Laywaddy FM

စစ်တွေ ရေတပ် လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်နေ(ပုဏ္ဏားကျွန်းမြို့ ကို သန်းခေါင်ယံအချိန် ဗုံးကျ)

စစ်တွေ ရေတပ် လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်နေ(ပုဏ္ဏားကျွန်းမြို့ ကို သန်းခေါင်ယံအချိန် ဗုံးကျ)

ရခိုင်ပြည် အမ်းမြို့က နပခ အခြေအနေတွေကြောင့် ကြောက်ရွံ့တုန်လှုပ်နေတဲ့ စစ်တွေမြို့အခြေစိုက် ဒကစ ဟာ စစ်တွေမြို့နဲ့ အနီးတစ်ဝိုက်ကို လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်နေပြီး အရပ်သားကျေးရွာတွေကို ကျရောက်ပေါက်ကွဲနေပါတယ်။

မနေ့က ဒီဇင်ဘာ ၁၇ ရက် ည ၁၁ နာရီခွဲမှာ စစ်တွေမြို့ အနီး ပုဏ္ဏားကျွန်းမြို့နယ် ပဒေသကျေးရွာကို စစ်ကောင်စီ ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျရောက် ပေါက်ကွဲခဲ့ပြီး အရပ်သားတစ်ဦးသေဆုံးပြီး သုံးဦး ဒဏ်ရာ ရရှိခဲ့ပါတယ်။

“ပေါင် ၅၀၀ ဗုံးတွေ ကျတာ တစ်ယောက်သေပြီး၊ သုံးယောက်ဒဏ်ရာ ရသွားတယ်၊ ဒဏ်ရာ ရတဲ့ သူတွေက လည်း တော်တော်ပြင်းထန်တယ်။ ” လို့ သတင်းရင်းမြစ်က လေးဝတီ FM ကို ပြောပါတယ်။

ညသန်းခေါင်ယံအချိန်မှာ အရပ်သားကျေးရွာတွေထဲကို လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့တဲ့ အတွက် ပဒေသာရွာ အသက် ၅၉ နှစ် နာမည်က ဦးမောင်ယဉ်သာ ဆိုတဲ့ သက်ကြီးပိုင်းအမျိုးသားတစ်ဦးသေဆုံးခဲ့ခြင်းဖြစ်ပါတယ်။

ဒါအပြင် ပဒေသာကျေးရွာက ဒေါ်မသိမ်းနု ၊ ကျော်သိန်းနု ၊ ဘုမချေ တို့ သုံးဦးဟာလည်း အပြင်းအထန် ဒဏ်ရာ ရရှိခဲ့ပါတယ်။

ဒါအပြင် ရခိုင်ပြည်နယ် သံတွဲမြို့ကိုလည်း ဒီဇင်ဘာ ၁၇ ရက် နေ့လည် ပိုင်းက လေကြောင်း တိုက်ခိုက်ခဲ့ပြီး နေအိမ် သုံးလုံးခန့် ပျက်စီးကာ အမျိုးသမီး တစ်ဦး အပြင်းအထန် ဒဏ်ရာ ရရှိခဲ့ပါတယ်။

စစ်ကောင်စီဟာ မျက်နှာချင်းဆိုင်ရင်ဆိုင်နေရတဲ့ စစ်မျက်နှာတွေ မှာ အကြီးအကျယ် ရှုံးနိမ့်နေတဲ့ အတွက် လွတ်မြောက်နယ်မြေတွေကို ဦးတည်တိုက်ခိုက်လာတာလည်းဖြစ်ပါတယ်။

ပုဏ္ဏားကျွန်းမြို့ကို မတ်လအတွင်းက အာရက္ခတပ်တော်က အလုံးစုံသိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။

ဓာတ်ပုံ- ပုံဟောင်း

အဉ္စနလီညှင်း (လေးဝတီ FM)ရေးသည်။

Kay Zue

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *