Laywaddy FM

တပ်ဆုတ်သွားတဲ့ စစ်ကောင်စီ တပ်တွေ ကြွေချိုင် ကမ်းခြေကနေ ‌AA ကို ခုခံ

တပ်ဆုတ်သွားတဲ့ စစ်ကောင်စီ တပ်တွေ ကြွေချိုင် ကမ်းခြေကနေ ‌AA ကို ခုခံ

ရခိုင်ပြည် ဂွမြို့နယ် ကျိန္တလီမြို့ကို အာရက္ခတပ်တော်မှ ထိုးစစ်ဆင်နေပြီး စစ်ရေးရှုံးနိမ့်နေတဲ့ စစ်ကောင်စီတပ်သားတွေဟာ ကြွေချိုင်အထိ တပ်ဆုတ်ကာ ခုခံနေကြောင်း သိရပါတယ်။

မနေ့ညနေကတော့ ကြွေချိုင် သရက်တောင်ကနေ ကျိန္တလီဘက်ကို အမြောက်တွေနဲ့ ပစ်နေတယ်” လို့ ဂွမြို့နယ်ဒေသခံတစ်ဦးက လေးဝတီ FM ကို ပြောပါတယ်။

ရခိုင်ပြည် ကျိန္တလီမြို့တွင် သြဂုတ်လ ၁၁ရက် ညနေပိုင်းကတည်းက တိုက်ပွဲစတင်ဖြစ်ပွားခဲ့ပြီး ယခုအခါ စစ်ကောင်စီတပ်များသည် ကျိန္တလီကနေ ကုလားပြင် (ရတနာမြိုင်) သို့ ဆုတ်ခွာသွားပြီး ကြွေချိုင်သို့ ဆက်လက် ဆုတ်ခွာသွားတာ ဖြစ်ပါတယ်။

စစ်ကောင်စီက ကျိန္တလီမြို့ မကျဆုံးစေရန်အတွက် ကြည်း၊ ရေ၊ လေ ဖြင့် အသဲအသန် ခုခံခဲ့သော်လည်း သြဂုတ်လ ၁၃ရက်ညနေဘက်တွင် အကျအဆုံးများဖြင့် တပ်ဆုတ်ခွာသွားကြောင်း သိရပါတယ်။

စစ်ကောင်စီရဲ့ ကြည်း၊ ရေ၊ လေကြောင်းကနေ လက်နက်ကြီးဖြင့်ပစ်၊ ဗုံးကျဲမှုကြောင့် ကျိန္တလီမြို့ရှိ ရဲစခန်း၊ စည်ပင်ရုံး၊ လျှပ်စစ်ရုံး၊ အထက်တန်းစာသင်ကျောင်း နှင့် မြို့ပတ်အဝိုင်း အနီးဟာ ပျက်စီးမှုများပြီး အရပ်သားပြည်သူအချို့ သေဆုံးမှုရှိခဲ့ကြောင်း သိရပါတယ်။

ကျိန္တလီမြို့နေပြည်သူများကို အရပ်ဘက်အဖွဲ့အစည်းများက တိုက်ပွဲမဖြစ်ပွားခင် ရက်သတ္တပတ်အလိုကပင် ဘေးလွတ်ရာသို့ တိမ်းရှောင်ကြရန် နှိုးဆော်ထားပြီး အကူညီတောင်းသူများကို ကူညီပြောင်းရွှေ့ပေးခဲ့သဖြင့် အသက်သေဆုံးမှု နည်းခဲ့ကြောင်း အရပ်ဘက်အဖွဲ့အစည်းတွေက ဆိုပါတယ်။

ထို့အတူ ဆက်လက်ပြီး တိုက်ပွဲဖြစ်ပွားလာနိုင်သည့် ကုလားပြင်(ရတနာမြိုင်)၊ ကိုင်းခုံ၊ ကြွေချိုင်၊ မော်ရွှေဂျိုင်၊ ဂျိုင်ကောက်၊ ပိန္နဲကုန်း၊ ကမ်းသာယာ နှင့် ဆတ်သွား က ဒေသခံပြည်သူများကိုလည်း အမြန်ဆုံး ဘေးလွတ်ရာသို့ တိမ်းရှောင်ကြရန်လည်း အရပ်ဘက်အဖွဲ့အစည်းများက တိုက်တွန်းထားပါတယ်။

အာရက္ခတပ်တော်ရဲ့ ထိုးစစ်ဟာ ဂွမြို့နယ် အစကနေ တဖြည်းဖြည်းနဲ့ ဂွမြို့နားအထိ ရောက်ရှိလာပြီဖြစ်သောကြောင့် ဂွမြို့ဒေသခံပြည်သူ အများအပြားဟာ ဘေးလွတ်ရာသို့ တိမ်းရှောင်နေကြပြီး စစ်ကောင်စီရဲ့ ဌာနဆိုင်ရာ ဝန်ထမ်းများအားဟာလည်း ထွက်ပြေးသွားကြကြောင်း သိရပါတယ်။

Kay Zue

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *