Laywaddy FM

စစ်တွေမြို့ ဖမ်းဆီးခံရတဲ့ အရပ်သားတချို့ ဒကစ စစ်ကြောရေးမှာ သေဆုံးမှုရှိ(အလောင်းကို မိသားစုကိုပြန်မပေး)

စစ်တွေမြို့ ဖမ်းဆီးခံရတဲ့ အရပ်သားတချို့ ဒကစ စစ်ကြောရေးမှာ သေဆုံးမှုရှိ(အလောင်းကို မိသားစုကိုပြန်မပေး)

ရခိုင်ပြည်၊ စစ်တွေမြို့ ရဲစခန်းတွင် ဖမ်းဆီးခံထားရတဲ့ ဒေသခံတွေကို ဒကစ စစ်ကြောရေးကို ခေါ်ဆောင်သွားပြီး သေဆုံးသည်အထိ ရိုက်နက် စစ်ဆေးနေတယ်လို့ သတင်းရရှိပါတယ်။

စစ်တွေမြို့ စံပြရပ်ကွက်မှာနေထိုင်တဲ့ ဦီးကျော်လင်း (၅၀ ) နှစ် နဲ့ အတူ လူငယ်တချို့ဟာ ဒကစ စစ်ကြောရေး မှာ ရိုက်နက်စစ်ဆေးတာကြောင့် သေဆုံးခဲ့တယ်လို့ တပ်မိသားစု အသိုင်းအဝိုင်းက သိရပါတယ်။

“ဦးကျော်လင်းက ၁၉ ရက်နေ့က ဖမ်းခံရတာ နောက်ရက်ဆို စစ်ကြောရေးမှာ ရိုက်လို့ သေသွားတယ်၊ တခြားလူငယ်တွေကိုလည်း ရိုက်လိုက် သတ်လိုက် နဲ့ သေတဲ့ လူ တွေ ထပ်ပြီးရှိနေတယ်၊ သူတို့ဖမ်းသွားပြီ ဆိုရင် လုံးဝ အဆက်အသွယ်မရတော့ဘူး လေ “ လို့ သတင်းရင်းမြစ်က ပြောပါတယ်။

စစ်တွေမြို့မှာ ဇန်နဝါရီ လ အစပိုင်းက စတင်ပြီး ဒေသခံ အမျိုးသားတွေကို ပုံစံအမျိုးမျိုးနဲ့ ဖမ်းဆီးခေါ်ဆောင်ပြီး စစ်ကြောရေးကို ပို့နေတာဖြစ်ပါတယ်။

” စရဖ အထဲကိုစစ်ဆေးဖို့ ညည့်ဘက်တွေ ခေါ်တာ။ အဓိက လူငယ်ပိုင်းတွေများတယ်။ ဘယ်လိုစစ်တယ်ဘာတွေလုပ်လေကိုတော့ အသေးစိတ်တော့မသိရဘူး။ အဓိက စရဖ နဲ့ စသုံးလုံးက စစ်‌ နေတာ “ လို့ နောက်ထပ် သတင်းရင်းမြစ် တစ်ဦးက ပြောပါတယ်။

ဒီဇင်ဘာလ နဲ့ ဇန်နဝါရီလအတွင်းမှာ စစ်တွေ မြို့နယ် ရပ်ကွက် အသီးသီး ကဖမ်းဆီးခေါ်ဆောင်ထားတဲ့ လူငယ် သုံးဆယ်ကျော်ကို အမှတ် (၁) ရဲစခန်းက နေ ဒကစ စစ်ကြောရေးကို ပို့ထားတာဖြစ်ပါတယ်။

တချို့ ဖမ်းဆီးခံထားရသူတွေဟာ စစ်ကြောရေးမှာ တစ်ပတ်ကျော်ကြာမြင့်ပြီ ဖြစ်ပြီး သတင်းအချက်အလက် နဲ့ အဆက်အသွယ် ပြတ်တောက်နေတယ်လို့ ဆိုပါတယ်။

အဲ့ဒီဖမ်းဆီးခံရသူတွေဟာ ခန္ဓာကိုယ်မှာ အာရက္ခအမှတ်အသား တစ်ခုခု ပါတဲ့ တက်တူးထိုးထားတာ ၊ ၁၁/စတ မဟုတ် (စစ်တွေမြို့ခံ)မဟုတ်တာ စတဲ့ အကြောင်းပြချက်တွေနဲ့ ဖမ်းဆီးခံထားရသူဖြစ်ပါတယ်။

စစ်တွေမြို့မရဲစခန်းထဲမှာ လည်း စစ်ကောင်စီ က မတရားဖမ်းဆီးထားသူ ရာနှင့်ချီရှိနေပြီး ရဲစခန်း မဆံ့တဲ့အတွက် တချို့ကို အကျဉ်းရုံးသို့ ပို့ဆောင်ထားရတယ်လို့ ထောင်တွင်း နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ် ဆီက သိရပါတယ်။

၂၀၂၄ မတ်လအတွင်းက သတင်းထောက်အပါအဝင် အရပ်သား (၇) ဦးကို မြောက်ဦး ခလရ -၃၇၈ တပ်ရင်း နဲ့ မြောက်ဦးရဲ တပ်ဖွဲ့တို့ ပူးပေါင်းပြီး သ-တ်ဖြတ် အလောင်းဖျောက်တဲ့ ဖြစ်စဉ်
ဖြစ်ပွားခဲ့ပါသေးတယ်။

Kay Zue

Related Posts

5 thoughts on “စစ်တွေမြို့ ဖမ်းဆီးခံရတဲ့ အရပ်သားတချို့ ဒကစ စစ်ကြောရေးမှာ သေဆုံးမှုရှိ(အလောင်းကို မိသားစုကိုပြန်မပေး)

  1. Приветствую! Очень актуальная тема — как не попасть на халтурщиков. Здесь такой момент: легко нарваться на брак. Вот надёжные: монтаж ПВХ мембраны. Как правило качество зависит от бригады. Ну вот сварка швов — это ключевые моменты. Не рекомендую: проверять портфолио. Значит надёжная бригада — залог долговечной кровли. Что в итоге: это работает избежать проблем.

Leave a Reply

Your email address will not be published. Required fields are marked *