Laywaddy FM

ရွှေသောင်ယံကမ်းခြေ ဘောမိအထက်ပိုင်းကို အာရက္ခတပ်တော် သိမ်းပိုက်ထား (အကျအဆုံးတွေနဲ့ စစ်ကောင်စီနောက်ဆုတ်)

ရွှေသောင်ယံကမ်းခြေ ဘောမိအထက်ပိုင်းကို အာရက္ခတပ်တော် သိမ်းပိုက်ထား (အကျအဆုံးတွေနဲ့ စစ်ကောင်စီနောက်ဆုတ်)

ဧရာဝတီတိုင်း ရွှေသောင်ယံကမ်းခြေအနီးက ဘောမိရွာအထက်ပိုင်း(ချောင်းဖျား) ကို အာရက္ခတပ်တော်က သိမ်းပိုက်ထားပြီး အကျအဆုံးတွေနဲ့ စစ်ကောင်စီ စစ်ကြောင်း နောက်ဆုတ်သွားတယ်လို့ သတင်းရရှိပါတယ်။

ရွှေသောင်ယံကမ်းခြေ ဘောမိအထက်ချောင်းဖျားဘက်ကနေ တိုက်ပွဲစတင်ခဲ့ပြီး စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြားမှာ မြေပြင်တပ်စခန်းတွေကို ဇန်နဝါရီ ၁၆ ရက်က ထိမ်းချုပ်လိုက်တယ် လို့ဆိုပါတယ်။

“ဘောမိအထက်ပိုင်းကို AA ဘက်က ထိန်းလိုက်တဲ့အချိန်မှာ မကျည်းဇင်နဲ့ ဂွဘက်ကမ်းခြေတစ်လျှောက်ကို လေကြောင်းလာကြဲတာ မွမွကြေအောင်ကြဲသွားတာ ၊ မီးတွေလောင်နေပါတယ်” လို့ ရွှေသောင်ယံ စစ်ရှောင် တစ်ဦးက ပြောပါတယ်။

တိုက်ပွဲတွေကြောင့်လို့ ဘောမိ အထက်ပိုင်းဒေသခံတွေဟာ သပေါ့ကန်၊ သဲကုန်း၊ အုန်းချောင်းနဲ့ ရွှေသောင်ယံရပ်ကွက်တွေမှာ စစ်ဘေးရှောင်နေကြတယ်လို့ ဆိုပါတယ်။

ဘောမိကျေးရွာအုပ်စု ဟာ အထက်ချောင်းဖျားပိုင်းနဲ့ ဘောမိအောက်ပိုင်းဆိုပြီး ရွာတန်းရှည်များ ရှိနေတာဖြစ်ပါတယ်။

အဲ့ဒီဘောမိအောက်ဘက်အခြမ်းမှာ သဲကျင်း၊ ပိုးလောင်း ၊ကျွန်းချောင်း၊ ဝက်သေ ၊သပေါ့ကန်၊ သဲကုန်း ၊အုန်းချောင်း စသဖြင့် ရွာချင်းဆက် ကျေးရွာတွေ ရှိနေတာပါ။

ရွှေသောင်ယံကမ်းခြေဟာ မြို့နယ်ခွဲတစ်ခုစာကျယ်ပျံ့တဲ့ ကမ်းရိုးတန်းပင်လယ်ကွေ့တစ်ခုလည်းဖြစ်ပါတယ်။

အာရက္ခတပ်တော်ဟာ ရွှေသောင်ယံကမ်းခြေတစ်လျှောက်မှာ ရှိတဲ့ ကျေးရွာတွေကို ထိုးစစ်ဆင်နေပြီး ၊ ဂွနဲ့ ကမ်းခြေချင်းစပ်နေတဲ့ မကျည်းဇင် က နေ စတင်ထိုးစစ်ဆင်လာခဲ့တာဖြစ်ပါတယ်။

ဓာတ်ပုံ- ဇန်နဝါရီ ၁၇ ရက်မှာ မကျည်းဇင် နဲ့ ဂွကမ်းခြေကို လေကြောင်းတိုက်ခိုက်ခဲ့တဲ့ မြင်ကွင်း

အမ်းချောင်းသူ (လေးဝတီ FM)

Kay Zue

Related Posts

One thought on “ရွှေသောင်ယံကမ်းခြေ ဘောမိအထက်ပိုင်းကို အာရက္ခတပ်တော် သိမ်းပိုက်ထား (အကျအဆုံးတွေနဲ့ စစ်ကောင်စီနောက်ဆုတ်)

  1. For those seeking an exceptional online gaming experience, us.com](https://maxispin.us.com/) stands out as a premier destination. At Maxispin Casino, players can enjoy a vast array of pokies, table games, and other thrilling options, all accessible in both demo and real-money modes. The casino offers attractive bonuses, including free spins and a generous welcome offer, along with cashback promotions and engaging tournaments. To ensure a seamless experience, Maxispin provides various payment methods, efficient withdrawal processes, and reliable customer support through live chat. Security is a top priority, with robust safety measures and a strong focus on responsible gambling tools. Players can easily navigate the site, with detailed guides on account creation, verification, and payment methods. Whether you’re interested in high RTP slots, hold and win pokies, or the latest slot releases, Maxispin Casino delivers a user-friendly and secure platform. Explore their terms and conditions, read reviews, and discover why many consider Maxispin a legitimate and trustworthy choice in Australia.
    By leveraging AI technology, MaxiSpin.us.com ensures that your content stands out in a competitive market.

    **Features of MaxiSpin.us.com**
    The platform also features a built-in editor, allowing users to make immediate adjustments for the best outcomes.

    **Benefits of Using MaxiSpin.us.com**
    MaxiSpin.us.com is equally beneficial for individuals and small businesses.

Leave a Reply

Your email address will not be published. Required fields are marked *