Tag: Sittwe

စစ်တွေမြို့ ဖမ်းဆီးခံရတဲ့ အရပ်သားတချို့ ဒကစ စစ်ကြောရေးမှာ သေဆုံးမှုရှိ(အလောင်းကို မိသားစုကိုပြန်မပေး)
ရခိုင်ပြည်၊ စစ်တွေမြို့ ရဲစခန်းတွင် ဖမ်းဆီးခံထားရတဲ့ ဒေသခံတွေကို ဒကစ စစ်ကြောရေးကို ခေါ်ဆောင်သွားပြီး သေဆုံးသည်အထိ ရိုက်နက် စစ်ဆေးနေတယ်လို့ သတင်းရရှိပါတယ်။ စစ်တွေမြို့ စံပြရပ်ကွက်မှာနေထိုင်တဲ့ ဦီးကျော်လင်း (၅၀ ) နှစ် နဲ့ အတူ လူငယ်တချို့ဟာ ဒကစ စစ်ကြောရေး မှာ ရိုက်နက်စစ်ဆေးတာကြောင့်…

အာရက္ခတပ်တော် AA ထိုးစစ်ကို ခုခံဖို့ စစ်တွေ ဒကစ ပြင်ဆင်ထားတဲ့ ခံစစ်ဗျူဟာများ
တိုက်ပွဲအရိပ်အယောင်တွေ ဖြစ်ပေါ်စပြုလာတဲ့ စစ်တွေမြို့ မှာ အာရက္ခတပ်တော် AA ရဲ့ ထိုးစစ်ကို ခုခံဖို့ စစ်ကောင်စီဘက်က ရေတပ်ကို အဓိက အားထားပြင်ဆင်ထားတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေ ဆီက သတင်းရရှိပါတယ်။ စစ်ကောင်စီရေတပ်ဟာ ရွှေမင်းဂံ ၊ဆတ်ရိုးကျ ၊ မင်းဂံ၀၊ စစ်တွေပွိုင့် ၊ ပေါက်တောမြစ်ဝ ၊…

စစ်တွေအမြောက်တပ် က နေ AA ထိမ်းချုပ်နယ်မြေတွေကို အမြှောက်နဲ့ လှမ်းပစ်နေ (ပေါက်တော ဒေသခံတစ်ဦးသေဆုံး)
ရခိုင်ပြည် ၊ စစ်တွေမြို့အခြေစိုက် အမြှောက်တပ် ၃၄၄ ကအမြှောက်နဲ့လှမ်းပစ်နေပြီး အာရက္ခတပ်တော် ထိမ်းချုပ်နယ်မြေ ဖြစ်တဲ့ ကျောက်တော်မြို့ နယ်က ဒေသခံအမျိုးသမီး တစ်ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။ ဒီဇင်ဘာ ၂၇ ရက် ညပိုင်းက စစ်တွေမြို့ ပွိုင့်ကမ်းခြေမှာ နေရာယူထားတဲ့ အမှတ် ၃၄၄ အမြှောက်တပ်က နေ…

ဩဂုတ်လ ၁၅ ရက် ညပိုင်းက ကျိန္တလီမြို့ကို စစ်ကောင်စီ ဗုံးကြဲခဲ့ တဲ့အတွက် မြို့ထဲက ဆေးရုံ ပျက်စီးခဲ့တဲ့ မြင်ကွင်း ဖြစ်ပါတယ်။
စစ်ကောင်စီ ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် တရက်တည်း မှာပဲ ကျိန္တလီ မြို့တွင်းက ခရစ်ယန်ဘုရားကျောင်း ကို ထိမှန်ခဲ့ပါသေးတယ်။ အဲ့ဒီမှာ စစ်ရှောင်နေတဲ့ အရပ်သား ပြည်သူ ၁၀ ဉီးသေဆုံးခဲ့ ပြီး နောက်ထပ် ၁၀ ဉီးထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။