ယနေ့ Thursday, 12th December 2024
နောက်ဆုံးသတင်း

Post Widget 1

Heath Tips

  • In enim justo, rhoncus ut, imperdiet a
  • Fringilla vel, aliquet nec, vulputateDonec pede justo,  eget, arcu. In enim justo, rhoncus ut, imperdiet a, venenatis vitae, justo.Nullam dictum felis eu pede mollis pretium.

Post Widget 2

သံတွဲမြို့ အံတော်ရပ်ကွက် ကို စစ်ကောင်စီ လေကြောင်းက ဗုံးကြဲ

သံတွဲမြို့ အံတော်ရပ်ကွက် ကို စစ်ကောင်စီ လေကြောင်းက ဗုံးကြဲ

ဖိုးလပြည့် (လေးဝတီ FM )

အာရက္ခတပ်တော် AA ထိမ်းချုပ်မှုအောက်ကိုရောက်နေပြီဖြစ်တဲ့ သံတွဲမြို့ကို စစ်ကောင်စီက မနေ့ည က လေကြောင်းက ထပ်ပြီးတော့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ကနဉီးသတင်းရရှိပါတယ်။

သံတွဲမြို့ အံတော်ရပ်ကွက် က စစ်မှုထမ်းဟောင်းရုံး ၊ ပြည်ထောင်စုကြံ့ခိုင်ရေး နဲ့ ဖွံ့ဖြိုးရေး ရုံး ၊ အားကစားခန်းမ အဲ့ဒီနေရာတွေကို မနေ့ညက လေကြောင်းက တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ရှောင်တွေ ခိုအောင်းနေထိုင်နိုင်တဲ့ နေရာတွေ ကို ဦးတည်ပြီး တိုက်ခိုက်ခဲ့တာလည်းဖြစ်ပါတယ်။

အံတော် တံတား အဆင်းဘက်က ကြံ့ခိုင်ရေးရုံးပါတယ်၊ စစ်မှုထမ်းဟောင်းရပ်ကွက်လည်းပါတယ်၊ အထိအခိုက်လည်းများတယ် ” လို့ သံတွဲမြို့နဲ့ အဆက်အသွယ်ရရှိသူက လေးဝတီ FM ကို ပြောပါတယ်။

ဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့် အရပ်သား လူထိခိုက်မှုများ ၊ နောက်ဆက်တွဲ အခြေအနေ များကို လေးဝတီ FM က ဆက်လက် စုံစမ်းနေဆဲ ဖြစ်ပါတယ်။

အခု ရက်ပိုင်းမှာ ပြည်မ ဘက်က ‌ယာဉ်တွေ အဆက်မပြတ်တက်နေတာကို ကျတော်တို့ သတင်းအချက်အလက်တွေ ရပါတယ်။ မြေပြင်မှာ အနိုင်မရလို့ ဟောင်းလောင်းပွင့်နေတဲ့ ကောင်းကင်က နေ ပြီး ပြည်သူကို သ-တ် ဖြတ်နေတာ ဖြစ်ပါတယ်။ အဲ့ဒီလို လုပ်နေတာကို သူတို့ကနိုင်တယ်လို့ ယူဆပြီး လုပ်နေတာ ဖြစ်ပါ့တယ်။ ” စစ်ရှောင်တွေ အရေး အကူအညီပေးနေသူ ကိုဝေဟင်အောင်က လေးဝတီ FM ကို ပြောပါတယ်။

စက်တင်ဘာ ၂၆ ရက်ကလည်း သံတွဲမြို့စစ်ရှောင်တွေ နေထိုင်တဲ့ အဆောက်အအုံတွေကို စစ်ကောင်စီလေကြောင်းက တိုက်ခိုက်မှုကြောင့် အရပ်သား ၁၃ ဦးထိခိုက်သေဆုံးခဲ့ပါတယ် ။

ဓာတ်ပုံ – ပုံဟောင်း

Kay Zue

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *