Day: November 23, 2025
ကျောက်ဖြူမှာ ပိတ်မိနေတဲ့ ခရီးသည် တချို့ရေကြောင်းကထွက်ခွာစဉ် စစ်ကော်မရှင် ရေတပ်ဖမ်းဆီး ၊ စစ်မှုထမ်းသင်တန်းပို့
ကျောက်ဖြူမြို့မှာ ပိတ်မိနေတဲ့ ခရီးသည်ရာနဲ့ချီထဲက တချို့ဟာ ဒေသခံပွဲစားတွေရဲ့ အစီအစဉ်နဲ့ ရေပြင်ကနေ ထွက်ခွာကြရာကနေ ၊ စစ်ကော်မရှင်နေဗီဆီမှာ ဖမ်းဆီးခံရတယ်လို့ သတင်းရရှိပါတယ်။ ကျောက်ဖြူနဲ့ မာန်အောင်ကြားကရေပြင်မှာ အောက်တိုဘာလထဲတွင်းက လူအယောက် ၁၀၀ကျော် ဖမ်းဆီးခံရတဲ့ ဖြစ်စဉ် နဲ့ ပတ်သက်သူ တစ်ဦးနဲ့ လေးဝတီFM စကားပြောခွင့်ရခဲ့ပါတယ်။ "ပွဲစားတွေက…