် လို့ လေးဝတီ FM ကို အကူအညီတောင်းလာပါတယ်။ မအိအိဇော်က ကော့စမွီကျွန်းမှာ သူ့အမျိုးသားနဲ့ အတူနေထိုင်ရင်း အမွှာကလေးနှစ်ဦးကို မွေးဖွားခဲ့ပါတယ်။ ဒါပေမယ့်…