Laywaddy FM

လေကြောင်းက ‌လာပို့တဲ့ လက်နက်နဲ့ ရိက္ခာတွေ နပခ ထဲ မရောက်ဘဲ AA ဆီရောက်

လေကြောင်းက ‌လာပို့တဲ့ လက်နက်နဲ့ ရိက္ခာတွေ နပခ ထဲ မရောက်ဘဲ AA ဆီရောက်

အမ်း- နပခဌာချုပ်ထဲကို ရိက္ခာနဲ့ ကျည်ဆံတွေ ‌စစ်ကောင်စီက ဂျက်လေယာဉ် နှစ်စီး နဲ့ လာပို့ခဲ့ပေမယ့် ‌နပခထဲကို မရောက်ပဲ အပြင်ကိုရောက်ခဲ့တဲ့ အတွက်ရိက္ခာထုတ်အားလုံး AA ရရှိသွားတယ် လို့ သတင်းရရှိပါတယ်။

နပခ ဌာနချုပ် လက်အောက်က စားနပ်ရိက္ခာနဲ့ လက်နက်ဂိုဒေါင် မီးလောင်ပေါက်ကွဲပြီးနောက် နိုဝင်ဘာ ၂၁ ရက် ညနေပိုင်းက စစ်ရဟတ်ယာဉ် နှစ်စီး နဲ့ အမ်း နပခ ချုပ်ထဲကို လာရောက်ပို့ဆောင်ခဲ့တာဖြစ်ပါတယ်။

“လေယာဉ်ကို ပစ်ခံရမှာစိုးလို့ အမြင့်ကြီးက လေထီးနဲ့ ချတာ ၊ လေကြောင်း မသင့်လို့လား ဘယ်လိုဖြစ်လဲမသိဘူး၊ အဲ့ဒီအထုတ်တွေ အကုန်လုံးက နပခ ဌာနချုပ် အပြင်မှာချည်းပဲ AA က အကုန်သိမ်းလိုက်ပြီ “ လို့ ရှေ့တန်းသတင်းရင်းမြစ်က ပြောပါတယ်။

အမ်း နပခ ဌာနချုပ်ဟာ တပ်ရင်းတပ်မ အသီးသီးက နောက်ဆုတ်လာတဲ့ ခံစစ် တွေအားလုံး စုပေါင်းပြီး နပခ ဝင်းထဲ မှာ စုပေါင်း နေရာယူ ထားတာဖြစ်ပြီး AA ဟာ ဌာနချုပ်ရဲ့ အပြင်က နေ ပိိတ်ဆို့ထားတာလည်း ဖြစ်ပါတယ်။

အမ်း နပခ ဌာနချုပ်ရဲ့ တပ်ရင်းတပ်မ (၁၁) ခုကို AA က သိမ်းပိုက်ထားပြီး ဖြစ်ကာ ဒီကနေ့ နိုဝင်ဘာ ၂၂ ရက် နေ့ မှာတော့ နပခ-အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် ၊ လက်အောက်မှာ

(၁)ဆလအခွဲ (၁)(၉၄၆) – အမှတ် (၉၄၆) ဆောက်လုပ်ရေးအင်ဂျင်နီယာတပ်ခွဲ ၊

(၂)လလစ (၇၅၇/၂) – အမှတ် (၇၅၇/၂) လျှပ်စစ်အလုပ်ရုံတပ်ခွဲ ၊ ၊

(၃) ဆသလ (၉) – အမှတ် (၉) ဆက်သွယ်ရေးလုံခြုံမှုတပ်ရင်း ၊

(၄)အဆရ (၈) – အမှတ် (၈) အဆင့်မြင့်ဆက်သွယ်ရေးတပ်ရင်း ၊

(၅)တထခ (၁၀) – အမှတ် (၁၀) တပ်ထိန်းတပ်ခွဲ ၊

(၆) စအရ (၉၁၉) – အမှတ် (၉၁၉) စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်း စတဲ့ တပ်ရင်း ခြောက်ခုသာ ကျန်ရှိတော့တာ ဖြစ်ပါတယ်။

ဓာတ်ပုံ – ပုံဟောင်း

အမ်းချောင်းသူ (လေးဝတီ FM )ရေးသည်။

Kay Zue

Related Posts

13 thoughts on “လေကြောင်းက ‌လာပို့တဲ့ လက်နက်နဲ့ ရိက္ခာတွေ နပခ ထဲ မရောက်ဘဲ AA ဆီရောက်

  1. Need a multimedia system? equipment for meeting rooms We integrate multimedia systems for home and business. We install and configure audio and video systems, manage content, and integrate equipment into a single system. Modern solutions for comfortable and efficient use of technology.

Leave a Reply

Your email address will not be published. Required fields are marked *