ရခိုင်ပြည် ဂွမြို့ ပေါ်မှာရှိတဲ့ ဌာနဆိုင်ရာ ရုံးတွေ နဲ့ အတူ အဓိက ထိုးစစ်ဆင်နေတဲ့ ခမရ ၅၆၃ ကို အာရက္ခတပ်တော်က သိမ်းပိုက်လိုက်ပြီဖြစ်တယ်လို့ သတင်းရရှိပါတယ်။
ဒီကနေ့ ဒီဇင်ဘာ ၂၀ ရက်မနက်ပိုင်းမှာ ခမရ ၅၃၆ အတွင်းက ခုခံနေတဲ့ ဂွမြို့ပေါ်မှာရှိတဲ့ ထွေအုပ်ရုံးအပါအဝင် ၊ မီးသတ် ၊ ရဲစခန်း ၊ လဝကစတဲ့ ဌာနဆိုင်ရာ ရုံးအားလုံးကို ထိန်းချုပ်လိုက်ပြီး တပ်ရင်းအတွင်းက ခုခံနေတဲ့ စစ်သုံ့ပန်း ၄၀ ကျော်ကိုလည်း လက်ရဖမ်းဆီးခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
“စစ်ကောင်စီ တပ်သား ၄၀ ကျော်ဖမ်းမိထားတယ်၊ တချို့ကျန်တဲ့ လူတွေက ၅၆၂ မှာ ပူးပေါင်းသွားတယ်” လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
ခမရ ၅၆၃ ဟာ သံတွဲ-ဂွကားလိုင်းပေါ်မှာ ရှိပြီး စစ်အင်အား အများအပြားကို စုဝေးထားတဲ့နေရာလည်းဖြစ်ပါတယ်။
ခမရ ၅၆၃ နဲ့ မနီးမဝေးမှာ ခမရ ၅၆၂ တပ် က ဆက်လက်ခုခံနေဆဲ ဖြစ်တယ်လို့ သိရပါတယ်။
ဂွမြို့မ ရဲစခန်းကို ဒီဇင်ဘာ ၁၉ ရက်မှာ AA က သိမ်းပိုက်ခဲ့ပြီး ဖြစ်ပါတယ်။
ဂွမြို့ ခမရ ၅၆၃ ကို သိမ်းပိုက်ပြီးနောက်မှာ ဂျက်ဖိုက်တာ တွေ နဲ့ မြို့ပေါ်ကို ဗုံးကြဲတိုက်ခိုက်နေတယ်လို့ဆိုပါတယ်။
ဂွမြို့ဟာရခိုင်ပြည် တောင်ဘက် အစွန်ဆုံးက ပြည်နယ်ထွက်ပေါက်မြို့ဖြစ်ပြီး ဧရာဝတီ တိုင်းနဲ့ နယ်မြေချင်းထိစပ်နေပါတယ်။
အာရက္ခတပ်တော်ဟာ ဂွမြို့ကို စစ်ကောင်စီ စစ်ကူ ထပ်မရောက်စေရေးအတွက် ဂွရိုးပေါ်မှာ ရှိတဲ့ ဗေဒါစစ်ဆေးရေးဂိတ်ကိုလည်း ထိုးစစ်ဆင် သိမ်းပိုက်ပြီးဖြစ်တယ်လို့ သိရပါတယ်။
အဉ္စနလီညှင်း (လေဝတီFM)
yacht charter Montenegro https://rent-a-yacht-montenegro.com
дружина принца xxi століття возвращение на дикий пляж