Laywaddy FM

ရခိုင်ပြည်ကို ပြန်ဝင်နေတဲ့ စစ်ရှောင်တွေဆီက စစ်ကောင်စီ အကြွင်းအကျန်တွေ တောလမ်းကဖြတ်ပြီး ဓားပြတိုက်နေ

ရခိုင်ပြည်ကို ပြန်ဝင်နေတဲ့ စစ်ရှောင်တွေဆီက စစ်ကောင်စီ အကြွင်းအကျန်တွေ တောလမ်းကဖြတ်ပြီး ဓားပြတိုက်နေ

စစ်ရှောင်ဒေသတွေကနေ ရခိုင်ပြည်တွင်းကို ပြန်ဝင်လာကြတဲ့ စစ်ဘေးရှောင်မိသားစုတွေကို တောလမ်းတွေကနေ ဖြတ်ပြီး ဓားပြတိုက် တဲ့ ဖြစ်စဉ်တွေ ဖြစ်ပွားနေတယ်လို့ နစ်နာသူ ကာယကံရှင်တွေ ဆီက သတင်းရရှိပါတယ်။

ရခိုင်ပြည် အမ်း တောင်ကြားလမ်း နဲ့ တောင်ကုတ်တောင်ကြားလမ်းပိုင်းတွေ မှာ အာရက္ခတပ်တော်နဲ့ စစ်ကောင်စီတို့ တိုက်ပွဲတွေ
ဖြစ်ပွားနေဆဲဖြစ်ပြီး ပြည်တော်ပြန် စစ်ဘေးရှောင်တွေဟာ ရခိုင်ရိုးမကို တောလမ်းခရီးက ကျော်ဖြတ်လာကြရတာဖြစ်ပါတယ်။

ဇန်နဝါရီလ ၆ ရက်က တောင်ကုတ်- ပန်းတောင်း လမ်းပိုင်းပေါ်က မှတ်တိုင်ကြောနေရာတစ်ခုမှာ တောင်ကုတ်ကို ပြန်တဲ့ မိသားစုဝင်တွေနဲ့အတူ လမ်းပြအဖွဲ့ဟာ အခုလို ဓားပြတိုက်ခံခဲ့ရတာ ဖြစ်တယ်လို့ နစ်နာသူတွေက ပြန်ပြောပြပါတယ်။

“တောလမ်းကနေ အနည်းဆုံး တစ်ပတ်လောက် ခြေလျှင်လျှောက်ပြီး ရခိုင်ကိုပြန်ဝင်ကြတယ်။ ကျွန်တော်တို့က အခကြေးငွေယူပြီး ပစ္စည်းတွေသယ်ပေးတယ်၊ လမ်းပြခေါ်ပေးတယ်၊ အဲ့ဒီမှာ ရိုးထဲမှာ ရှိတဲ့ စစ်ကောင်စု အုပ်စုအကြွင်းအကျန်တွေက ဓားပြဖြတ်တိုက်တာပါ ၊ ပါလာတဲ့ ရွှေတွေ ငွေတွေ အကုန်သိမ်းပါတယ်” လို့ နစ်နာသူ မိသားစုဝင်တစ်ဦး က ပြောပါတယ်။

ရခိုင်ပြည်ကို ပြန်ဝင်လာတဲ့ မိသားစုတွေဟာ တိုက်ပွဲအခြေအနေ ပေါ်မူတည်ပြီး ဖြတ်သန်းသွားလာနေကြပြီး နယ်မြေကျွမ်းကျင်သူတွေကို တစ်ဦးလျှင် ၁၀ သိန်းကနေ သိန်း ၂၀ ကြား ပွဲစားခ ပေးရတာဖြစ်ပါတယ်။

ရခိုင်ပြည်က ခေတ္တတိမ်းရှောင်နေတဲ့ စစ်ရှောင်တွေဟာ ပြည်မမှာ နေထိုင်ရတာ ခက်ခဲကြပ်တည်းလာတာ နဲ့ အမျှ မိမိနေရပ်ကို ရတဲ့ နည်းနဲ့ ပြန်လည်ဝင်ရောက်နေကြတာလည်းဖြစ်ပါတယ်။

“ဒီလထဲမှာဘဲ ဉသျှစ်ပင်ဘက် ကနေ ပြန်ဝင်လာတဲ့ စစ်ရှောင်တွေ နဲ့ အတူသွားတဲ့အခါ ၊ တောလမ်းမှာ စစ်ကောင်စီ ၈ ယောက် ဆင်းလာပြီး ဓားပြတိုက်တယ်၊ ပါလာတဲ့ ပစ္စည်းတွေကို လုယူတယ်၊ AA ကို ပြောရင် သတ်ပစ်မယ်လို့ပြောတယ်” လို့ အဲ့ဒီလမ်းပိုင်းပေါ်မှာ လမ်းပြလုပ်နေသူ တစ်ဦးက ပြောပါတယ်။

အဲ့ဒီလို ပွဲစားနဲ့ ကုန်စည်ကူးသန်းသူတွေ ၊ ပြည်တော်ပြန်ဝင်သူတွေကို အောက်လမ်းက သွားတယ်လို့ လည်း ဒေသတွင်းမှာ ခေါ်ဝေါ်နေကြတာလည်းဖြစ်ပါတယ်။

ရခိုင်ပြည်မှာ ကုန်စည်ရှားပါးပြတ်လတ်နေပြီး ဒေသခံအချို့ဟာ ဆေးဝါးနဲ့ သယ်ယူရလွယ်တဲ့ ကုန်စည်တွေကို တောလမ်းကနေ သယ်ယူရောင်းချ နေတာမျိုးလည်းရှိတယ်လို့ ဆိုပါတယ်။

အမ်း နပခ ဌာနချုပ်နဲ့ တောင်ကုတ် စကခ (၅) လက်အောက်ခံတပ်ရင်းတိုက်ပွဲတွေကနေ ထွက်ပြေးပြီး ရခိုင်ရိုးမ တောထဲမှာ ပုန်းခိုနေတဲ့ စစ်ကောင်စီတပ်သားတွေဟာ တောလမ်းအသုံးပြု ရောင်းဝယ်ဖောက်ကားသူတွေ နဲ့ သွားလာသူတွေကို ပစ်မှတ်ထားနေတာဖြစ်ပါတယ်။

အဉ္စနလီညှင်း
လေး၀တီ(FM)

Kay Zue

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *