ရခိုင်ပြည် သံတွဲ နဲ့ ဂွမြို့နယ် စစ်ရှောင်စခန်းတွေ မှာ ရှိတဲ့ အမျိုးသမီးရောဂါ ခံစားနေရသူများဟာ ကုသစရာ ဆေးဝါးမရှိတာကြောင့် တောဆေးဆရာ နဲ့ ကုသနေရတယ်လို့ သတင်းရရှိပါတယ်။
ဒါအပြင် အမျိုးသမီးလစဉ်သုံး ပစ္စည်းတွေနဲ့ အိမ်ထောင်ရှင် အမျိုးသမီးတွေအတွက် သန္ဓေ တားဆေးတွေလည်း အရေးပေါ်လိုအပ်နေတယ် လို့ ဒေသတွင်းကူညီနေသူတွေက ပြောပါတယ်။
“ရင်သားကင်ဆာ ၊ သားအိမ်ခေါင်းကင်ဆာ လိုမျိုး ရောဂါတွေက ဒီဘက်မှာ မှိုရောဂါလို့ ခေါ်တယ်၊ အဲ့ဒီမှိုကုတဲ့ ဆရာဆီမှာကုရတယ် ။ ခေတ်မှီဆေးဝါးတွေတော့မရှိဘူး ၊ သူ့ကိုပဲ အားထားရတယ်၊ သူ့ဆီကို မရောက်နိုင်တဲ့ လူတွေကတော့ ၊ တောက သစ်ဉ သစ်ဖု ဆေးဘက်ဝင်တယ် လို့ ကြားဖူးနားဝ ရှိတာတွေ ကြိုသောက်ကြရတာပေါ့ “ လို့ ဒေသတွင်း အကူအညီပေးရေး လုပ်ဆောင်နေသူ တစ်ဉီးက ပြောပါတယ်။
သံတွဲမြို့နယ် ရွှေလှေတိုက်နယ်က ရင်သားကင်ဆာရောဂါ ခံစားနေရတဲ့ အမျိုးသမီးတစ်ဦးဟာ ဒေသတွင်းမှာ ကုသဖို့တောင် ငွေကြေးအခက်အခဲ ဖြစ်နေတယ်လို့ သိရ ပါတယ်။
ဒါအပြင် ဂွမြို့နယ် ၊ ကျိန္တလီမြို့နယ်ခွဲ တို့က စစ်ရှောင်နေကြရတဲ့ အမျိုးသမီး တွေဟာ အမျိုးသမီး လစဉ်သုံး ပစ္စည်းတွေ အရေးပေါ်လိုအပ်နေတယ်လို့ ဆိုပါတယ်။
“ကြည့်ဖို့ မြင်ဖို့ မသင့်တော်တဲ့ အခြေအနေမျိုးဖြစ်နေကြတယ်၊ ကူညီတဲ့ အဖွဲ့တွေ သွားရင်တောင် မိန်းကလေးတွေက လာယူလို့မရဘဲ ခြုံဘုတ်ထဲမှာ ပုန်းနေကြတယ် ၊ ပြီးတော့ အိမ်ထောင်ရှင်တွေ အနေနဲ့လည်း သန္ဓေတားဆေးတွေ အရေးပေါ်လိုနေပါတယ် “ လို့ အကူအညီပေးရေး အဖွဲ့ဝင်တစ်ဦး က ပြောပါတယ်။
ရခိုင်ပြည်နယ်တွင်း ထပ်မံဖြစ်ပွားလာတဲ့ တိုက်ပွဲတွေကြောင့် ဒေသခံအများအပြားဟာ စစ်ဘေးရှောင်နေရသလို ၊ ဒေသတွင်းက ဆေးရုံ ဆေးခန်းတွေဟာလည်း
စစ်ကောင်စီက လေကြောင်းက ဗုံးကြဲပြီး ဖျက်ဆီးခြင်းခံထားရပါတယ်။
ဓာတ်ပုံ-RKE (GWA)
ငြိမ်းချမ်းစေ (လေးဝတီ FM )ရေးသည်။