Laywaddy FM

လေကြောင်းတိုက်ခိုက်မှုတွေကြောင့် သီတင်းကျွတ်ကာလ မှာ ရခိုင်ပြည်တွင်း ပွဲလမ်းသဘင်တွေ မလုပ်ဖို့ AA ထုတ်ပြန်

လေကြောင်းတိုက်ခိုက်မှုတွေကြောင့် သီတင်းကျွတ်ကာလ မှာ ရခိုင်ပြည်တွင်း ပွဲလမ်းသဘင်တွေ မလုပ်ဖို့ AA ထုတ်ပြန်

လေကြောင်းတိုက်ခိုက်မှုတွေကြောင့် သီတင်းကျွတ်ကာလ မှာ ရခိုင်ပြည်တွင်း ပွဲလမ်းသဘင်တွေ မလုပ်ဖို့ AA ထုတ်ပြန်

စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် လာမယ့် သတင်းကျွတ်ကာလမှာ လူစုလူဝေး ပွဲလမ်းသဘင်တွေမလုပ်ဖို့ အာရက္ခတပ်တော် AA က အောက်တိုဘာ ၇ ရက် ရက်စွဲနဲ့ ထုတ်ပြန် ထားပါတယ်။

ထုတ်ပြန်ချက်မှာ စစ်ကောင်စီရဲ့ အရပ်သားပြည်သူများအပေါ် ပစ်မှတ်ထားတိုက်ခိုက်မှုတွေကြောင့် ဝါကျွတ်ကာလ အတွင်းဘုန်းကြီးကျောင်းတွေမှာ လူစုလူဝေးလုပ်ပြီး ဉပုဒ် သီလစောင့်တာတွေ ၊ ပွဲလမ်းသဘင် တွေ ၊ စတိတ်ရှိုးတွေ ၊ ဇာတ်တွေ ကပြဖျော်ဖြေတာတွေ အပြင် ၊ ဆောင်းဘောက်တွေနဲ့ လှည့်လည် တာတွေ မလုပ်ဖို့ တားမြစ်ထုတ်ပြန်ထားပါတယ်။

မလိုအပ်တဲ့ အစုလိုက်အပြုံလိုက် ‌ေ-သဆုံးမှုတွေ မဖြစ်စေဖို့ ဒီထုတ်ပြန်ချက်ကို မြို့နယ်၊ ခရိုင် ၊ ကျေးရွာ အဆင့်ဆင့် လေးစားလိုက်နာကြဖို့ တိုက်တွန်းထားပါတယ်။

စစ်ကောင်စီ က အရပ်သားလူစုလူဝေး ရှိနေနိုင်တဲ့ နေရာတွေကို ဦးတည်တိုက်ခိုက်နေတာကြောင့် ရခိုင်ပြည်တွင်းမှာ ပြည်သူ့ဝန်ဆောင်မှုတွေ ပေးနေတဲ့ လူမှုအဖွဲ့အစည်းတွေ အနေနဲ့လည်း ပူးပေါင်းပါဝင်ကြဖို့ ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီဟာ ရခိုင်ပြည်က မြို့ ၅ မြို့ ကို တစ်ပတ်တွင်းမှာ ဆယ်ကြိမ်ခန့် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး အရပ်သား သုံးဆယ်ကျော်အထိ သေဆုံးခဲ့ပြီးဖြစ်ပါတယ်။

ရခိုင်ပြည်နယ် မြို့နယ် ၁၁ မြို့ ကို အာရက္ခတပ်တော် ‌AA က သိမ်းပိုက်ထားပြီးဖြစ်ပေမယ့် ဒီမြို့နယ်တွေ မှာ နေထိုင်တဲ့ အရပ်သားပြည်သူတွေ အတွက် လုံခြုံရေးစိန်ခေါ်ချက်တွေ ရှိနေတာ ဖြစ်ပါတယ်။

Kay Zue

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *