အမ်း-နပခ ဌာနချုပ်ကို စစ်ကူလာတဲ့ စစ်ကြောင်းဟာ အမ်းမြို့အနီးက ရိုးအဆင်း လမ်းမပေါ်မှာ မိုင်းဆွဲတိုက်ခိုက်ခံရပြီး နှစ်ဖက်တိုက်ပွဲပြင်းထန်နေတယ်လို့ လေးဝတီ FM က သတင်းရရှိပါတယ်။
ဒီကနေ့ နိုဝင်ဘာ ၂၃ ရက် မနက် အစောပိုင်းမှာ အမ်းရိုးပေါ်က ဆင်းလာတဲ့ စစ်ကား ၂၂ စီးပါတဲ့ စစ်ကြောင်းကို အမ်းမြို့ အနီး မှာ အာရက္ခတပ်တော်က မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး စစ်ကားနှစ်စီးမီးလောင်ပျက်စီးခဲ့တယ်လို့ သတင်းရရှိပါတယ်။
“သူတို့စစ်ကြောင်းက လက်ဝဲနဲ့ လက်ယာ စစ်ကြောင်းနှစ်ကြောင်းပါတယ်။ ရိုးမလမ်းပေါ် က ပေါ်တင်လာတာ ၊ စစ်ကား ၂၂ စီး လူအင်အားအပြည့်ပါ ။ မှိုင်းခွဲခံရလို့ ကား ၂ စီးမီး လောင်တယ်။ အခုထိ နှစ်ဖက် အနီးကပ်တိုက်ပွဲ ဖြစ်နေတယ်” လို့ စစ်ရေးသတင်းရင်းမြစ်က လေးဝတီ FM ကို ပြောပါတယ်။
အင်အားချိနဲ့နေပြီဖြစ်တဲ့ နပခ ဌာနချုပ်ကို စစ်ကောင်စီဟာ စစ်ကူ အင်အား စစ်ကြောင်းတွေကို ခွဲပို့နေပြီး အင်အားစုစုးပေါင်းဟာ ၁၀၀၀ ဝန်းကျင်အထိ ရှိတယ်လို့ စစ်ရေး သတင်းရင်းမြစ်တွေ က သိရ ပါတယ်။
အဲ့ဒီစစ်ကြောင်းတွေ ကို အမ်း-ပဒါန်းလမ်းပိုင်းပေါ်မှာ လူထုတော်လှန်ရေးမဟာမိတ်အင်အားစု (PRA – Magway) တပ်ဖွဲ့က နိုဝင်ဘာ ၂၀ ရက်က တစ်ကြိမ် ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီ ၉ ဉီးသေဆုံးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
ဒါအပြင် နိုဝင်ဘာ ၂၂ ရက် က အမ်း-ပဒါန်းလမ်းပိုင်းပေါ်မှာ အင်အား ၅၀၀ ကျော်ပါတဲ့ ခြေလျင်စစ်ကြောင်းကို AA ကြားဖြတ်ဟန့်တား တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီ အင်အား ၆၀ ကျော်သေဆုံးခဲ့တယ်လို့ လေးဝတီ FM က သတင်းရရှိထားပါတယ်။
လူအင်အားအပြည့်နဲ့ အမ်းရိုးမပေါ်ကို ဆက်တက်သွားတဲ့ အမြန်စစ်ကြောင်းဟာ အမ်းမြို့ အနီး လပေါ်ရိုး တောင်တန်းပေါ်မှာ အခု လို ထပ်မံ ကြားဖြတ်တိုက်ခိုက်ခံရတာဖြစ်ပါတယ်။
အမ်း(နပခ) ဌာနချုပ်ရဲ့ အဓိက စစ်ရေးလှုပ်ရှားတဲ့ တပ်ရင်းတွေ ဖြစ်တဲ့ အမြှောက်တပ်ရင်း (၁) ခု ၊ ခြေလျှင်တပ်ရင်း (၃) ခု ကို အာရက္ခတပ်တော်က သိမ်းထားပြီးဖြစ်တဲ့ အတွက် လက်ရှိမှာ နပခ ဌာနချုပ်ထဲမှာ နောက်တမ်း အရံတပ်ရင်းတွေဟာ ကျန်ရှိတော့တာ ဖြစ်ပါတယ်။
အဉ္စနလီညှင်း ရေးသည်။
aarp recommended canadian pharmacies
discount drugs canada
canadian drugstore reviews
top rated canadian pharmacies online
canada online pharmacies