Laywaddy FM

ဂွမြို့နယ် တိုက်ပွဲအတွင်း စစ်ကောင်စီ ၃၀၀ ကျော် သေဆုံးပြီး ၅၀ ကျော် အဖမ်းခံရ

ဂွမြို့နယ် တိုက်ပွဲအတွင်း စစ်ကောင်စီ ၃၀၀ ကျော် သေဆုံးပြီး ၅၀ ကျော် အဖမ်းခံရ

ရခိုင်ပြည်တောင်ဘက် အစွန်ဆုံးက ဂွမြို့နယ် အတွင်းတိုက်ပွဲတွေဟာ ပြင်းပြင်းထန်ထန်ဖြစ်နေဆဲပါတယ်။ ဒီတစ်ပတ် အတွင်းမှာ ဖြစ်ပွားခဲ့တဲ့ ဆပ်သွား နဲ့ ကင်းပုံကျေးရွာ အနီးက တိုက်ပွဲတွေ ကြောင့် စစ်ကြောင်စီ ၃၀၀ ရာကျော်သေပြီး ၅၀ ကျော် ဖမ်းဆီးခံရတယ်လို့ စစ်ရေးသတင်းရင်းမြစ်က လေးဝတီ FM ကို ပြောပါတယ်။

စစ်ကောင်စီဟာ ဂွ နဲ့ အမ်းတိုက်ပွဲတွေမှာ အသုံးပြုဖို့ စစ်မှုထမ်းသင်တန်းဆင်းလူငယ်တွေကို ခြေလျှင်စစ်ကြောင်မှာ အများစု အသုံးပြုနေပြီး အဲ့ဒီစစ်ကြောင်းတွေဟာ ကြားဖြတ်တိုက်ခိုက်ခံရတာတွေမှာ အများအပြားသေဆုံးကြရတယ်လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

“မနေ့က ကင်းပုံတိုက်ပွဲမှာတင် ၁၀၀ ကျော်လောက်သေပြီး ၅၀ က လက်ရဖမ်းစီးရမိတယ်၊ အဲ့ဒါကြောင့် လေကြောင်း က အပြင်းအထန်လာကြဲတာ၊” လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

နိုဝင်ဘာ ပထမ အပတ်က စပြီး ချင်းကုန်း ၊ ရွှေတွင်းတူး ၊ ရေသိုး ၊ ရွှေဉကွင်း ၊ ဘာလီချောင်း ၊ ကင်းပုံ စတဲ့ ကျေးရွာတွေမှာ တိုက်ပွဲတွေ ဖြစ်ပွားနေပြီး အဲ့ဒီတိုက်ပွဲတွေမှာ စစ်ကောင်စီ တပ်သား ၃၀၀ ကျော် သေဆုံးခဲ့ပြီး ဖြစ်တယ်လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

“တပ်သား ၃၀၀ လောက် ပြုတ်သွားပြီ၊ အများစုက ခြေလျှင်စစ်ကြောင်းတွေ ၊ ကင်းပုံဘုန်းကြီးကျောင်းမှ ဒဏ်ရာ ရတဲ့ စစ်သားတွေကို ပြီးခဲ့တဲ့ အပတ်က ဆေးကုခဲ့တယ် အဲ့မှာပဲ တပ်ချခဲ့တယ်အခုဆုတ်သွားပြီ “ လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

အာရက္ခတပ်တော် ဟာ ဆတ်သွား ၊ ဆင်ကူး၊ကျောင်းတောင် ၊ ရွှေဉကွင်း ၊ဘာလီချောင် ၊ ကင်းပုံ ၊တို့ကို သိမ်းပိုက်ထားပြီးဖြစ်ပါတယ်။

စစ်ကောင်စီဟာ ဂွမြို့နယ် တိုက်ပွဲအတွင်းမှာ ဧရာဝတီတိုင်းအခြေစိုက် အနောက်တောင်တိုင်းစစ်ဌာနချုပ် လက်အောက်က စစ်သားစုဆောင်းထားခံထားရတဲ့ ဒေသခံလူငယ်တွေကို အများအပြားပို့လွှတ်နေတယ်လို့ ဆိုပါတယ်။

ဂွမြို့နယ် အတွင်း တိုက်ပွဲတွေ ဟာ ဆက်လက်ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်ကူတွေဟာ စစ်ကြောင်းအနေ နဲ့ ဂွမြို့ ပတ်ဝန်းကျင်က ကျေးရွာကို လှည့်လည်နေတယ် လို့ သိရပါတယ်။

အဉ္စနလီညှင်း(လေးဝတီ FM)ရေးသည်။

Kay Zue

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *